Sunday, February 19, 2012

ရိုးသားခြင်း



သူငယ်ချင်း...
အေးမြတဲ့စမ်းရေရဲ့    ဖြည့်စည်းမှုကို        
မင်းသိနေခဲ့မှတော့
ဖောင်စီးရင်း ရေငတ်ရတော့မယ်ဆိုရင်
တိမ်ဖုံးနေလေတဲ့ လပြည့်ညတစ်ညမှာ
ပုရစ်ရင်ကွဲတွေရဲ့အော်သံတွေနောက်
လိုက်ရှာနေတဲ့ လူတစ်ယောက်မင်းဖြစ်သွားမှာပေါ့။
သူငယ်ချင်း...
ငြိမ်းချမ်းတဲ့တောအိမ်ရဲ့ ဖြည့်ဆည်းမှုကို
မင်းခိုနားသိခဲ့ပြီးမှတော့
အနားယူအိပ်စက်ရင်း အိပ်မက်ဆိုးတွေမက်နေမယ်ဆိုရင်
 မြို့ပြရဲ့ငြိမ်းချမ်းမှုလရောင်ကို မာကြူရီမီးအလင်းတန်းတွေနဲ့
ပျော်မွေ့နေတဲ့ လူတစ်ယောက်မင်းဖြစ်သွားမှာပေါ့။
သူငယ်ချင်း....
တိမ်တိုက်တို့ရဲ့ သဘာဝ
လပြည့်ဝန်းတို့ရဲ့ သဘာဝတွေကို
မင်းသိနေခဲ့မှတော့
တိမ်ဖုံးးနေလေတဲ့ လပြည့်ဝန်းလိုမင်းဖြစ်သွားမှာ
ငါစိုးရိမ်နေတယ်။ ။
           သာထွန်းမွန်