တကယ်တော့ ကိုကိုလှိုင်ဟာ ဒီ နအဖလက်ပါးစေအကြီးစားတဦးပါ။ စာရေးဆရာလိုလို နိုင်ငံတကာရေးရာ သုတေသီ လိုလိုနဲ့ နအဖပြန်ကြားရေးဝန်ကြီး ကျော်ဆန်းရဲ့သတင်းနဲ့စာနယ်ဇင်းလုပ်ငန်းမှာ အကြံပေးအရာရှိအဖြစ် လုပ်နေခဲ့သူပါ။ ၁၉၇၆ ခုနှစ်က ပြင်ဦးလွင် DSA စစ်တက္ကသိုလ်ဆင်းဖြစ်ပြီး ကကကြည်းမှာ တာဝန်ယူခဲ့ကာ ၂၀၀၄ ခုနှစ်အထိ စစ်ဦးစီး (ပထမတန်း) သုတေသနအဆင့်နဲ့ နအဖသန်းရွှေတို့အတွက် အကြီးစားလက်ပါးစေ ဖြစ်ခဲ့သူပါ။ ဒီလို နအဖပြန်ကြားရေး ၀န်ကြီး ကျော်ဆန်း လက်အောက်မှာ သတင်းနဲ့စာနယ်ဇင်းလုပ်ငန်း အကြံပေးအရာရှိ ဖြစ်နေခဲ့ချိန်မှာ နအဖတို့ရဲ့ဝါဒဖြန့် ချိရေးခြေလှမ်းတခုဖြစ်တဲ့ နိုင်ငံရေးသတင်းဂျာနယ်ဆိုပြီး Northern Star Journal ကို စတင်ထုတ်ခဲ့တဲ့သူတွေထဲက တ ဦးပါ။ ကိုကိုလှိုင် တို့ဟာ ဒီ Northern Star ဂျာနယ်ကနေ ကလောင်အမည်ခွဲတွေ အမျိုးမျိုးနဲ့ သူရဲဘောကြောင်စွာ ဆောင်းပါးတွေကို အမည်ရင်းတွေ မဖေါ်ရဲဘဲ ရေးသားခဲ့ကြပါတယ်။
ဆောင်းပါးရှင် လှိုင်အောင် က “လူပေါင်းသန်းနှင့် ချီတဲ့ မြစ်ဝကျွန်းပေါ်မှာရှိတဲ့ နာဂစ် လေဘေးဒုက္ခသည်တွေဟာ” နိုင်ငံတကာ အကူအညီ မလိုဘူး၊ ဖားရိုက် စားပြီးနေလို့ရတယ်” …. ဒါ့ အပြင်
“ရွှေတိဂုံဘုရား စိန်ဖူးတော်ကို မြင်ရလို့၊ လူ ၁သိန်း ခွဲကျော်သေဆုံး၊ (၂.၅) သန်း အိုးမဲ့အိမ်မဲ့ ဖြစ်စေ ခဲ့တဲ့ လူသတ် နာဂစ်မုန်တိုင်းကို ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်း”
အားကစားဝက်ဆိုက်များ
Showing posts with label နေ့သစ်နဲ့သတင်းဓါတ်ပုံ. Show all posts
Showing posts with label နေ့သစ်နဲ့သတင်းဓါတ်ပုံ. Show all posts
Thursday, May 24, 2012
Friday, May 6, 2011
အမေရိကန်နဲ့ဆက်ဆံရေး ပြန်စဉ်းစားဖို့ ပါကစ္စတန် ခြိမ်းခြောက်ပြောဆို
General Ashfaq Kayani
နောက်ထပ်အချုပ်အခြာအာဏာချိုးဖောက်တာ ရှိလာမယ်ဆိုရင် အမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်တာကို ပြန်လည် သုံးသပ်ရပါမယ်လို့ ပါကစ္စတန်တပ်မတော်က ပြောဆိုလိုက်ပြီး ပါကစ္စတန်နဲ့အမေရိကန်ဆက်ဆံရေးအခြေအနေဟာ တင်းမာတဲ့အခြေအနေမှာ ရှိနေပါတယ်။ ဒီသတိပေးချက်ဟာ အယ်ခေးလ်ဒါခေါင်းဆောင် ဘင်လာဒင် သုတ်သင်ရှင်း ရေးအတွက် ပါကစ္စတန်ပိုင် နက်နယ်မြေထဲကို အမေရိကန်ကွန်မန်ဒိုတွေဝင်ရောက်ပြီး စစ်ဆင်ရေးလုပ်အပြီးမှာ ပေါ် ထွက်လာတာပါ။ အမေရိကန်အနေနဲ့ဘင်လာဒင်ကို သတ်သလိုမျိုး နောက်ထပ် တဖက်သတ်တိုက်ခိုက်တာမျိုးတွေ လုပ်လာမယ်ဆိုရင် အမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ အကြမ်းဖက်ဆန့်ကျင်ရေးလုပ်ငန်းတွေကို ပြန်လည်စဉ်း စားဖို့ လိုမယ်လို့ ပါကစ္စတန်က ကြာသပတေးနေ့က ခြိမ်းခြောက်ပြောဆိုပါတယ်။
“ပါကစ္စတန်ရဲ့အချုပ်အခြာအာဏာကို ချိုးဖောက်တဲ့ အလားတူလုပ်ရပ်မျိုးတွေက အမေရိကန်ပြည်ထောင်စုနဲ့ စစ်ရေး၊ ထောက်လှမ်းရေး ပူးပေါင်းဆောင်ရွက်မှု အဆင့်အပေါ် ပြန်လည်သုံးသပ်ရမှာဖြစ်တယ်။ ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောဆိုလိုက်တယ်” လို့ ကြေညာ ချက်မှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးအက်ရှ်ဖတ်ခါယာနီ ကို ကိုးကားပြီး တပ်မတော်က ပြောဆိုပါတယ်။ အမေရိကန်နဲ့ပါကစ္စတန်အစိုးရ ၂ခုစလုံးဟာ ၂နိုင်ငံကြားပူးပေါင်းဆောင်ရွက်ရေးကို အလေးထားလုပ် ဆောင်ဖို့ ကြိုးစားနေတယ်ဆိုပေမဲ့လည်း အထက်တန်းအရာရှိကြီးတွေဆီကလာတဲ့ မှတ်ချက်တွေက ဆန့်ကျင်ဖက်ရှိ နေတာကို ထုတ်ဖော်ပြသနေပါတယ်။ ဒေသတွင်းအိမ်နီးခြင်းနိုင်ငံတွေအနေနဲ့ သူတို့ဟာ အမေရိကန်ဦးဆောင်မှု နောက်ကို လိုက်နိုင်တယ်။ လို့ မထင်သင့်ပါဘူး။ လို့ ကြာသပတေးနေ့ အစောပိုင်းက ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဆာလ်မန်ဘာ့ရှီရာက သတိပေးလိုက်ပါတယ်။ ဒီလိုလုပ်ရပ်တွေက “နောက်ဆက်တွဲဆိုးကျိုးတွေ” ရှိလာမှာဖြစ်တယ်။ လို့ ပြောဆိုပြီး သံသယရှိတဲ့တိုက်ခိုက်ရေးသမားတွေအပေါ် နောက်နောင်မှာ တိုင်းပြည်အတွင်း၊ ၀င်ရောက်တိုက်ခိုက် တာကို ဆန့်ကျင်ကြဖို့ သူက အမေရိကန်နဲ့တခြားနိုင်ငံတွေကို သတိပေးပြောကြားပါတယ်။ “ဒီလိုလွဲမှားတဲ့စွန့်စားမှုမျိုး၊ မှားယွင်းတွက်ချက်တာမျိုးတွေက ဆိုးဆိုးဝါးဝါးဖြစ်ရပ်တွေပဲ ဖြစ်လာမှာဖြစ်တယ်” လို့ သူကပြောပါတယ်။
“ပါကစ္စတန် မှာ ကိုယ့်ဖာသာကိုယ် ကာကွယ်နိုင်ဖို့ လုံလောက်တဲ့အရည်အချင်း ရှိတယ်။ ဆိုတာ သံသယ မရှိသင့်ပါ ဘူး”
ဘင်လာဒင်ဟာ ပါကစ္စတန်နိုင်ငံရဲ့မြို့တော်အစ္စလမ်မာဘတ် အနီး၊ ဘက်ဘိုတာဘတ်မြို့က ခြံဝင်းတခုထဲမှာ ဘာလို့ ပုန်းနေနိုင်တာလဲ ဆိုတာကို ရှင်းပြဖို့အတွက် ပါကစ္စတန်ကို နိုင်ငံတကာက ၀ိုင်းဝန်းဖိအားပေးနေပါတယ်။ ဘင်လာဒင် ဟာ ပါကစ္စတန်ရဲ့စစ်တပ်တွေတပ်စွဲထားတဲ့ မြို့လေးတမြို့မှာ နှစ်ပေါင်းများစွာကြာ ဘယ်လိုအသက်ရှင် နေထိုင်နိုင် သလဲဆိုတာကို အမေရိကန်တွေက မေးခွန်းထုတ်နေကြပါတယ်။ သူပုန်းနေတဲ့နေရာကို လုံးဝမသိကြောင်း ပါကစ္စ တန်က ငြင်းပါတယ်။ သူ့ထောက်လှမ်းရေးတွေက ကမ္ဘာက အလိုချင်ဆုံးဖြစ်နေတဲ့သူတယောက်ကို သူ့မြေ ပေါ်မှာ စုံစမ်းဖို့ထောက်လှမ်းရှာဖွေဖို့ ပျက်ကွက်တာကို စုံးစမ်စစ်ဆေးရမှာဖြစ်တယ်။ လို့ ကြသပတေးနေ့က တပ်မတော်က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ပါကစ္စတန်နဲ့မဟာမိတ်ဖွဲ့မှုကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ဖို့ စိုးရိမ်ပူပန်နေတုန်းပါလို့ ကြာသပတေးနေ့က နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ရောမမြို့မှာ ပြောဆိုပါတယ်။ ပါကစ္စတန်တပ်မတော်နဲ့ထောက်လှမ်းရေးအဖွဲ့က အမေရိကန်ပြည်ထောင်စုကို ထောက်လှမ်းရေးသတင်းတွေပေးခဲ့ပြီး အယ်ခေးဒါခေါင်းဆောင်တွေကို ဖမ်းပေးခဲ့ပြီး၊ အာဖဂန်နစ္စတန်နယ်စပ်က တိုက်ခိုက်ရေးသမားတွေကိုလည်း အရေးယူ ပေးခဲ့ပါတယ်။ “ဒါက အမြဲတန်း လွယ်တဲ့ ဆက်ဆံရေးတော့မဟုတ်ပါဘူး” လို့ ကလင်တန်က ပြောပါတယ်။ “ဒါပေမဲ့ တခြားတဖက်မှာ နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိတဲ့ဟာဖြစ်ပြီး ကျနော်တို့တွေ အစိုးရချင်း၊ တပ်မတော်ချင်း၊ ဥပဒေ အဖွဲ့ အစည်းတွေချင်း ပူပေါင်းဆောင်ရွက်မှုတွေ ဆက်လက် လုပ်သွားရပါမယ်”
မေ ၆၊ ၂၀၁၁ (အယ်လ်ဂျာဇီးရား)
Subscribe to:
Posts (Atom)

