Tuesday, May 10, 2011

မီးကိုတိုးတဲ့ ပိုးဖလံ

ခွေးကလေးခုန်လို့
ဖုန်မထပါဘူး.ငါ့ညီ။

ကမ္ဘာကြီးကပြားနေတယ်ဆိုပြီး
လူ့လောက လက်တွေ့ဘ၀ထဲကို
အမျိုးသားရေးကြွေးကြော်သံတွေနဲ့
မင်းဝင်ဘို့အချိန်မတန်သေးဘူး။

ဖားမှန်ရင် အဖတ်မစားဘူး
ခြင်္သေ့မှန်ရင် မြက်မစားဘူးတဲ့ ငါ့ညီ။

အဲဒီတော့
လူ့လောက လက်တွေ့ကျကျဘ၀ထဲကို
မင်းတိုးဝင်လာခဲ့ပြီးမှတော့
အသားညှပ်ပေါင်မုန့်တချပ်အတွက်
လျှော်ဈေးပေါင်မုန့်တွေနဲ့ ရျန်းကန်နေရဆဲ
မင်းရဲ့ဘ၀ကို မင်းမေ့ဘို့ အချိန်မတန်သေးဘူး။

မြစ်မှန်ရင် မြင့်ရာမှနိမ့်ရာသို့စီးဆင်းကြရစမြဲ
လူမှန်ရင် စည်းနှစ်ဖက်ရဲ့အကြားမရပ်သင့်ဘူးလို့
ဆိုကြပြန်သတဲ့ ငါ့ညီ။

ဒီတော့ကာ
မင်းဟာ လူ့ပေါက်ပန်းမှမဖြစ်သေးတာ
အချိန်ရှိပါသေးတယ်။

ထောင်ကျမဲ့ အမျိုးသားရေးကိုမလုပ်ဘဲနဲ့
ထောင်ကြောက်တရားတွေဟောနေတဲ့
ထောင်နဲ့ဝေးရာတနေရာမှာ
ပရောဂျက်အမျိုးသားရေးလူတစုရဲ့စပျစ်ရေချိုစကားနောက်
မင်းလိုက်ဘို့အချိန် မတန်သေးဘူး။

လုံးပြီးဝိုင်းနေတဲ့ကမ္ဘာကြီးအား
ပြားနေတဲ့လို့ မင်းယုံကြည်လေအောင်
ပျားရေချိုချိုစကားလုံးလှလှတွေရဲ့နောက်က
မင်းအားချကျွေးလိုက်မဲ့ ထောင်ကြောက်အမျိုးသားလူတစုရဲ့
ထမင်းတဆုပ်ကိုမင်းသိဖို့ကောင်းတယ် ငါ့ညီ။

ပတ္တမြားမှန်ရင်နွံထဲ မနစ်ဘူးလို့မင်းယုံကြည်ရင်ဖြင့်.....
အပြစ်ကင်းသော အေးမြတဲ့အလင်းတန်းကို
ဆောင်ကြည်ပေးနေလေတဲ့ လပြည့်ဝန်းနှဘေးက ကြယ်လေးတပွင့်အဖြစ်
အပင်ပေါ်မှာလည်း ဝေကာမွှေး၍
မြေပေါ်ကြွေကာကျလည်း ရနံ့မပြယ်
လောကရဲ့အေးမြတဲ့မွှေးရနဲ့ကို
ဆောင်ကြည်ပေးနေလေတဲ့ ဇရပ်အိုနှဘေးက ခရေလေးတပွင့်အဖြစ်
ငါ့ညီစွမ်းဆောင်နိုင်ပါစေ။ ။
သာထွန်းမွန်

Friday, May 6, 2011

အမေရိကန်နဲ့ဆက်ဆံရေး ပြန်စဉ်းစားဖို့ ပါကစ္စတန် ခြိမ်းခြောက်ပြောဆို

General Ashfaq Kayani
နောက်ထပ်အချုပ်အခြာအာဏာချိုးဖောက်တာ ရှိလာမယ်ဆိုရင် အမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်တာကို ပြန်လည် သုံးသပ်ရပါမယ်လို့ ပါကစ္စတန်တပ်မတော်က ပြောဆိုလိုက်ပြီး ပါကစ္စတန်နဲ့အမေရိကန်ဆက်ဆံရေးအခြေအနေဟာ တင်းမာတဲ့အခြေအနေမှာ ရှိနေပါတယ်။ ဒီသတိပေးချက်ဟာ အယ်ခေးလ်ဒါခေါင်းဆောင် ဘင်လာဒင် သုတ်သင်ရှင်း ရေးအတွက် ပါကစ္စတန်ပိုင် နက်နယ်မြေထဲကို အမေရိကန်ကွန်မန်ဒိုတွေဝင်ရောက်ပြီး  စစ်ဆင်ရေးလုပ်အပြီးမှာ ပေါ် ထွက်လာတာပါ။ အမေရိကန်အနေနဲ့ဘင်လာဒင်ကို သတ်သလိုမျိုး နောက်ထပ် တဖက်သတ်တိုက်ခိုက်တာမျိုးတွေ လုပ်လာမယ်ဆိုရင် အမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ အကြမ်းဖက်ဆန့်ကျင်ရေးလုပ်ငန်းတွေကို ပြန်လည်စဉ်း စားဖို့ လိုမယ်လို့ ပါကစ္စတန်က ကြာသပတေးနေ့က ခြိမ်းခြောက်ပြောဆိုပါတယ်။
“ပါကစ္စတန်ရဲ့အချုပ်အခြာအာဏာကို ချိုးဖောက်တဲ့ အလားတူလုပ်ရပ်မျိုးတွေက အမေရိကန်ပြည်ထောင်စုနဲ့ စစ်ရေး၊ ထောက်လှမ်းရေး ပူးပေါင်းဆောင်ရွက်မှု အဆင့်အပေါ် ပြန်လည်သုံးသပ်ရမှာဖြစ်တယ်။ ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောဆိုလိုက်တယ်” လို့ ကြေညာ ချက်မှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးအက်ရှ်ဖတ်ခါယာနီ ကို ကိုးကားပြီး တပ်မတော်က ပြောဆိုပါတယ်။ အမေရိကန်နဲ့ပါကစ္စတန်အစိုးရ ၂ခုစလုံးဟာ ၂နိုင်ငံကြားပူးပေါင်းဆောင်ရွက်ရေးကို အလေးထားလုပ် ဆောင်ဖို့ ကြိုးစားနေတယ်ဆိုပေမဲ့လည်း အထက်တန်းအရာရှိကြီးတွေဆီကလာတဲ့ မှတ်ချက်တွေက ဆန့်ကျင်ဖက်ရှိ နေတာကို ထုတ်ဖော်ပြသနေပါတယ်။ ဒေသတွင်းအိမ်နီးခြင်းနိုင်ငံတွေအနေနဲ့ သူတို့ဟာ အမေရိကန်ဦးဆောင်မှု နောက်ကို လိုက်နိုင်တယ်။ လို့ မထင်သင့်ပါဘူး။ လို့ ကြာသပတေးနေ့ အစောပိုင်းက ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဆာလ်မန်ဘာ့ရှီရာက သတိပေးလိုက်ပါတယ်။ ဒီလိုလုပ်ရပ်တွေက “နောက်ဆက်တွဲဆိုးကျိုးတွေ” ရှိလာမှာဖြစ်တယ်။ လို့ ပြောဆိုပြီး သံသယရှိတဲ့တိုက်ခိုက်ရေးသမားတွေအပေါ် နောက်နောင်မှာ တိုင်းပြည်အတွင်း၊ ၀င်ရောက်တိုက်ခိုက် တာကို ဆန့်ကျင်ကြဖို့ သူက အမေရိကန်နဲ့တခြားနိုင်ငံတွေကို သတိပေးပြောကြားပါတယ်။ “ဒီလိုလွဲမှားတဲ့စွန့်စားမှုမျိုး၊ မှားယွင်းတွက်ချက်တာမျိုးတွေက ဆိုးဆိုးဝါးဝါးဖြစ်ရပ်တွေပဲ  ဖြစ်လာမှာဖြစ်တယ်” လို့ သူကပြောပါတယ်။
“ပါကစ္စတန် မှာ ကိုယ့်ဖာသာကိုယ် ကာကွယ်နိုင်ဖို့ လုံလောက်တဲ့အရည်အချင်း ရှိတယ်။ ဆိုတာ သံသယ မရှိသင့်ပါ ဘူး”
ဘင်လာဒင်ဟာ ပါကစ္စတန်နိုင်ငံရဲ့မြို့တော်အစ္စလမ်မာဘတ် အနီး၊ ဘက်ဘိုတာဘတ်မြို့က ခြံဝင်းတခုထဲမှာ ဘာလို့ ပုန်းနေနိုင်တာလဲ ဆိုတာကို ရှင်းပြဖို့အတွက် ပါကစ္စတန်ကို နိုင်ငံတကာက ၀ိုင်းဝန်းဖိအားပေးနေပါတယ်။ ဘင်လာဒင် ဟာ ပါကစ္စတန်ရဲ့စစ်တပ်တွေတပ်စွဲထားတဲ့ မြို့လေးတမြို့မှာ နှစ်ပေါင်းများစွာကြာ ဘယ်လိုအသက်ရှင် နေထိုင်နိုင် သလဲဆိုတာကို အမေရိကန်တွေက မေးခွန်းထုတ်နေကြပါတယ်။ သူပုန်းနေတဲ့နေရာကို လုံးဝမသိကြောင်း ပါကစ္စ တန်က ငြင်းပါတယ်။ သူ့ထောက်လှမ်းရေးတွေက ကမ္ဘာက အလိုချင်ဆုံးဖြစ်နေတဲ့သူတယောက်ကို သူ့မြေ ပေါ်မှာ စုံစမ်းဖို့ထောက်လှမ်းရှာဖွေဖို့ ပျက်ကွက်တာကို စုံးစမ်စစ်ဆေးရမှာဖြစ်တယ်။ လို့ ကြသပတေးနေ့က တပ်မတော်က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ပါကစ္စတန်နဲ့မဟာမိတ်ဖွဲ့မှုကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ဖို့ စိုးရိမ်ပူပန်နေတုန်းပါလို့ ကြာသပတေးနေ့က နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ရောမမြို့မှာ ပြောဆိုပါတယ်။ ပါကစ္စတန်တပ်မတော်နဲ့ထောက်လှမ်းရေးအဖွဲ့က အမေရိကန်ပြည်ထောင်စုကို ထောက်လှမ်းရေးသတင်းတွေပေးခဲ့ပြီး အယ်ခေးဒါခေါင်းဆောင်တွေကို ဖမ်းပေးခဲ့ပြီး၊ အာဖဂန်နစ္စတန်နယ်စပ်က တိုက်ခိုက်ရေးသမားတွေကိုလည်း အရေးယူ ပေးခဲ့ပါတယ်။ “ဒါက အမြဲတန်း လွယ်တဲ့ ဆက်ဆံရေးတော့မဟုတ်ပါဘူး” လို့ ကလင်တန်က ပြောပါတယ်။ “ဒါပေမဲ့ တခြားတဖက်မှာ နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိတဲ့ဟာဖြစ်ပြီး ကျနော်တို့တွေ အစိုးရချင်း၊ တပ်မတော်ချင်း၊ ဥပဒေ အဖွဲ့ အစည်းတွေချင်း ပူပေါင်းဆောင်ရွက်မှုတွေ ဆက်လက် လုပ်သွားရပါမယ်”
မေ ၆၊ ၂၀၁၁ (အယ်လ်ဂျာဇီးရား)

Wednesday, May 4, 2011

ဒီစာကိုဖတ်ကြည့်

ဒီစာကို မဖတ်ပါနဲ့။ ကျနော်ပြောမယ်။ ဒီစာကို မဖတ်ပါနဲ့။

ဘာကြောင့်လဲဆိုတော့ ဒီစာကို ဖတ်လို့ > ခင်ဗျားအတွက် ဘာမှ

အကျိုးရှိမှာ မဟုတ်ဘူး။ တကယ် အကျိုးမရှိလို့ မဖတ်ရဆိုပြီး >

ခေါင်းစဉ် တပ်ထားတာပေါ့။ ခင်ဗျား ဆက်ဖတ်တာဟာ ခင်ဗျားရဲ့

ရွေးချယ်ပိုင်ခွင့်ပါ။ > တားမြစ်လို့ မရပါဘူး။ ဒါပေမယ့် လုံးဝ

မဖတ်ဖို့ ကျနော် ပြောချင်ပါတယ်။ > ပြောနေရင်းနဲ့တောင် ခင်ဗျား

ဆက်ဖက်နေသေးတယ်နော်။ ကျနော်က ခင်ဗျား အတွက် > ပြောနေတာပါ။ ခင်ဗျား

ဒါကို နားမထောင်ဘဲ ဆက်ဖတ်နေတာ ခင်ဗျားအတွက် အကျိုး လုံးဝ >

မရှိလို့ပါ။ အခုတောင် ခင်ဗျား ဖတ်လာတာ စာကြောင်းရေ တော်တော်များလာပြီ။

ကျနော်က > ခင်ဗျား အကျိုးကို ရှေးရှူပြီး မဖတ်စေချင်တာပါ။ > >

ဆက်မဖတ်နဲ့တော့နော်။ လုံးဝကို အကျိုး မရှိဘူး။ အကျိုး လုံးဝလုံးဝ

မရှိပါ။ > အကျိုးမရှိတာကို မြန်မာလို ဒီထက်ရှင်းအောင် ကျနော်

ပြောမပြတတ်တော့ဘူး။ အလားတူဘဲ > .. မဖတ်ပါနဲ့ကိုလည်း

ဒီထက်ရှင်းအောင် မြန်မာလို ရှင်းမပြတတ်ဘူး။ ဒီတော့ >

ရှင်းရှင်းပြောမယ်။ ဆက်မဖတ်နဲ့။ ပြောနေရင်းနဲ့တောင် ခင်ဗျားဖတ်လာတာ

များသထက် > များလာပြီ။ ကျနော် ဘယ်လိုပြောရမလဲဗျာ၊ မဖတ်ပါနဲ့။

ဟုတ်ပြီလား၊ မဖတ်နဲ့တော့။ > ဒီစာထဲမှာ ဘာမှပါမှာ မဟုတ်လို့

မဖတ်နဲ့လို့ ပြောနေရတာပေါ့ဗျာ။ လူ့စိတ်ကလည်း > အခက်သား၊

မဖတ်ပါနဲ့ဆို တိုးလို့ဖတ်ချင်တယ်။ ခင်ဗျား တိုးလို့ဖတ်လေ၊ ကျနော်က

> မဖတ်ဖို့ တားမြစ်ရလေဘဲဗျာ။ မဖတ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့

မဖတ်စေချင်လို့ပါ။ >

အခုပြောရင်းနဲ့ စာတောင်တော်တော် ရှည်သွားပြီ။

ဒါဘဲ။