Friday, June 1, 2012

၂၀၁၄ သန်းခေါင်စာရင်းကောက်ယူရာမှာသတိမူစရာ

ပြီးခဲ့တဲ့ ဧပြီလကုန်က မြန်မာနိုင်ငံကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်း ရောက် ရှိစဉ်မှာ လာမယ့် ၂၀၁၄ ကစပြီး မြန်မာနိုင်ငံလူဦးရေကို ကမ္ဘာ့စံနှုန်းနဲ့အညီကွင်းဆင်းကောက်ယူသွားမယ်လို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီက ပြောပြီး ကတိပြုစာချုပ်မှာလက်မှတ် ရေးထိုး ခဲ့ပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်းနှင့် ဒု သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း (Photo: William A. Ryan/UNFPA)
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်းနှင့် ဒု သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း (Photo: William A. Ryan/UNFPA)

UNFPA လို့ခေါ်တဲ့ UN Fund for Population Activities အဖွဲ့ရဲ့ မြန်မာနိုင်ငံကိုယ်စားလှယ် Mohamed Abdel- Ahad ကလည်း မြန်မာနိုင်ငံလူဦးရေ သန်းခေါင်စာရင်း ကောက်ယူဖို့ လူတယောက်ရဲ့အကြောင်းကို ကဃနဏ သိနိုင်ဖို့ သင်တန်းတွေချပေးသွားမယ်လို့လဲပြောပါတယ်။

www.gov.ai ကအဆိုအရ သန်းခေါင်စာရင်းကောက်ယင် လူတဦးအတွက် ဘာတွေသိဘို့လိုတယ်ဆိုတာ အရင်ဆုံးဖြတ်ပြီး တပြည်လုံးကို Enumeration (ED) ခေါ် အကွက်ချစနစ်ချပြီး သင်တန်းပေး တာဝန်ပေး ကောက်ယူရတယ်ဆိုပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် သန်းခေါင်စာရင်းကောက်တော့ မယ်ဆိုရင် တိုင်းရင်းသားတွေဖက်က ဘယ်လိုနားလည်အောင်ရှင်းပြရမလဲ။ နားလည်အောင်ရှင်းမပြဘူးဆိုရင် ကျေးလက်ဒေသခံတွေက အရင်က တွေ့ကြုံခဲ့ဖူးတဲ့ အရိပ်ဆိုးတွေက အခုထိ လွှမ်းမိုးနေဆဲဆိုတော့ စာရင်း အစစ်အမှန်ကိုရရှိဖို့ လွယ်မှာမဟုတ်ပါဘူး။ မြန်မာအာဏာပိုင်ကိုမပြောနဲ့ ကိုယ့်ဒေသတွင်းလှုပ်ရှားနေတဲ့ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့ကိုတောင် စာရင်းအမှန်မပြောပြရဲကြတာကိုတွေ့ရပါတယ်။

အဘယ်ကြောင့်ဆိုသော် လူဦးရေအားမေးမြန်းရင် တပ်သားစစ်စုဆောင်းတော့မယ်၊ သက်မွေးဝမ်းကျောင်း လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းရင် အခွန်တွေကောက်ခံတော့မယ် စတဲ့ မကောင်းတဲ့ အနိဌာရုံ စွဲကပ်နေတဲ့အတွက် အခြေခံအဆင့်နားလည်သဘောပေါက်အောင် ကွင်းဆင်းဟောပြောဖို့ လိုပါတယ်။

ဒါကြောင့် စာရင်းအစစ်မှန်ကိုသိချင်တယ်ဆိုရင် သက်ဆိုင်ရာအာဏာပိုင်တွေ သိထားသင့်တာက - သန်းခေါင် စာရင်းကောက်တာဟာ လူထုကို ဒုက္ခမရောက်စေရပါဘူး။ စစ်သားကောက်ဖို့၊ အခွန်ကောက်ဖို့ မဟုတ်ပါဘူး ဆိုတာ နားလည်အောင် အရင်ဆုံး ပြောပြသင့်တယ်လို့ မြင်ပါတယ်။

အစိုးရဖက်ကနေ သန်းခေါင်စာရင်းကောက်တော့မယ်ဆိုရင် တိုင်းရင်းသားတွေအတွက် အနည်းဆုံး အထူး လိုအပ် တဲ့ အချက်တွေကတော့ -
(၁) မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးများ ဘယ်နှစ်မျိုးရှိသလဲ
(၂) လူတယောက်ဟာ သူ့ရဲ့လူမျိုးဆိုတဲ့နေရာမှာ ဘာလူမျိုးကိုထည့်စေချင်သလဲ။
(၃) Surname မျိုးရိုးနာမည်ကိုပါထဲ့သုံးသင့်သလား။
(၄) တိုင်းရင်းသားတွရဲ့နာမည်ရှေ့မှာ ဦး၊ ဒေါ်၊ မောင်၊ မ ထပ်ထည့်သင့်သလား။
(၅) တိုင်းရင်းသားနာမည်တွေကို အင်္ဂလိပ်လိုရေးရင် မြန်မာလိုအသံထွက်နဲ့ ရေးသင့်သလားဆိုတဲ့ အဓိက အချက် ၅ ချက် ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။

(၁) မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး ဘယ်လောက်ရှိသလဲ - ဒါအရေးကြီးဆုံးဘဲ။ မြန်မာစစ်ခေါင်း ဆောင်ပိုင်း ကတော့ မြန်မာမှာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိတယ်လို့ ကမ္ဘာကို အော်ပြနေတာတွေ့ရတယ်။ သူတို့အတွက် က တိုင်းရင်းသားများလေလေ နေရာမြဲလေလေဘဲမဟုတ်လား။ စစ်တပ်က ထိန်းချုပ်ထားပေးလို့သာ ပြည် ထောင်စုကြီး တည်မြဲနေတာ။ သို့မဟုတ်ရင် တိုင်းရင်းသား ၁၃၅ မျိုးရှိတယ်ဆိုတော့ မြန်မာနိုင်ငံဟာ ၁၃၅ နိုင်ငံအဖြစ် အစိပ်စိပ်အမွှာမွှာဖြစ်သွားကုန်မှာ” ဆိုတဲ့စကား နှုတ်ကနေ မချတော့ပါဘူး။ အမှန်ကတော့ စစ်ခေါင်း ဆောင်တွေဟာ တိုင်းရင်းသားတွေမများ များအောင် ခွဲထားလိုက်တာ ကျနော်တို့နဲ့ အနီး စပ်ဆုံး သျှမ်းကိုဘဲ ခဏ ကြည့်ရအောင်၊ သျှမ်း Collective Name (စုပေါင်းခြုံယူတဲ့နာမည်) ကိုလူမျိုးတမျိုးအဖြစ်ထားတဲ့အပြင် သူ့အောက်မှာ-
- ယွန်းသျှမ်း
- ခမ်းတီးသျှမ်း
- ခွန် (ဂုံသျှမ်း)
- လိ (တိုင်းလိ)
- သျှမ်းကလေး(တိုင်းလျန်ထဲမှ နာမည်တခု)
- သျှမ်းကြီး
- တိုင်းလွယ်
- တိုင်းလျန်
- တိုင်းလေ(တိုင်းနေ)
- မောရှမ်း ဆိုပြီးတော့ ခွဲထားတယ်။

လူမျိုး တမျိုးတည်းကို နာမည်အများကြီးခွဲထားတာကြောင့် ပြစ်တငဝေဖန်နေတာသျှမ်းတခုတည်းမဟုတ်ပါဘူး။ တခြား သော တိုင်းရင်းသားတွေလဲပါပါတယ်။ ကချင်ဆိုရင်လဲ ၁၂ မျိုးရှိတယ်လို့ ပြောလိုပြော၊ ချင်း ဆိုရင်လဲ ၅၃ မျိုးတောင်ရှိတယ်လို့ပြောလိုပြောနဲ့ ဘယ်တိုင်းရင်းသားမှ ဒီအပေါ်ကျေနပ်မှုမရှိ ပါဘူး။ မြန်မာအစိုးရ အဆက်ဆက်က ဗြိတိသျှက မြန်မာကို Divide and Rule ခွဲခြားအုပ်ချုပ်တယ်၊ ဒီအချိန်အထိ အရိပ်အငွေ့ ကျန်နေတုန်းဘဲလို့ အပစ်ဖို့လေ့ရှိပါတယ်။ အမှန်တော့ ဗမာခေါင်းဆောင်တွေကိုယ်တိုင် Divide and Rule စစ်စစ် နဲ့ အုပ်ချုပ်ကျင့်သုံးနေတာပါပဲ။

နောက်တခု (၂) လူတယောက်ဟာ အမျိုးသားမှတ်ပုံတင်မှာပါရှိတဲ့ လူမျိုးဆိုတဲ့နေရာမှာ ဘာလူမျိုးကို ထဲ့စေ ချင် သလဲ။ ဗမာကြီးစိုးမှုဝါဒမကျင့်သုံးဘဲ မှန်မှန်ကန်ကန်ထည့်ပေးသင့်ပါတယ်။ ဥပမာအားဖြင့် ဘယ်လိုပြ ဿနာတွေ ဖြစ်တတ်သလဲ ဆိုရင် - ကချင်ပြည်နယ် သျှမ်းရေးရာဝန်ကြီး ဒေါ်နန်းခင်ပြုံးရည်က ကော့လီ သတင်းမီဒီယာရဲ့ အင်တာဗျူး ကိုဖြေကြားရာမှာ -“ သျှမ်းဗမာကနေ ဗမာဖြစ်သွားရတဲ့ အကြောင်းရင်းက လက်ရှိ ကိုင်ဆောင်ထားတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားက (စလုပ်တုန်းက) ဖောင်ဖြည့်တဲ့အခါမှာ သျှမ်းဗမာ အတွက် အကွက်မရှိဘူး လေ။ သျှမ်းဆိုရင် သျှမ်း၊ ဗမာဆိုရင် ဗမာ။ ပုံစံ(၁၀) သန်းခေါင်စာရင်းမှာ သျှမ်းဗမာ လို့ ရေးထားပေမယ့် မှတ်ပုံမှာကျတော့ သျှမ်းဗမာ အကွက် မရှိလို့ ရှေ့က သျှမ်းပြုတ်ပြီး ဗမာ ဖြစ် သွားတယ်။ အဲဒါကြောင့် သျှမ်းလူဦးရေ စာရင်းက နည်းသွားတာပေါ့။ အန်တီတို့မှာ ညီအစ်မ နှစ်ယောက်ရှိတယ်။ အဖေလည်းသျှမ်း အမေလည်း သျှမ်းစစ်စစ်ပဲ။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အန်တီ သျှမ်းတိုင်းရင်းသား ရေးရာ ကိုယ်စားလှယ် နေရာကဝင်ပြိုင်တော့ အန်တီ့ညီမအရင်းက အန်တီ့အတွက် မဲထည့်ခွင့်မရှိဘူး။ သူ့မှတ်ပုံတင်ထဲမှာက ဗမာ ဖြစ်နေလို့” လို့ပြောပါတယ်။

မြန်မာနိုင်ငံက သန်းခေါင်စာရင်းစာရွက်

ကချင်ပြည်နယ်မှာအများစုနေထိုင်တဲ့ တိုင်းလျန်တွေကို မှတ်ပုံတင်မှာ သျှမ်း၊ဗမာလို့ ရေးထားတာကိုး။ ဒါပြင် အဲဒီတိုင်းလျန်လူမျိုးကိုဘဲ သျှမ်းနီ၊ သျှမ်းကလေး၊ သျှမ်း -ဗမာ ၊ ဗမာဆန်သောသျှမ်းစသဖြင့် ခေါ်ချင်သလို ခေါ်နေကြပါတယ်။

နောက်တခုက (၃) Surname အမျိုး(မျိုးရိုး) နာမည်ကိုပါထဲ့သုံးသင့်သလား။ ဆိုတော့ ကျနော်တို့ နိုင်ငံမှာ နာမည်တူ တဲ့လူတွေ အများကြီး ။ ဥပမာ တင်ဦးဆိုတာတောင်မှ မျက်မှန်တင်ဦးလား၊ S2 တင်ဦးလား၊ NLD တင်ဦးလား ဆိုပြီး နာမည်တပ်ရတာတွေရှိတယ်။ ဆိုတော့ ခေတ်မီတိုးတက် လူဦးရေများပြားလာသည်နှင့်အမျှ နာမည်တူတွေလဲ အများကြီးရှိလာမှာဘဲ။ ဒီတော့ ကချင်၊ ချင်းတို့လို တရုတ်တို့လို မျိုးရိုးနာမည်ပါ ထည့်ပေး သင့်သလား ဆိုတာ စဉ်းစားဆုံးဖြတ်ပေးသင့်တယ်။

(၄) တိုင်းရင်းသားတွရဲ့နာမည်ရှေ့မှာ ဦး၊ ဒေါ်၊ မောင်၊ မ ထပ်ထည့်သင့်သလား ။ ဥပမာ မစ္စတာအိုဘားမား ကို ဦးမစ္စတာအိုဘာမား လို့မှမခေါ်ကြတာ။ အဲဒီလိုဘဲ စိုင်းဆိုတာက သျှမ်းအမျိုးသားကိုကိုယ်စားပြုနေပြီးပြီဘဲ မဟုတ်လား။ ဦး ၊ မောင် ထည့်သင့်နေသေးလား။ ဒါကြောင့် စိုင်းခမ်း ဆိုရင် ဦးစိုင်းခမ်း မဖြစ်သင့်တော့ဘူးထင် တယ်။ ဒါတွေစဉ်းစားပေးဖို့လိုတယ်။

(၅)တိုင်းရင်းသားနာမည်ကို မြန်မာလို အသံထွက်နဲ့ ရေးသင့်သလား။ ဗမာလူမျိုးဟာ လူဦးရေအများဆုံးဖြစ် နေတော့ တိုင်းရင်းသားတွေကို အလေးမထားဘူး။ ဂရုမစိုက်ဘူး။ တိုင်းရင်းသားနာမည်ဆိုရင်သူတို့ အသံ ထွက်နိုင်သလိုရေးမယ်။ ဥပမာ နန်းခမ်း ဆိုရင် နန်းမှာ ငသတ်အသံပါရမယ်။ ဗမာလျှာက ဒီအသံမထွက်နိုင်ဘူး။ ခမ်း ဆိုရင် ပါးစပ်ပိတ်ရမယ်။ ဗမာအသံက ပါးစပ်မပိတ်ပေးဘူး။ သျှမ်းအသံထွက်နဲ့ အင်္ဂလိပ်လိုရေးရင် Nang Kham ဖြစ်ရမယ်။ ဗမာက အသံမထွက်နိုင်တော့ Nan Khan ဖြစ်သွားတယ်။ ဒီဟာလေးတွေကအစ အလေးမထားပေးရင် မဟာဗမာ လူမျိုးကြီးဝါဒ ဖြစ်ချင်နေတာလို့ အထင်ခံရတော့မှာပေါ့။

ဒီကိစ္စလေးတွေဟာ ဗမာလူမျိုးတွေအတွက် အသေးအဖွဲပါ လို့ မြင်ကြပေမယ့် ဒါလေးတောင်မှ မကြည့်ပေး မမြင်ပေးရင် စစ်မှန်တဲ့ပြည်ထောင်စုဆိုတာ စကားထဲမှာဘဲ ရှိတော့မှာပေါ့။ ဘယ်လိုမှ လက်တွေ့တည်ဆောက် နိုင်မှာမဟုတ်ဘူး။ ဒါကြောင့်ခေတ်အဆက်ဆက်တိုင်းရင်းသားတွေ တောင်းဆိုနေကြတဲ့ စစ်မှန်၍ ရေရှည်တည် တံ့ သောပြည်ထောင်စု တည်ထောင်နိုင်ဖို့။ ကမ္ဘာ့အမြင်မှာ လူမျိုးကြီးကနေ လူမျိုးငယ်လေးတွေကို အနိုင်ကျင့် ဝါးမျိုနေတယ်ဆိုတဲ့အဖြစ် မမြင်ကြရအောင် ကမ္ဘာ့ အဆင့်မှီ သန်းခေါင်စာရင်း မကောက်ယူခင်မှာ၊ သန်းခေါင် စာရင်းကောက်တဲ့သင်တန်းမပေးခင်မှာ တိုင်းရင်း သားတွေရဲ့ ဒီလိုအပ်ချက် တောင်းဆိုချက်နဲ့ ဒီမေးခွန်းလေးတွေကို အလေးထားပြီးစဉ်းစားပေး၊ ထဲ့တွက်ပေး သင့်ကြောင်းပါ။

အယ်ဒီတာ
သျှမ်းသံတော်ဆင့်

Thursday, May 24, 2012

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၁)

အခုဆိုရင် ABSDF အပါဝင် နယ်စပ်တကျောက သူပုန်တပ်တွေအားလုံးနီးပါး မြန်မာအစိုးရသစ်နဲ့ ဆွေးနွေးပွဲတွေလုပ်၊ စစ်ရပ်စဲရေး စာချုပ်တွေ ချုပ်ဆိုနေကြပါပြီ။ ဒါပေမယ့် နှစ်ဖက်တပ်တွေနေရာ ချထားရေး၊ ဆက်သွယ်ရေးရုံးခန်း ဖွင့်လှစ်ရေး၊ စီးပွားရေးလုပ်ငန်း လုပ်ခွင့်ရရေးတွေကိုသာ ဦးစားပေး ဆွေးနွေးနေတာတွေ့ရပြီး ကျနော်ပြောနေတဲ့ “တော်လှန်ရေးရဲ့ အသီးအပွင့်” တွေ၊ တော်လှန်ရေးအတွက် အသက်ပေးသွားသူတွေ၊ ဒုက္ခိတဖြစ်သွားရသူတွေရဲ့ဘ၀ ပြန်လည်ထူထောင်ရေးကိစ္စကိုတော့ ဘယ်အဖွဲ့ကမှ ဆွေးနွေးတာ မကြားရသေးပါဘူး။ အလားတူ နေပြည်တော်က ပါလီမန်ထဲမှာဖြစ်စေ၊ ပါလီမန်ပြင်ပ မီဒီယာတွေမှာဖြစ်စေ တော်လှန်ရေးအတွက် ပေးဆပ်သွားသူတို့ရဲ့ ဘ၀ပြန်လည် ထူထောင်ရေးကိစ္စကို ဆွေးနွေးတာ၊ ပြောဆိုတာ အခုချိန်အထိ မကြားရသေးတဲ့အတွက် “ပေးဆပ်ခဲ့သော ရဲဘော်သူငယ်ချင်းများ” အပေါ် ခေါင်းဆောင်ပိုင်းတွေဘက်က တာဝန်မကျေသေးသလို ကျနော်စိတ်ထဲ ခံစားနေရပါတယ်။

သမတ အကြံပေး ကိုကိုလှိုင့် ဖြုတ်ဦးနှောက်က ထွက်လာတဲ့ အကြံ

တကယ်တော့ ကိုကိုလှိုင်ဟာ ဒီ နအဖလက်ပါးစေအကြီးစားတဦးပါ။ စာရေးဆရာလိုလို နိုင်ငံတကာရေးရာ သုတေသီ လိုလိုနဲ့ နအဖပြန်ကြားရေးဝန်ကြီး ကျော်ဆန်းရဲ့သတင်းနဲ့စာနယ်ဇင်းလုပ်ငန်းမှာ အကြံပေးအရာရှိအဖြစ် လုပ်နေခဲ့သူပါ။ ၁၉၇၆ ခုနှစ်က ပြင်ဦးလွင် DSA စစ်တက္ကသိုလ်ဆင်းဖြစ်ပြီး ကကကြည်းမှာ တာဝန်ယူခဲ့ကာ ၂၀၀၄ ခုနှစ်အထိ စစ်ဦးစီး (ပထမတန်း) သုတေသနအဆင့်နဲ့ နအဖသန်းရွှေတို့အတွက် အကြီးစားလက်ပါးစေ ဖြစ်ခဲ့သူပါ။ ဒီလို နအဖပြန်ကြားရေး ၀န်ကြီး ကျော်ဆန်း လက်အောက်မှာ သတင်းနဲ့စာနယ်ဇင်းလုပ်ငန်း အကြံပေးအရာရှိ ဖြစ်နေခဲ့ချိန်မှာ နအဖတို့ရဲ့ဝါဒဖြန့် ချိရေးခြေလှမ်းတခုဖြစ်တဲ့ နိုင်ငံရေးသတင်းဂျာနယ်ဆိုပြီး Northern Star Journal ကို စတင်ထုတ်ခဲ့တဲ့သူတွေထဲက တ ဦးပါ။ ကိုကိုလှိုင် တို့ဟာ ဒီ Northern Star ဂျာနယ်ကနေ ကလောင်အမည်ခွဲတွေ အမျိုးမျိုးနဲ့ သူရဲဘောကြောင်စွာ ဆောင်းပါးတွေကို အမည်ရင်းတွေ မဖေါ်ရဲဘဲ ရေးသားခဲ့ကြပါတယ်။
ဆောင်းပါးရှင် လှိုင်အောင် က “လူပေါင်းသန်းနှင့် ချီတဲ့ မြစ်ဝကျွန်းပေါ်မှာရှိတဲ့ နာဂစ် လေဘေးဒုက္ခသည်တွေဟာ” နိုင်ငံတကာ အကူအညီ မလိုဘူး၊ ဖားရိုက် စားပြီးနေလို့ရတယ်” …. ဒါ့ အပြင်

“ရွှေတိဂုံဘုရား စိန်ဖူးတော်ကို မြင်ရလို့၊ လူ ၁သိန်း ခွဲကျော်သေဆုံး၊ (၂.၅) သန်း အိုးမဲ့အိမ်မဲ့ ဖြစ်စေ ခဲ့တဲ့ လူသတ် နာဂစ်မုန်တိုင်းကို ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်း”

Monday, April 30, 2012

မွန်ပြည်သစ်ပါတီဝင်နှစ်ဦးပြန်လည်လွတ်မြောက်

မွန်ပြည်သစ် ပါတီဝင် ၂ ဦး ပြန်လွတ်
မွန်ပြည်သစ်ပါတီ (NMSP) မှ ထောင်ဒဏ် တသက်တကျွန်း ကျခံနေရသော နိုင်ယက္ခနှင့် နိုင်မျိုးသွေးတို့ ၂ ဦးကို အစိုးရ က NMSP သို့ ယနေ့ ပြန်လည် လွှဲပြောင်းပေးအပ် လိုက်ကြောင်း သိရသည်။ မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားဟိုတယ်တွင် အစိုးရ မီးရထား ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့က NMSP ဥက္ကဌ နိုင်ထောမွန် ထံသို့ လွှဲပြောင်းပေးအပ်ခြင်း ဖြစ်သည်။ နိုင် ယက္ခနှင့် နိုင်မျိုးသွေးတို့သည် NMSP ဗဟိုကော်မတီဝင်နှင့် ခရိုင်ကော်မတီဝင်များဖြစ်ပြီး ၂၀၀၃ ခုနှစ် ဇူလိုင်လအတွင်းက ဖောက် ခွဲရေး အမှုဖြင့် စွပ်စွဲ ဖမ်းဆီး၍ ပြစ်ဒဏ်ချမှတ် ခံခဲ့ရခြင်း ဖြစ်သည်။

Saturday, April 28, 2012

တရုတ် နိုင်ငံရေး လှုပ်ရှားသူ အကျယ်ချုပ်က နေ လွတ်မြောက် ပြီး အမေရိကန် သံရုံးမှာ ခိုလှုံhttp://www.youtube.com/watch?v=b2qHzrgnXjQ

Monday, April 16, 2012

လှို့ ဝှက် လုံခြုံရေး အဖွဲ့ ရဲ့  ကိုလံဘီယာ အပျော်မယ် အရှုပ်တော်ပုံ

ကိုလံဘီယာ နိုင်ငံ မှာ ကျင်းပနေ တဲ့ အမေရိက နိုင်ငံ များ အစည်း အဝေး ကို တက်ရောက်ဖို့  သွား
ရောက်မှာ ဖြစ်တဲ့ သမ္မတ အိုဘားမား ရဲ့  ရှေ့ ပြေး လှို့ ဝှက် လုံခြုံရေး အဖွဲ့  ၀င် ၁၁ ဦးဟာ လိင်ဖျော်
ဖြေရေး အလုပ် သမ တွေ မတော် လျှော်ကန်မှု ပြုခဲ့ တယ် ဆိုတာ ကြောင့် ချက်ခြင်း လူစား ထိုးလဲ
Secret-Service
လှယ် ပြီး ၀ါရှင် တန် ကို ပြန်လယ် ပို့ ဆောင်ခဲ့ ပါတယ်။
သူတို့ ဟာ ရာဇ၀တ် မှု တစ်စုံ တစ်ရာ ကို ကျုးလွန် ခဲ့ တာ မဟုတ် ပေမယ့် Secret Service အဖွဲ့ 
ဝင်တွေ အတွက် ချမှတ် ထား တဲ့ စည်းမျဉ်း စည်းကမ်း တွေ ကို ဖောက် ဖျက် ခဲ့ တဲ့ အတွက် အခု
လို ပြန်လည် ပို့ ဆောင် ခဲ့ ရတာ ဖြစ်တယ် လို့  လွှတ်တော် ရဲ့  အမိမြေ လုံခြုံရေး ကော်မတီ ဥက္ကဌ
Peter King က CNN သတင်းဌာန က Don Lemon ကို ပြောပါတယ်။
မြို့ တော် ကာတာဂျီးနား မှာ ရှိ တဲ့ Hotel Caribe (ဟိုတယ် ကာရစ်ဘ်) မှာ တည်းခို နေစဉ်
လှို့ ဝှက် လုံခြုံရေး အဖွဲ့  တွေဟာ ဟိုတယ် တွင်း ပါတီ တစ်ခု ပြု လုပ် ပြီး လိင် အလုပ်သမား
တွေ နဲ့  ပျော်ပါး ပြီး နောက် ငွေပေး ချေ မှု မှာ နှစ်ဦး နှစ်ဖက် မကျေ နပ်မှု ဖြစ်ပြီး ပြဿနာ
တက် ရာ ကနေ ဟိုတယ် လုံခြုံရေး အဖွဲ့  တွေ က နေ ကိုလံဘီယာ ရဲတပ် ဖွဲ့  က သိရှိ သွား
တာဖြစ်ပါတယ်။
လှို့ ဝှက် လုံခြုံ ရေး အဖွဲ့  ၀င် တွေ ထဲ က တစ်ဦး ဒါမှ မဟုတ် ဒီထက် များ မယ့် အရေ အတွက် က
ကိုလံဘီယာ ကြေးစား မယ် တွေ နဲ့  ပျော်ပါး ခဲ့ တယ် လို့  CBS သတင်းမှာ ဖော်ပြထား ပါတယ်။
သမ္မတ ရဲ့  လှို့ ဝှက် အဖွဲ့  ကို ဦးဆောင် ရအမေရိကန် တောင်ပိုင်း တိုင်း စစ်ဌာန ချုပ် က ဗိုလ်ချုပ်
ဒေါက်ဂလပ်(စ) ဖရေဇာ က ” သူ တို့  ကို အမေရိကန် စစ်တပ် အဖွဲ့  ၀င် တွေ ရဲ့  ကိုယ်ကျင့် သိက္ခာ
နဲ့  စံနမူနာပြ ၊ ထူးချွန် သူ ပီသစွာ နေ ထိုင် ဖို့  လေ့ကျင့် ပေးထား တာ တွေ ကို ချိုးဖောက် လို့ 
စုံစမ်း စစ်ဆေး အရေးယူ သွားမယ်လို့  ဆို ပါတယ်။
အကြမ်းဖက် တန်ပြန်တိုက်ခိုက်မှု အဖွဲ့  Counter Terror Assault Team (CAT) ရဲ့  ကြီး
ကြပ်ရေး မှု တစ်ဦး ဟာလည်း ဒီအဖွဲ့  နဲ့  ရှိ နေ စဉ် ကမ္ဘာ မှာ အလှ ဆုံး လို့ ပြောကြတဲ့ ကိုလံ
ဘီယာ သူ အပျော်မယ် တစ်ဦး နဲ့  ပျော်ပါး ခဲ့ တယ် လို့  ယူဆတဲ့ အတွက် ထိမ်းသိမ်းထား ရှိ
ကာ စုံစမ်း စစ်မေး နေပါတယ်။
ဝါရှင်တန် ကို ပြန်လည် ပို့ ဆောင်ခဲ့ တဲ့ ၁၁ ဦးထဲ က ငါးဦးဟာ ဒီပြဿနာ မှ ကိုယ်တိုင် ပါဝင်
ခဲ့ တယ် လို့  စစ်ဖက် သတင်း တွေ ကို ကိုးကား ပြီး Huffington Post မှ ဖော်ပြထား ပါတယ်

ကိုလံဘီယာ နိုင်ငံမှာ အခကြေးငွေ နဲ့  လိင် ဖျော်ဖြေ တဲ့ လုပ်ငန်း ဟာ တရား ၀င် ဖြစ်ပါတယ်။
သမ္မတ အိုဘားမား ကတော့ သောကြာ နေ့  က ခြောက် ကြိမ် မြောက် အမေရိကန် စည်းဝေး
တွေ့ ဆုံ ပွဲ ကို တက်ရောက်ခဲ့ ပါတယ်။

Thursday, April 12, 2012

အုပ်စုဖွဲ့ခြင်း

 (၂၀၀၈) ခုနှစ်တုန်းက ရေးသားခဲ့တဲ့ ဆောင်းပါးဟောင်းလေးပါ။


အုပ်စုဖွဲ့ခြင်းနဲ့ ပတ်သက်ပြီး ငယ်ငယ်တုန်းက အကြောင်းအရာလေးတွေကို ပြန်ပြောင်း သတိရမိပါတယ်။ အဖြစ်အပျက်ကတော့ ဒီလိုပါ------။
ကျွန်မတို့ ငယ်ငယ်တုန်းက တက်ခဲ့ရတဲ့ကျောင်းမှာ အတန်းတင် စာမေးပွဲပြီးရင် အဆင့်တွေ စီပြီး အဆင့် (၁)ကနေ (၅၀)- (၆၀) ခန့်ကို အေခန်းပို့တဲ့ အလေ့အထ ရှိခဲ့ပါတယ်။ အဲ- လေးတန်းနှစ်ရောက်တော့ ဘာလို့ရယ် မသိဘူး။ အဲဒီလို ထိပ်ဆုံး (၅၀)၊ (၆၀) ကို အေခန်းပို့တာမျိုး မလုပ်ပဲ (၁)နဲ့ (၂) ကို အေခန်း၊ (၃)နဲ့ (၄) ကို ဘီခန်း စသည်ဖြင့် ပို့တာတွေ လုပ်ပါတော့တယ်။ အဲဒီတုန်းက ကျွန်မက သုံးတန်းမှာ အဆင့် (၃) သာရလေတော့ ဘီခန်းကို ရောက်သွားပါလေရော။ အမေဆိုတာ ၀မ်းနည်းပက်လက်နဲ့။ ကျောင်းအပ်တဲ့နေ့မှာ အတန်းပိုင် ဆရာမ သစ်ဖြစ်လာမယ့် ဆရာမဒေါ်ခင်ငြိမ်းက မနည်းရှင်းပြလိုက် လို့သာ တော်ပါသေးတယ်။ မဟုတ်ရင် သူ့သမီး အဆင့် (၆၀) ကျော် ရတယ်ဆိုပြီး အတော့်ကို ၀မ်းနည်းသွားရှာတာပါ။
ဒီလိုနဲ့ (၁) ကနေ (၁၀) အတွင်းက စာပြိုင်ဘက်တွေကို အခန်းခွဲ ထည့်လိုက်ချိန် ကစပြီး တယောက်ချင်းပြိုင်နေတဲ့ပုံစံကနေ ပြောင်းလဲသွားပါတော့တယ်။ အေခန်း၊ ဘီခန်း၊ စီခန်း၊ ဒီခန်း စသည်ဖြင့် အုပ်စုတွေ ဖြစ်လာတော့တာပါ။ ကိုယ့်အခန်းထဲမှာ ဘယ်လိုဖြေဖြေ အဆင့် (၁)၊ (၂) ၊ (၃) တွေပဲ ရမှာ သေချာနေကြတော့ အဆင့်ကို မပြိုင်ကြတော့ပဲ အမှတ်ကို ပြိုင်ကြတာ အသည်းအသန်ပါပဲ။
ဆရာမတွေကလဲ အေအုပ်စုကဆို သင်္ချာမှာ ဘယ်လိုတော်တာ၊ ဘီအုပ်စုကဆို သမိုင်းမှာ ဘယ်လိုစတာတွေပြောပြီး လိုက်ဖွပေးပါလေရော။ အပြိုင်အဆိုင်စိတ်ကို အတော်အားပေးခဲ့ကြတာပါ။ တခုကောင်းတာကတော့ စာသိပ်မလုပ်တဲ့လူတွေလဲ ကိုယ့်အုပ်စုနဲ့ကိုယ်အားပေးကြ၊ မြှောက်ပေးကြနဲ့ လုပ်ဖြစ်လာကြတာမို့ အတန်းတွေထဲမှာ အရင်နှစ်တွေတုန်းကလို စာတော်သူ၊ စာညံ့သူ ခွဲခြားမှုတွေ သိပ်မရှိကြတော့ဘူး။ ဒါပေမယ့် ကိုယ့်အုပ်စုမှ ကိုယ့်အုပ်စုဖြစ်နေကြတာက ကြာလာတော့ အစွဲတွေဖြစ်ပြီး အစွန်းရောက် ကုန်ကြပြန်ပါတော့တယ်
အုပ်စုထဲမှာ စာတော်တဲ့ လူတွေကလဲ ၀ိုင်းပြီး မြှောက်တာ ခံနေရတော့ ကိုယ့်ဘာသာ သွေးနာထင်တွေ ရောက်ကုန်ကြပြန်ရော။ ကစားရင်တောင် အေခန်းကသပ်သပ်၊ ဘီခန်းက သပ်သပ်တွေ ဖြစ်လာကြပါတယ်။ တကယ့်ကို သူတလူ ငါတမင်းဖြစ်ခဲ့ကြတာပါ။ ပြိုင်လိုက်ရတာလဲဖတ်ဖတ်မော။ ကျက်လိုက်ရတဲ့စာ၊ တွက်လိုက်ရတဲ့သင်္ချာ။
မလုပ်လို့လဲမရပြန်ပါ။ ဟိုအရင်နှစ်တွေကလို ကိုယ်တယောက်တည်း အဆင့်ရဖို့မဟုတ်တော့ပါ။ ဒါက အုပ်စုချင်းပြိုင်ပွဲ ဖြစ်သွားပါပြီ။ ခုချိန်မှာ ပြန်တွေးကြည့်မိတော့ ရယ်စရာအလွန်ကောင်းပါတယ်။ ဒါပေမယ့် အဲဒီတုန်းကတော့ ရယ်စရာမကောင်းပါဘူး။ အုပ်စုဗိုလ်ဖြစ်နေတော့ တခြားအုပ်စုက သူငယ်ချင်းတွေ တွေ့ရင် ရီပြချင်တာတောင် မရီပြရဲပါဘူး။ မနှုတ်ဆက်ရဲပါဘူး။ ကိုယ့်လူတွေက အထင်လွဲမှာ စိုးရလို့ပါ။
ကြာလာတော့ ဆရာမတွေလဲ ကြားကနေအနေရခက်ကုန်ကြပါတော့တယ်။ နံနက်ကျောင်းလာတာကို ထိုင်စောင့်ပြီး အုပ်စုချင်းအပြိုင်အဆိုင် ခြင်းတောင်းသွားပြေးဆွဲကြတာမှာ အုပ်စုတခုခုကို ခြင်းတောင်းလေးပေး လိုက်လို့ကတော့ နေရင်းထိုင်ရင်း အဲဒီဆရာမ စိတ်ကောက်ခံရပါလေရော။ ဘက်လိုက်တယ်လို့ အစွပ်စွဲခံရပါလေရော။
တခေါက်တုန်းကဆို အေအုပ်စုနဲ့ ဆရာမ ဒေါ်ခင်ငြိမ်း နေ့လည်စာ အတူသွားစားတာကို ဆန္ဒပြတဲ့အနေနဲ့ ကျွန်မတို့ ဘီအုပ်စုတွေ တခုခုလုပ်ဖို့ ဆုံးဖြတ်ကြပါတယ်။ တကယ်ဆို သူကဘီအခန်းအတန်းပိုင်မို့ ဘီခန်းကျောင်းသားတွေရဲ့ ခွင့်ပြုချက်လိုတယ်ဆိုပြီးတော့ပါ။ အေခန်းကျတော့ သူက ဘာသာရပ်ဆိုင်ရာ ဆရာမ ဖြစ်ပါတယ်။
ဒီလိုနဲ့ ကျွန်မနဲ့ သူငယ်ချင်းတယောက်က ဆရာမ၀င်လာရင် တတန်းလုံးမတ်တပ်ရပ် နှုတ်ဆက်ချိန်မှာ မရပ်ပဲ ပေပြီးထိုင်နေဖို့ အုပ်စုရဲ့သဘောတူညီချက်ရတယ်။ သူများမြှောက်ပေးတာကို ကျွန်မတို့ကလဲ တကယ်ကို လိုက်လုပ်ခဲ့ကြတယ်။ နောက်ပိုင်းနားလည်တတ်တဲ့အချိန်ရောက်လာတော့မှ ဆရာမကို ပြန် ကန်တော့ တောင်းပန်ခဲ့ရတယ်။ သြော်- ဆရာမသဘောထားကြီးပေလို့။ စိတ်တိုတတ်တဲ့ ဆရာမမျိုးသာဆိုရင် `ငါ့ကို ကျောင်းသားတွေရှေ့ မခန့်လေးစားလုပ်ရလား` ဆိုပြီး ထရိုက်ရင် နေရင်းထိုင်ရင်း နာဦးမှာ။
ဒီလိုနဲ့ တနေ့ကျတော့ အင်္ဂလိပ်စာ အမှတ်ထွက်ပါလေရော။ အေခန်းက တယောက်က အင်္ဂလိပ်စာမှာ ပိုတော်ပါတယ်။ ဒါကို ကျွန်မတို့ စာကြိုးစားသူ အချင်းချင်းကတော့ သိပါတယ်။ မြွေမြွေချင်း ခြေမြင်ပါတယ်။ ဒါပေမယ့် ဘီအုပ်စုထဲက တယောက်က အေအုပ်စု အမှတ်ပိုများသွားတာ မကျေနပ်ဘူး ဖြစ်လာတယ်။ အဲဒါဆရာမမျက်နှာလိုက်ပြီး အမှတ်ပိုပေးတာပဲဖြစ်ရမယ်၊ ဆရာမကို သီတင်းကျွတ်သွား ကန်တော့ထားတာပဲဖြစ်ရမယ်နဲ့ မကျေမနပ်ဆိုပါလေရော။ သူ့အဆိုကို အားလုံးကလဲ သံယောင်တွေ လိုက်ကြပါတော့တယ်။
ကိုယ်ညံ့လို့ ကိုယ်ရှုံးတာကို မဆီမဆိုင် ဆရာမကိုပြောနေကြတော့ ကျွန်မလဲ ခံနိုင်ရည်မရှိပါ။ ဒီလို မဟုတ်ကြောင်း၊ ကျွန်မတို့က သူ့လောက်မတော်တာဖြစ်ကြောင်း၊ အတန်းတင်စာမေးပွဲမှာ ယှဉ်နိုင်အောင် ပိုမိုကြိုးစားရမှာ ဖြစ်ကြောင်း ပြောပြဖြစ်ပါတယ်။
အဲဒီတော့ ကျွန်မကို တယောက်က ဒေါသတကြီးထပြောတယ်။
`နင်ဘယ်အုပ်စုဘက်မှာ ပါနေတာလဲ။ ဟိုလိုလို၊ ဒီလိုလိုမလုပ်နဲ့။ ဘာလို့ အေအုပ်စု တော်တဲ့အကြောင်းကို ပြောရတာလဲ။ ငါတို့ညံ့တာက ဘာလို့ပြောနေတာလဲ။ နင့်ကို မခေါ်တော့ဘူး။ တခြားလူတွေကိုလဲ နင့်နဲ့မပေါင်းဖို့ လိုက်ပြောမယ်` ဆိုပဲ။
ကဲ-ဘယ်လိုလုပ်ရပါ့။
အဲဒီတုန်းကတော့ ကလေးပီပီ ပြန်ပြောမိတယ်။
`ငါ့အဖိုးကပြောဖူးတယ်။ ရန်သူပေမယ့်လဲ ချီးကျူးစရာရှိရင် ချီးကျူးရမှာပဲတဲ့။ သူတော်လို့တော်တယ် ပြောတာ ဘာဖြစ်လဲ။ သူ့လိုတော်ချင်ရင် တော်အောင်ကြိုးစားကြပေါ့။ ငါ့ကို မခေါ်တာနဲ့ပဲ နင်တို့က ဟိုကအုပ်စုကို နိုင်သွားမှာမှ မဟုတ်တာ` ဆိုပြီးတော့ပါ။
တကယ်တော့ လူတိုင်းမှာ ရပ်တည်ချက်ဆိုတာရှိကြစမြဲပါ။ ကိုယ်ပိုင်ရပ်တည်ချက်၊ ကိုယ်ပိုင် အတွေးအခေါ်တွေနဲ့ အားလုံးဟာ ကိုယ်လျှောက်တဲ့လမ်းကို ကိုယ်ဖော်ဆောင်ကြပါတယ်။ ဒါပေမယ့် ရပ်တည်ချက်တူနေတိုင်း အမြင်တွေပါတူမယ်လို့ မဆိုနိုင်ပြန်ပါဘူး။
အမှုတခုဆိုပါစို့။ တရားသူကြီးနေရာက ကြည့်တဲ့အမြင်၊ တရားလိုရှေ့နေကကြည့်တဲ့အမြင်၊ တရားခံရှေ့နေက ကြည့်တဲ့အမြင်၊ ရုံးမှာ လာနားထောင်သူတွေရဲ့အမြင်ဆိုပြီး အမြင်အမျိုးမျိုး ရှိစမြဲပါ။ တရားလိုရှေ့နေတယောက်အနေနဲ့ တရားခံရှေ့နေစဉ်းစားနိုင်မယ့် အချက်တွေကို စဉ်းစားလိုက်မိတာနဲ့ပ၊ဲ တဘက်ကတော်တာကို ချီးမွမ်းပြောဆိုလိုက်တာနဲ့ပဲ ဒီရှေ့နေတော့ ဘက်ပြောင်းသွားပြီလို့ ပြောလို့မရပါဘူး။
မဟာဗျူဟာ လေ့လာရေးမှာ အဓိကအကျဆုံးက ကိုယ့်အားသာချက်၊ တဘက်လူအားသာချက်၊ ကိုယ့်အားနည်းချက်၊ တဘက်လူအားနည်းချက် တွေကို ချိန်ထိုးလေ့လာပြီး၊ အခွင့်အရေးတွေ၊ အနှောင့်အယှက်တွေကို ဘက်နှစ်ဘက်စလုံးကနေ ချိန်ဆသုံးသပ်နိုင်မှုပါပဲ။ (strength-weakness- opportunity- threat analysis) လို့ ပြောကြတယ်။
ဒီလိုသုံးသပ်မှုလုပ်နိုင်ဖို့ ကိုယ့်ရပ်တည်မှုဘက်ကနေ မဟုတ်ပဲ ရန်သူ့ဘက်ကအမြင်နဲ့ ခြေလှမ်းတွေကိုလဲ ထည့်သွင်းစဉ်းစား ပြောဆိုရတာတွေ ရှိတတ်ပါတယ်။ ဒါကို ရပ်တည်ချက် ပြောင်းသွားပြီ စွပ်စွဲလို့မရပါ။ ရန်သူ့အားသာ ချက်တွေ ဖော်ထုတ်ထောက်ပြတာမှုဟာ ဘက်လိုက်ပြောဆိုနေတယ်လို့ ထင်မြင်ရမယ့် ကိစ္စရပ် မဟုတ်ပါ။ ကိုယ့်မဟာဗျူဟာမှာ ထည့်သွင်းစဉ်းစားရမယ့် အချက်သာ ဖြစ်ပါတယ်။
ဘေးကနေထိုင်ကြည့်နေတဲ့ ပရိသတ်မှာလဲ အမြင်အမျိုးမျိုး ရှိနိုင်ပါတယ်။ တရားလိုနဲ့ ပတ်သက်သူတွေရှိသလို၊ တရားခံနဲ့ပတ်သက်သူတွေလဲရှိပါတယ်။ ဘယ်သူနဲ့မှ မပတ်သက်သူတွေလဲ ရှိပါတယ်။ ဒါကို ရှေ့နေနှစ်ယောက်က ပရိသတ်တွေကိုသွားပြီး ရန်လိုက်မဖြစ်ပါ။ ကိုယ်ပြောတာ လက်မခံတာနဲ့ပဲ ကြံရာပါဆိုပြီး တရားခံလိုက်ဆွဲထည့်ရိုး ထုံးစံလဲ မရှိပါ။
တကယ်တော့ လောကမှာ နေရာတိုင်းအဖြူချည်း၊ အမည်းချည်းဆိုတာ ရှိတာမဟုတ်ပါဘူး။ အ၀ါရောင်လဲရှိပါတယ်။ အနီရောင်လဲရှိပါတယ်။ အနီရောင်မြင်ရတာကို အဖြူရောင်အုပ်စုလူက အဖြူရောင်ပဲမြင်တယ်ပြောရမယ်၊ အမည်းရောင်အုပ်စုလူက အမည်းရောင်ပဲ မြင်တယ်ပြောရမယ်လို့ အုပ်စုဖွဲ့သတ်မှတ်တာမျိုးတွေက သဘာဝ သိပ်မကျလှပါဘူး။ လူ့အတွေးအခေါ်၊ အမြင်တွေကို စော်ကားရာလဲကျပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လူသားတယောက်အနေနဲ့ အမှန်တရားဆိုတာကို လေးစားတန်ဖိုးထားကြဖို့ လိုအပ်ပါတယ်။ အုပ်စုတခုတွင်းမှာ ရပ်တည်သူပဲဖြစ်ဖြစ်၊ ပရိတ်သတ်ပဲဖြစ်ဖြစ် ဘယ်သူမဆို ကိုယ်မြင်တဲ့အမြင်ကို ဖော်ထုတ်ရဲရပါမယ်။ ဒါကိုလဲ လေးလေးစားစား အသိအမှတ်ပြုကြရပါမယ်။ အလုပ်ပိုင်းမှာကတော့ `အမြင်တူတာမှာ တွဲလုပ်၊ မတူတာမှာ ခွဲလုပ်`ကြရုံပါပဲ။ ဒါကကျတော့ ရပ်တည်ချက်နဲ့ ဆိုင်သွားပါပြီ။
ဒါပေမယ့် `ငါနဲ့မတူငါ့ရန်သူ``ငါဖြူရင် နင်လိုက်ဖြူရမယ်။ မဖြူဘူးဆိုရင် နင့်ကို အမည်းလို့သတ်မှတ်မယ်` ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ ဆိုရင်တော့ အကျိုးယုတ်တာပဲ အမြတ်ထွက် လာနိုင်တယ်လို့ တွေးမြင်ပါကြောင်း။

Add comment