Thursday, September 26, 2013

ရှိသင့်ရှိထိုက်သော မျိုးချစ်စိတ်ဓါတ်များ ကြွယ်ဝနိုင်ပါစေ

                        (၆၆)ကြိမ်မြောက်မွန်အမျိုးသားနေ့ ရန်ကုန်



စက်တင်ဘာ၂၈ ကစပြီး ၃ ရက်တိုင် မွန်ပြည်နယ် မြို့တော်ခန်းမ၌ လာမည့်ဒီဇင်ဘာလတွင် မော်လမြိုင်မြို့ ပေါ်၌ မြန်မာနိုင်ငံ လွတ်လပ်ရေး  ရရှိပြီးနောက် ပထမအကြိမ်  မွန်တိုင်းရင်းသားများ မျက်နှာစုံညီလာခံ တ ရပ်အား အဆင်ပြေချောမွေ့ကျင်းပနိုင်ရန် ရှေ့ပြေးအကြို နှီးနှောဖလှယ်ပွဲ တစ်ခု (သို့တည်းမဟုတ်) ပြည် တွင်းပြည်ပက မွန်အဖွဲ့အစည်း အသီးသီးတို့၏ အနာဂတ် မြန်မာ့နိုင်ငံအရေးနဲ့အတူ မြန်မာပြည် တွင်းက       မွန်ပြည်သူတို့၏ အနာဂတ်အတွက် အမြင်ချင်းဖလှယ်ကြမည်ဟု  ရင်၌အတိုင်းအဆမရှိ ၀မ်းသာ ကြည်နူး စွာ ကြားသိခဲ့ရပါသည်။
အပြင်ဘက်မှာတော့ ရွက်ဝါကြွေရာသီမို့ သစ်ရွက်ဝါလေးတွေသည် မိခင်ပင်စည်၏ အကိုင်းထက်ပေါ်မှ အစုလိုက် အပြုံလိုက် လေအဝှေ့မှာ မြေပြင်ပေါ် အချိန်တန်၍ ခနေကြရပါပြီ။ ဒါဟာ အချိန်တန်၍ မြေ ပြင်ပေါ် ကြွေကျရတဲ့ သက်ရွက်ဝါလေးတွေရဲ့ဘ၀ပါ။ ထိုနည်းတူစွာ ကမ္ဘာပေါ်က သက်ရှိသက် သတ္တ၀ါ အားလုံးသည်လည်း ရွက်ဝါလေးတွေနည်းတူ အချိန်တန်ရင်တော့ဖြင့် မိမိတို့ခင်တွယ်ရာ မိဘအသိုင်း အ၀ိုင်း၊ ပတ်ဝန်းကျင်တွေနဲ့ မလွဲမရှောင်သာ  ခွဲကွာကြရမည်ဖြစ်ပါသည်။
သို့သော်……
စက္ကန့်၊ မိနစ်၊ နာရီ  အချိန်တိုင်းနဲ့အတူ ဘယ်သော်အခါမှမပြောင်းလဲ နိုင်မဲ့ ရှင်သန်နေမြဲ အရာတခု က တော့ ဤကမ္ဘာပေါ်က လူမျိုးလူမျိုးတိုင်းတို့၏ သမိုင်းပါပဲ။ လူမျိုးကြီးတို့၏ မွေးရာပါ ဗီဇ မဟာစိတ် တွေနဲ့အတူ လူသူအင်အား၊ လက်နက်အင်အား၊ ဥာဏ်ပညာအင်အား တွေဖြင့် မိမိတို့ထက် အရာရာမှာ အားနည်းနေသော လူနည်းစုတို့၏ မွေးရာပါ ကိုယ်ပိုင်ဘာသာစကား၊ ယဉ်ကျေးမှု၊ စာပေ၊ ယုံကြည်ကိုး ကွယ်ရာ ဘာသာတရားတို့အား သွေးနှောစေခြင်းဖြင့်သော်လည်းကောင်း၊ အကြမ်းဖက်တဲ့ နည်းဖြင့်များ ဖြင့်ထိုလူနည်းစုတို့မျိုးနွယ်ကို ဤကမ္ဘာပေါ်မှ ပျောက်သွားစေသော်လည်း ထိုလူမျိုးစုတို့၏ ပကတိသ မိုင်း ကတော့ စီးဆင်းနေဆဲဧရာဝတီမြစ်ကြီးလိုရှင်သန်နေဆဲပါပဲ
ဥပမာ ပျုလူမျိုးတို့၏ သမိုင်း၊ ဒီလိုသာဓက အပြုသဘောဆောင် အခြေခံအကြောင်းရာအား နှီးနှော ဖလှယ်ပွဲ သို့ပြည်တွင်းပြည်ပက တက်ရောက်မည့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ ဆွေနွေးသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော်………။လာမည့်ဒီဇင်ဘာလ၌ မော်လမြိုင် မြို့ပေါ်တွင် ကျင်း ပခွင်ရရှိမည့် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ပထမအကြိမ်  မွန်တိုင်းရင်းသားများ ညီလာခံသည် သမ္မတဦးသိန်းစိန်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလအတွင်း  ပြည်တွင်းပြည်ပက မွန်အမျိုး သားအားလုံးတို့၏ အနာဂတ်အတွက် နောင်တွင် သမိုင်းတွင်မည့်  အရေးကြီးသည့်ညီ လာခံဖြစ်နေလို့ ပါပဲ။  
ထိုကြောင့်……
ပစ္စုပ္ပန်ကာလတွင် အမျိုးသားလွတ်မြောက်ရေးအတွက် သော်လည်းကောင်း ၊  ကိုယ်ကျိုးစီးပွားရေး အ တွက်သော်လည်းကောင်း ၊ရုန်းကန်နေရသော လူမျိုးတိုင်း၊ လူတိုင်းလူတိုင်းသည် အနာဂတ်အတွက် စဉ်းစားကြရာ၌ အတိတ်ကိုတော့ ပြန်ပြောင်းသတိရမိ မှာ အသေအချာပါပဲ။ အတိတ်သည် အနာဂတ်၏ ရည်မှန်းရာပန်းတိုင်တခုအတွက် မီးပြတိုက်တခုဆိုရင်မမှားပါ။
မွန်လူမျိုးတို့၏  အတိတ်သမိုင်းကြောင်းကို ပြန်လန်ကာ  ဆန်းစစ်ကြည့်ရရင်ဖြင့် မွန်တို့သည် မြင့်မြတ် သော မွန်ခမာအနွယ်မှ ဆင်းသက်လာသော လူမျိုးတမျိုးဖြစ်သည့် အားလျှော်စွာ ရေကြည်ရာ မြက်နုရာ သို့ခေတ်အဆက်ဆက် ရွေ့ပြောင်းကြရာတွင် ကိုယ့်အားကိုယ်ကိုးတတ်ကြပြီး၊ ကိုယ်ပိုင်တီထွင်အကြံ အဆတွေနဲ့ ပြီးပြည့်စုံတဲ့ လူမျိုးဖြစ်သည့်အပြင် ရဲရင့်ပြီး ရိုးသားသောစိတ်ထားနှလုံးသား ပိုင်ဆိုင်သူ များ ဖြစ်ကြပါသည်။ ဒီ့အပြင်ယုံကြည်ကိုးကွယ်ရာ ဘာသာတရားတွေနဲ့ ပြီးပြည့်စုံသည့် လူမျိုးတမျိုးဖြစ်ပြီး၊ တခါတရံမှာ ကိုယ်ချင်းစာ အားနာမှုအတွေနဲ့အတူ မလိုအပ်ပဲအချင်းချင်းမာန တရားတွေ ပြတတ်ကြပါ တယ်။ ဒီအချက်တွေကိုလည်း နှီးနှောဖလှယ်ပွဲသို့   တက်ရောက်ကြမည့်ကိုယ်စားလှယ်များ ထည့်သွင်း စဉ်းစားရပေမည်။
အေဒီ ၅၇၃ ခုနှစ်တွင် မွန်ညီနောင်နှစ်ပါးဖြစ်ကြသော သမလ၊၀ိမလတို့ထူထောင်ခဲ့သော မွန်နေပြည် တော်ဟံသာဝတီ သည် အေဒီ ၁၇၅၇ ခုနှစ်တွင် ဦးအောင်ဇေယျဦးစီးသော ဗမာ့ပဒေသရာဇ် လက် အောက်သို့ ကျရောက်ခဲ့ရသည့် အဓိက အကြောင်းရင်း တရပ်ကား  ပဒေသရာဇ်ခေတ်က ခေတ် အဆက်ဆက် အုပ်ချုပ်သူ မွန်ပဒေသရာဇ်ခေါင်းဆောင်တွေနဲ့ မွန်လူမျိုးတို့၏ စည်းလုံးညီညွတ်မှုအား နည်းခြင်းကြောင့်ပဲ ဖြစ်တယ်ဆိုတာ အားလုံးအသိပင်ဖြစ်ပါသည်။
နှီးနှောဖလှယ်ပွဲတွင် အဓိကပါဝင်ဆွေးနွေးကြမည့် ဦးဆောင်နိုင်ငံရေး ပါတီများသည် ဤနှီးနှောဖလှယ်ပွဲ မှတဆင့်လာမည့်ဒီဇင်ဘာလတွင် ကျင်းပမည့်မွန်တိုင်းရင်းသားညီလာခံ၌ ယခုလက်ရှိ အများစုသော မွန်ု ပြည်သူတွေ လိုလားတောင့်တနေကြတဲ့ မွန်ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ နှစ်ပါတီ အပြီးသတ် ပူးပေါင်းနိုင်ရန်နည်းလမ်းအား ရှာကြံနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။
အဘယ်ကြောင့်ဆိုသော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့  ပြည်ခိုင်ဖြိုးပါတီိတို့ တနိုင်လုံးအတိုင်း တာဖြင့် ပါဝင်ယှဉ်ပြိုင်မည့် (၂၀၁၅) အထွေထွေရွေးကောက် ပွဲသည် မွန်ဒီမိုကရေစီနှစ်ပါတီ အတွက်အထူးစိန်ခေါ်မှုတရပ်ဖြစ်နေလို့ပါပဲ။ ပြီးခဲ့သော (၂၀၁၀) ရွေး ကောက်ပွဲတွင် တတ်သိပညာရှင်အများစုဖြင့် တည်ထောင်ထားခဲ့သည့် မွန်ဒေသလုံးဆိုင်ရာမွန် ဒီမို က ရေစီပါတီ  လွှတ်တော်အမတ်(၁၆)နေရာ အနိုင်ရရှိခဲ့ခြင်းသည်   အဲဒီအချိန်တုန်းက ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်တဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ပါဝင်ယှဉ်ပြိုင်မှုမပြုလို့သာ မျက်နှာပန်းလှခဲ့ သည်ဆိုတာ ယုံမှားစရာမရှိပါ။
ဤနှီးနှောဖလှယ်ပွဲမှ မွန်ဒီမိုကရေစီနှစ်ပါတီ ပူးပေါင်းနိုင်ရေးအတွက် အကယ်၍သာနှစ်ဖက်စလုံးမှ ဦး ဆောင်သူများသည် စေတနာပြည့်ဝစွာဖြင့် မွန်တမျိုးသားလုံး၏ အနာဂတ်ကို ရှေ့ရှုကြမည်ဆိုရင် မပြေ လည်စရာအကြောင်းမရှိပါ။ တတိယနိုင်ငံရောက် တတ်သိပညာရှင်များတို့သည်လည်း မိမိတို့ နှင့်သက် ဆိုင်ရာတတိယနိုင်ငံအသီးသီးတို့ရဲ့ ဒီမိုကရေစီနည်းကျကျ ပြသနာဖြေရှင်းနည်း၊ နှစ်ဦးနှစ်ဖက် အမြင် ကွဲပြား မှုကို စေ့စပ်ညှိနှိုင်းပြေလည်စေတဲ့နည်း တွေကိုလည်း ဤနှီးနှောဖလှယ်ပွဲ၌ ဆွေးနွေးတင်ပြ သင့် ပါသည်။
ထို့အပြင်ယနေ့လက်ရှိမြန်မာနိုင်ငံအနေဖြင့်အသင့်တော်ဆုံးဖက်ဒရယ်ပြည်ထောင်စုမူအကြောင်းကို လည်း တတ်သိပညာရှင်များတွေအနေဖြင့် အကျယ်တ၀င့်ဆွေးနွေးသင့်ပါသည်။ ကိုယ်ပိုင်စာပေ၊ ကိုယ် ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကား၊ ယုံကြည်ကိုးကွယ်ရာ ဘာသာတရားတို့ဖြင့် ပြီးပြည့်  စုံနေတဲ့ တိုင်းရင်းသားပေါင်းစုံနေထိုင်နေတဲ့ မြန်မာနိုင်ငံအနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် သာလျှင် အ သင့်တော်ဆုံးဟု ထင်မိပါသည်။
မြန်မာနိုင်ငံလွတ်လပ်ရေး မရမီ (1946) ခုနှစ်တွင် မွန်တိုင်းရင်းသားအစည်းအရုံးက ဦးစီးပြီး ပထမအ
ကြိမ်ညီလာခံ တရပ်ကျင်းပခဲ့ဖူးရာ ယင်းညီလာခံမှ (က)သာသနာသက္ကရာဇ်( ၁၁၁၆) ခုနှစ် တပို့တွဲလ ပြည့်ကျော် ( )ရက်နေ့ တွင်ဟံသာဝတီနေပြည်တော်အား စတင်ထူထောင်သော နေ့အား မွန်အ မျိုး သားနေ့ အဖြစ် သတ်မှတ်ပေးရန်။ () ဖဆပလခေတ် လာမည့်ရွေးကောက်ပွဲတွင် မွန်အမျိုးသား တို့ အတွက်သီးခြားမဲစာရင်းမဲ ဆန္ဒနယ်မြေ  သတ်မှတ်ပေးရန်။ တောင်းဆိုမှုအား ဖဆပလ မလိုက် လျော လျှင် ရွေးကောက်ပွဲ အားသပိတ်မှောက်ရန်တို့ ဖြစ်သည်။ ညီလာခံမှဆုံးဖြတ်ချကအတိုင်းမွန်အမျိုးသား တို့တောင်းဆိုမှုကြောင့် မွန်အမျိုးသားနေ့အား ကျင်းပ လာခဲ့သည်မှာ (၆၆)ကြိမ်ရှိလာခဲ့ပြီဖြစ်ပါသည်။
ထိုကြောင့်(၂၀၀၈) အခြေခံဥပဒေနဲ့အတူ မြန်မာနိုင်ငံဒီမိုကရေစီ အပြောင်းအလဲကာ လ၌ပြည်တွင်း ပြည်ပကမွန်နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းပေါင်းစုံတက်ရောက်တဲ့ ဤနှီးနှောဖလှယ်ပွဲသည် ခက်ခဲသော ဆုံးဖြတ်ချက်တွေနဲ့ ရင်ဆိုင်နိုင်ရမည်မှာမလွဲပေ။ သို့သော် စည်းလုံးညီညွတ်မှု အင်အား၊ ဥာဏ်ပညာ အင်အား၊ အတွေ့အကြုံတို့ဖြင့်ပေါင်းစပ်ပြီး အခက်အခဲကို ကျော်ဖြတ်နိုင်မည်ဟုယုံကြည် နေမိပါသည်။  
                     
                                            သာထွန်းမွန်
                                                             

Sunday, September 15, 2013

ဟင်္သာတို့ရဲ့ တနင်္လာ

မွန်အရှင် ကောသလ္လ(ဘီအေ-ဓမ္မာစရိယ)၏ "ဆင်ယင်ထုံးဖွဲ့မှု၌မိမိရိုးရာအတိုင်း
ဝတ်စားဆင်ယင်ထုံးဖွဲ့ခြင်းသာလျှင်ဘယ်မမုန်းနိုင်စံပယ်ကုံးခိုင်
ဖြစ်တော့သည်။”ဟူသောအဆိုသည်မွန်လူမျိုးတို့အတွက် ဘယ်သော
အခါမှမရိုးနိုင်သော၊ ရင်၌အမြဲသိမ်းဆည်းထားရမည့် သြ၀ါဒပင်ဖြစ်ပေသည်။ ထိုကြောင့် မွန်ဖြစ်သော်လည်း မွန်စကား၊မွန်စာမတတ်ပေမဲ့ မိမိလူမျိုး၏
ရိုးရာဝတ်စုံကို ရောက်ရာနေရာဒေသ၊ ပတ်ဝန်းကျင်၌ တနင်္လာနေ့ရောက်
တိုင်း အိမ်၌သော်လည်းကောင်း၊ ကျင်းပရာပွဲလမ်းသဘင်၌သော်လည်း
ကောင်း မြတ်မြတ်နိုးနိုး ၀တ်ဆင်ခြင်းအားဖြင့် မိမိသည်မြင့်မြတ်သော
မွန်အမျိုးအနွယ်မှဆင်းသက်သူဖြစ်ကြောင်း လူမျိုးခြားတွေ သိပါလိမ့်မည်။ ထို့အပြင်မွန်လူမျိုးတို့သည် မွန်ညီအကို “သမလနဲ့ဝိမလ”တို့၏ကျေးဇူး
ကြောင့်“ဟံသာဝတီ” ဟူသောကိုယ့်ထီးကိုယ့်နန်းဖြင့်နေလာခဲ့သော
လူမျိုးတစ်မျိုးဖြင့်သည့်အပြင်၊ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ယုံကြည်ကိုးကွယ်ရာဘာသာတရားတို့နဲ့ ပြီးပြည့်စုံတဲ့ လူမျိုးတစ်မျိုးဖြစ်
ကြောင်းကိုဂုဏ်ယူဝင့်ကြွားနိုင်မည်ဖြစ်ပေသည်။ မွန်လူမျိုးတို့၏တန်ဖိုး
ထားစရာ “တနင်္လာနေ့”နဲ့ပတ်သက်၍ ကျနော်ကဗျာတပုဒ်ရေးခဲ့ဖူးပါတယ်။


"ဟင်္သာတို့ရဲ့ တနင်္လာ"



ကောင်းကင်ညိုညို
တိမ်တိုက်လူးလွင့်
မိုးစက်ပွင့်တို့ကြွေ။

သည်းလွန်းသောမိုး မစဲပေမယ့်လည်း
အနာဂတ်ကြယ်တို့ လင်းလက်ခိုနား
ရာမညဌာနေ တက္ကသိုလ်မြေမှာ
တနင်္လာနေ့ဆို အများသူငါ "ငါတို့မွန်သည်”
အနီရောင်ပုဆိုး အင်္ကျီဖြူကို
ဂုဏ်ယူစွာဖြင့် ၀တ်ဆင်ကြသမို့
ငါတို့လူမျိုး မြင့်မြတ်ဂုဏ်ကို
လူမျိုးခြားအလယ်၌
ပြခဲ့ကြတယ်။

မိုးအကုန်ဆောင်းအကူး
မြူမှုန်အုပ်ဆိုင်း
နှင်းစက်ပွင့်တို့ဝေ။

အေးလွန်းသောဆောင်း ခိုက်ခိုက်တုန်လည်း
အနာဂတ်ကြယ်တို့ မှေးစက်ခိုနား
ရာမညဌာနေ တက္ကသိုလ်မြေမှာ
တနင်္လာနေ့ဆို သူသူငါငါ "ငါတို့မွန်သည်”
ဖြူကွက်ကြားအနီရောင်ပုဆိုး အင်္ကျီဖြူကို
ကျေကျေနပ်နပ် ဆင်မြန်းကြသမို့
ငါတို့လူမျိုး ဖြူစင်နှလုံးသား ရဲရင့်သွေးကို
သွေးချင်းညီနောင်တိုင်းရင်းသားအလယ်၌
ပြခဲ့ကြတယ်။

ဆောင်းနှင်းပြယ်သော်
နွေဦးကံ့ကော် သင်းရနံ့ဝေဆာ
တကိုယ်တည်းဥသြ
လွမ်းတေးလေးဆို။

ပူလွန်းတဲ့နွေ ချွေးစိုစေလည်း
အနာဂတ်ကြယ်တို့ ပျော်ပါးခိုနား
ရာမညဌာနေ တက္ကသိုလ်မြေမှာ
တနင်္လာနေ့ဆို ကျောင်းသွားဖော်သူငယ်ချင်း “ငါတို့မွန်သည်”
ပုဆိုးနီနီ အင်္ကျီဖြူကို အပြိုင်သူငါဝတ်ဆင်ကြသမို့
ငါတို့လူမျိုးယဉ်ကျေးမှုကို အဓိပတိလမ်းမပေါ်မှာ
ကြွားခဲ့ဖူးတယ်။ ။
                                                                                               သာထွန်းမွန်( ၁၅.၉.၂၀၁၃)

Wednesday, July 31, 2013

ရည်မှန်းရာ ပန်းတိုင် လျှောက်လှမ်း ကြရာဝယ်

  


ဒီမိုကရေစီ အရေးအတွက် သော်လည်းကောင်း ၊အမျိုးသားရေး အတွက် သော်လည်းကောင်း မွေးရာပါ ကိုယ်ပိုင် အခွင့်အရေး ရှိနှင့်နေပြီးသား တိုင်းရင်းသား များအား စည်းရုံး ရာတွင် အဓိက အခန်း ကဏ္ဍနေရာ၌ တက်ကြွစွာ ဦးဆောင် လှုပ်ရှားနေသော မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသော တိုင်းရင်းဖွား မြန်မာပြည်သူ ပြည်သားများသည် ဦးစွာ စေတနာ အရင်းခံ ရိုးသားဖို့ အထူး လိုအပ် လှပါသည်။ အထူးသဖြင့် အပြုသဘော အပြောအဆိုပါပဲ။
 
ဤဆောင်းပါးအား ရေးခဲ့သူ ကျနော်သည် ဒီမိုကရေစီ အရေး၌ သော်လည်းကောင်း၊ အမျိုးသား အရေး၌ သော်လည်းကောင်း စိတ်ဝင်စားမှု အပြည့် ရှိသော်လည်း နိုင်ငံရေး၌ တက်တက်ကြွကြွ လှုပ်ရှားနေသော နိုင်ငံရေး သမား တစ်ယောက်လည်း မဟုတ်ပါ၊ နက်နဲ ရှုပ်ထွေး လှသော နိုင်ငံရေး အကြောင်းကိုလည်း နားမလည်ပါ။ နားမလည်တာထက် မလုပ်တတ်တာက ပို၍ မှန်လိမ့်မည်။ ကောက်ကျစ် ပွေလီလှသော နိုင်ငံရေး သမားများကိုလည်း စိတ်မ၀င်စားပါ။ ဒါပေမဲ့ မြင့်မြတ်လှတဲ့ မွန်အမျိုးနွယ် တွင်းမှ ပေါက်ဖွား ဆင်းသက် လာခဲ့သူ ပီပီ မိမိ၏ဘ၀ မိမိ၏ လူမျိုး ဘယ်အခြေအနေ ရောက်စေကာမူ မိမိ၏ လူမျိုး သူတပါးထက် ရှေ့တန်း ရောက်အောင် တိုးတက် လာအောင် ကြိုးစားချင်သည့်စိတ်၊ ကြိုးစားနေသည့် စိတ်ကတော့ ရှိနေဆဲပါပဲ။ သို့သော် အစွန်းရောက် အမျိုးသား ၀ါဒီ တယောက်တော့ မဟုတ်ပါ။
 
ဒီမိုကရေစီ ဆိုတာဘာလဲလို့ အစွန်းရောက် တဦးတယောက်က ကျနော့်အား ခနဲ့ခဲ့ဖူးပါတယ်။ ဒီ့အတွက် ဒီမိုကရေစီ ဟူသည်မှာ “နိုင်ငံတိုင်းမှာ ရှိနိုင်ကြမဲ့ အကြမ်းဖက် ပဋိပက္ခဖြစ်လာမဲ့ အခြေအနေတွေကို ငြိမ်းချမ်းစွာ ဆွေးနွေးခွင့် ၊စေ့စပ် ညှိနှိုင်းမှုဖြင့် ဖြေရှင်းနိုင်အောင် ဒီမိုကရေစီက ဖန်တီး ပေးလိုက်တာပါပဲ။ နှစ်ပေါင်း များစွာ တည်ရှိနေခဲ့ကြတဲ့ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုတွေ ပပျောက်အောင် ဒီမိုကရေစီက မလုပ်ဆောင်နိုင်ပါဘူး၊ ဒါပေမဲ့ ဒီမိုကရေစီဟာ ယဉ်ကျေးတဲ့ နိုင်ငံသား၊ ယဉ်ကျေးတဲ့ အဖွဲ့အစည်းတွေကို ပေါ်ပေါက် စေပါတယ်။ ပြိုင်ဆိုင်သူ အချင်းချင်း ယဉ်ကျေးစွာ သည်းခံတဲ့ ဆက်ဆံရေးမျိုးကို ဒီမိုကရေစီက ဖြစ်ပေါ်စေပါတယ်။”  မိမိနဲ့ သဘော ထားချင်း မသက်ဆိုင် သူတွေကို ဘေးဖယ်ထားမယ် ၊ဆွေးနွေးစားပွဲ ၀ိုင်းထဲကနေ စွန့်ပစ်ထားခဲ့မည် ဆိုရင်တော့ ဒါဟာ ဒီမိုကရေစီ သဘော သဘာဝနဲ့ လုံးဝ ဆန့်ကျင် သွားသလို ၊မြင့်မြတ်လှတဲ့ မိမိ၏ အမျိုးအနွယ် သဘာဝနဲ့လည်း စော်ကားရာ ကျရောက်သွားနိုင်ပါတယ်။
 
ထိုကြောင့် အခြေခံ ဒီမိုကရေစီ စနစ်ကို ဆန့်ကျင်သောသူ၊ မြင့်မြတ်လှသော မိမိ၏ အမျိုးအနွယ် သဘာဝကို မထီမဲ့မြင်ပြု၍ မိမိကိုယ်ကျိုး အတွက် သော်လည်းကောင်း၊ မိမိ၏ မိသားစု အကျိုးစီးပွါးရေးနှင့် သော်လည်းကောင်း မိမိ၏ အလိုကို ဖြည့်ဆည်း ပေးတတ်တဲ့ ထပ်ဆင့် ကိုယ်ကျိုးရှာ အချောင်သမား အတွက် သော်လည်းကောင်း. .ရည်ရွယ် ထားခဲ့ပြီးကာ၊ မိမိအမျိုးနွယ်၏ အနာဂတ် မနက်ခင်း အလင်းရောင်ကို မှေးမှိန်အောင် လုပ်ဆောင် တတ်သောသူ၊ ထိုလူပုဂ္ဂိုလ်တို့၏ စိတ်နေ သဘောထားကို ကျနော့်အနေနဲ့ အာဏာရှင် စနစ်ကို မသိစိတ်က လက်ခံ အကောင်အထည်ဖော် ထောက်ခံနေသူ၊ သို့တည်းမဟုတ် အာဏာရှင်စနစ်ကို မသိစိတ်က သွယ်ဝိုက်သော နည်းဖြင့် အားပေး အားမြောက်ပြုနေသောသူ၊ ဒီအပြင် မပြည့်တဲ့ အိုးထဲမှာ ဘောင်ဘင်ခတ်နေသော “ရေမပြည့်တဲ့ အိုးထဲက ဘောင်ဘင်ခတ် နိုင်ငံရေး သမား၊”... အထူးသဖြင့် အစွန်းရောက် အမျိုးသား ၀ါဒီဟု. .ထင်ထင်သာသာ မြင်မိပါတယ်။
 
အဘယ်ကြောင့် ဆိုသော် အာဏာရှင် စနစ် ဆိုသည်မှာ “မူရင်း လက်တင် ဘာသာစကား Dictator မှ ဆင်းသက်လာသည်။ ပြောသည့် အတိုင်း လိုက်လုပ်စေခြင်းဟု အဓိပ္ပါယ် ထွက်သည်။ လူပုဂ္ဂိုလ် တဦးတယောက်တည်း၌ လုံးဝ ပြီးပြည့်စုံသော နိုင်ငံရေး အာဏာရှိသည့် အစိုးရ ပုံစံကို ဆိုလိုသည်။ နိုင်ငံရေး အဓိပ္ပါယ်မှာကား အုပ်ချုပ်ခံ ရသော လူတန်းစား များ၏ သဘော တူညီမှု ရယူရန် မလိုဘဲ လူတဦးက သို့မဟုတ် လူတစုက မိမိတို့ စိတ်ကြိုက် ဆောင်ရွက်ရန် အုပ်ချုပ်သွားခြင်းကို ခေါ်သည်။
 
ဥပမာ..ဒုတိယ ကမ္ဘာစစ်ကို ဖန်တီးခဲ့သော ဖက်ဆစ် ၀င်ရိုးစွန်းတန်း သုံးနိုင်ငံများမှ နာဇီဟစ်တလာသည် ဂျာမဏီ ပြည်တွင်း၌ စီးပွားရေးအရ အစစအရာရာ တိုးတက် ကြီးပွားနေသော တိုင်းရင်းဖွား ဂျုးလူမျိုးတွေကို မနာလို သ၀န်တို နာကျည်း လာသည်နဲ့အမျှ သူသည် လူမျိုးရေး၊ အမျိုးသားရေး အကြောင်းပြချက်ဖြင့် ဂျာမန်ပြည်သူတွေကို စ ည်းရုံးပြီး မိမိအာဏာ ရရှိရေး၊ မိမိမိသားစု၊ ခေါင်းညိတ် အပေါင်းအဖော် လူနည်းစု ကောင်းစားရေး အတွက် မိမိဆန္ဒနဲ့ လုံးဝဆန့်ကျင်နေတဲ့ ဂျုးလူမျိုးတွေကို စတင် သုတ်သင်ပြီး အိမ်နီးချင်း တိုင်းပြည်ပိုလန်ကို (၁၉၃၉) ခုနှစ်တွင်စတင် ကျုးကျော် ၀င်ရောက် တိုက်ခိုက်ရာက ဒုတိယ ကမ္ဘာစစ် မီးတောက်လောင် ခဲ့ရပါတယ်။
 
အမျိုးသား အစွန်းရောက်ဝါဒီ အာဏာရှင် နာဇီဟစ်တလာကြောင့် ဒုတိယ ကမ္ဘာစစ် အတွင်းမှ ကမ္ဘာ့ပြည်သူ သန်းပေါင်းများစွာရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ပျက်စီး ဆုံးရှုံး ခဲ့ကြရပါတယ်။. ဟစ်တလာ၏ အာဏာရှင် ဆန်ဆန် နှိပ်ကွပ်မှုအောက်မှာ ဂျုးလူမျိုးသန်းချီ မျိုးပြုတ်လုနီးပါး အသက် ရှုံးဆုံး ခဲ့ရပါတယ်။ သို့သော် နယ်ချဲ့ အင်္ဂလိပ် လက်အောက်၌ နှစ်ပေါင်းများစွာ နေလာခဲ့ရသော စစ်နဲ့ကင်းကင်းရှင်းရှင်း နေလိုသော အမေရိကန်သည် ဖက်ဆစ် ၀င်ရိုးစွန်းတန်း အဖွဲ့ဝင် ဂျပန်က (၁၉၄၁)ခုနှစ်တွင် အမေရိကန်ပိုင် ပုလဲ ဆိပ်ကမ်းကို စတင် ကျူးကျော်ရာက ဒုတိယ ကမ္ဘာစစ်ထဲ အမေရိကန် ပါဝင် လာရာကနေ အာဏာရှင် ဟစ်တလာ ရည်မှန်း ထားခဲ့သော ဂျုးလူမျိုး “မျိုးဖြုတ် သုတ်သင် ရှင်းလင်းရေးနဲ့အတူ” ဖက်ဆစ် အာဏာရှင် စနစ် တည်ဆောက်ရေး စစ်ပွဲသည် ဆုံးရှုံးမှုတွေနဲ့အဆုံးသတ်ပြီး ဆုံးခဲ့ရပါတယ်။
ဟစ်တလာသည်လည်း မိမိ၏ မိသားစုနဲ့ အတူ ရခဲလှသော လူ့ဘ၀ကို ဘယ်သူမပြု မိမိမှုဆိုသလို မိမိကိုယ်ကိုယ် အဆုံး စီရင်ခဲ့ပါတယ်။. သို့သော် ဟစ်တလာ ထားခဲ့သော မကောင်းဆိုးဝါး အမွေတွေကို ခါးသီးစွာ ယနေ့တိုင် ဂျာမန်ပြည်သူတွေ ပေးဆပ်နေရဆဲပဲ မဟုတ်ပါလား။
 
ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးတဲ့နောက် ဂျာမဏီနိုင်ငံသည် အရှေ့နဲ့ အနောက် ဂျာမဏီ အဖြစ် အရှေ့ဘာလင်၊ အနောက် ဘာလင်ဟူ၍ ဟစ်တလာ၏ မကောာင်းဆိုးဝါး အမွေကို လက်တွေ့ ခံစားရကာ၊ ဒုတိယ ကမ္ဘာစစ် အတွင်း၌ တရုတ်ပြည်ကြီးကို ကျုးကျော် တိုက်ခိုက်စဉ် တရုတ်ပြည်သူအား အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှု၊ အစုလိုက် အပြုံလိုက် မုဒိမ်းမှုတွေကြောင့် ယနေ့တိုင် ခေတ်အဆက်ဆက် ဂျပန် အစိုးရသည် တရုတ် ပြည်သူအား တောင်းပန်နေရဆဲပါပဲ။
 
ဤသို့ ဒုတိယ ကမ္ဘာစစ်ကို မီးမွှေခဲ့သော ဖက်စစ် ၀င်ရိုတန်း သုံးနိုင်ငံ ဂျပန်၊ ဂျာမဏီ၊ အီတလီတို့သည် စစ်ကြီး ပြီးဆုံး သွားသောအခါ စစ်ရှုံးနိုင်ငံများ အနေဖြင့် စစ်လက်နက် အသစ် တီထွင် ထုပ်လုပ်မှု၊ စစ်ရေးနယ်ပယ်၌ အမေရိကန် ဦးဆောင်သော စစ်နိုင် အုပ်စု၏ ကန့်သတ်မှုအောက်မှာ ဒီမိုကရေစီနိုင်ငံများ အဖြစ် ပြောင်းလဲလာကြကာ အကြီးစား စက်မှုလက်မှု နိုင်ငံကြီးများ အဖြစ် မွဲပြာကျတိုင်း ပြည်ကို ပြန်လည် ထူထောင်လာကြရပါတယ်။
 
ယခုအခါ ဒီမိုကရေစီ နိုင်ငံများ ဖြစ်ကြသော ဂျပန်၊ ဂျာမဏီ၊ အီတလီတို့သည် ကမ္ဘာထိပ်သီး ချမ်းသာကြွယ်ဝတဲ့ နိုင်ငံများ ဖြစ်လာကြပြီး နေတိုး အဖွဲ့ဝင်များ ဖြစ်သော ဂျာမဏီ၊ အီတလီနှင့် နေတိုး အဖွဲ့ဝင် မဟုတ်သော ဂျပန်နိုင်ငံတို့သည် ယနေ့ ခေတ်သစ် ကမ္ဘာပေါ်ရှိ ခေတ်သစ် စစ်အာဏာရှင် များကြောင့် သော်လည်းကောင်း၊ အကြမ်းဖက်ဝါဒကို အာပေး အားမြောက်သော အမျိုးသား အစွန်းရောက် အုပ်ချုပ်သူ လက်နက်အားကိုး အစိုးရတွေကြောင့် ကမ္ဘာပေါ်က သန်းချီဒုက္ခသည် အပြစ်မဲ့ ပြည်သူတွေကို ကမ္ဘာ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်တွေနဲ့ လက်တွဲကာ အာကာအကွယ် ပေးနေကြတဲ့ ဒီမိုကရေစီ နိုင်ငံကြီးများ ဖြစ်နေကြပါပြီ မဟုတ်ပါလား။ ပြည်သူတွေရဲ့လိုအင်ဆန္ဒ အ၀၀ကို ဖြည့်ဆည်း ပေးတတ်တဲ့ ဒီမိုကရေစီ စနစ်ကျင့်သုံးသော အစိုးရ များကြောင့်လည်း သွားလေရာနေရာ ရောက်လေရာ အရပ်မှာ ဂျာမဏီ ပြည်သူတွေ၊ ဂျပန် ပြည်သူတွေနဲ့ ယနေ့ အီတလီ ပြည်သူ ပြည်သားတွေဟာ ရေပြည့်အိုး ပမာ တည်တည်တဲ့တဲ့ ၀င့်ကြွား နေနိုင်ကြပြီ မဟုတ်ပါလား။
 
ထိုကြောင့် နိုင်ငံတော်၏ အာဏာကို လက်ရှိ ရယူထားသော အစိုးရသည် သော်လည်းကောင်း၊ လာမည့် (၂၀၁၅) အထွေထွေ ရွေးကောက်ပွဲ အပြီး တက်လာမည့် အစိုးရသစ် အနေဖြင့် သော်လည်းကောင်း၊  မြန်မာပြည် တွင်း၌ မှီတင်း နေထိုင်နေကြသော ဗမာ အပါအ၀င် ဘိုးဘွား အစဉ်အဆက် ကိုယ်ပိုင် ဘာသာစကား၊ ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင် စာပေ၊ ယုံကြည် ကိုးကွယ်ရာ ဘာသာ တရားတို့နဲ့ ပြီးပြည့်စုံ နေကြတဲ့ အားလုံးသော တိုင်းရင်းသားတို့ လိုလား တောင့်တနေကြတဲ့ ခေတ်နဲ့အညီ အားလျှော်စွာ  ဖက်ဒရယ် ပြည်ထောင်စု စံနစ် စစ်စစ်ကို ရိုးသား ပွင့်လင်းစွာ အကောင်အထည် ဖော်နိုင်မှ သာလျှင် လက်ရှိ အစိုးရ လိုလားတောင့်တနေတဲ့     ထာဝရ ငြိမ်းချမ်းရေးနှင့် အတူ ကမ္ဘာ့ အလယ်၌ ငြိမ်းချမ်း သာယာ ၀ပြောသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကို မြင်တွေ့နိုင်ပါမည်။ ။ 
                                              
                                                                       သာထွန်းမွန်(၃၁.၇.၂၀၁၃)
                                                                                 

Monday, May 6, 2013

ကန်နှင့်တရုတ် စစ်တလင်းကြားက မြန်မာ



 ရေးသားသူ- ဘာတေးလင့်တနာ

မြန်မာနိုင်ငံက နိုင်ငံရေးအခင်းအကျင်းကို ပွင့်လင်းစေရန်အတွက် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ဆောင်နေချိန်မှာပင် သရုပ်မှန်များက ပေါ်ထွက်လို့လာနေပါပြီ။ တရုတ်နှင့် နီးကပ်လှသော ဆက်ဆံရေးမှ ဖယ်ခွာ၍ အနောက်ကိုလှမ်းနေသော မြန်မာနိုင်ငံ၏လုပ်ရပ်က အာရှအခင်းအကျင်းကို ပြောင်းလဲလိုက်ကြောင်း ပြသလိုက်သဖြင့် ၀ါရှင်တန်နှင့် ဘေဂျင်းတို့၏ အကျိုးစီးပွားပဋိပက္ခ စတင်လာတော့သည်။

ထိုအခါ မြန်မာနိုင်ငံသည် အန္တရာယ်ကြီးသည့် အင်အားကြီးနှစ်နိုင်ငံတို့၏ အားပြိုင်မှုအကြား ရောက်နေသည့်အဖြစ်ကို တွေ့ရနိုင်သည်။ ဤအခြေအနေအောက်တွင် အစဉ်အဆက် အာဏာကြီးခဲ့သည့် မြန်မာစစ်တပ်က နိုင်ငံရေးနှင့် လူမှုအသိုင်းအ၀ိုင်းအတွင်း ၄င်းတို့၏ ချုပ်ကိုင်မှုအခန်းကဏ္ဍကို အချိန်အတော်ကြာ ထိန်းသိမ်းထားဦးမည်ဟု ယူဆရသည်။

ဝါရှင်တန်သတင်းရပ်ကွက်၏ အဆိုအရ အမေရိကန်သမ္မတ အိုဘားမားအစိုးရအဖွဲ့သည် မြန်မာနိုင်ငံအား ၄င်းတို့၏နိုင်ငံခြားရေးမူဝါဒတွင် ထိပ်တန်းဦးစားပေးနေရာ၌ ထားရှိသည်ဟုဆိုသည်။ ကုန်သွယ်မှုနှင့် အခြားဖလှယ်ရေးအစီအစဉ်များကို အားပေးနေပြီး ဧပြီ ၂၅ ရက်တွင် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ်ယွန်းက မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ ဆက်လက်ပြုပြင်ပြောင်းလဲမှုကို အားပေးသည့်အနေဖြင့် မြန်မာနှင့်စစ်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် နည်းလမ်းများကိုပင် စဉ်းစားနေကြောင်း ကွန်ကရက်ကို ပြောဆိုခဲ့သည်။

အမေရိကန်သည် မြန်မာနိုင်ငံအတွင်း သတင်းအချက်အလက်များ စုဆောင်းနိုင်မှုအခြေအနေကိုလည်း အလျင်အမြန် မြှင့်တင်နေလေသည်။ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသည် အရှေ့တောင်အာရှတစ်ခွင်လုံးတွင်ရှိသည့် သံတမန်မစ်ရှင်အားလုံးထက် ထောက်လှမ်းရေးလုပ်ငန်း ပိုမိုကျယ်ပြန့်နေသည်ဟု ယူဆရသည်။

ဘေဂျင်းက ဤအခြေအနေကို မနှစ်သက်လှတာကတော့ အဆန်းမဟုတ်ပါ။ နေပြည်တော်အစိုးရကို နိုင်ငံရေးဖိအားပေးရုံသာမကတော့ဘဲ မြန်မာနိုင်ငံအပေါ် အနောက်အုပ်စု၏လွှမ်းမိုးမှုကို ရပ်တန့်ရန်အတွက် ခပ်ကြမ်းကြမ်းခြေလှမ်းအချို့ကို တရုတ်အစိုးရက စတင်လာသည်။

ပြီးခဲ့သည့်နှစ်က တရုတ်လက်နက်ကုန်သည်များက တရုတ်-မြန်မာနယ်စပ်တစ်လျှောက် လှုပ်ရှားနေသည့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်(UWSA)ကို လက်နက်ပံ့ပိုးရာတွင် သာမန်ရိုင်ဖယ်သေနတ်၊ စက်သေနတ်၊ ဒုံးကျည်နှင့် HN-5 အတွဲမှ လူကသယ်ယူနိုင်သည့် ဝေဟင်ပစ်လက်နက်၊ (သို့မဟုတ်) MA-NPADS အဆင့်မဟုတ်တော့ဘဲ PTL-02 6x6 wheeled "Tankdestroyers" ခေါ် တင့်ကားဖျက်လက်နက် အပါအ၀င် အခြား တရုတ်လုပ် လက်နက်တပ်ဆင်ထားသော 4x4 ZFB-05s စစ်ပွဲသုံးယာဉ်များကို ပေးပို့ခဲ့သည်။ Jane's Defence အပတ်စဉ်က ဧပြီ ၂၉ ရက်ထုတ်ဂျာနယ်၌ ဖော်ပြထားသည့် သတင်းတွင် တရုတ်က UWSA ကို TY-90 အမျိုးအစား ဝေဟင်အချင်းချင်းပစ်နိုင်သည့် ဒုံးကျည် (TY-90 airto air missiles) များ တပ်ဆင်ထားသော 17 medium-transport ရဟတ်ယာဉ်အများအပြား ပေးပို့ခဲ့ကြောင်း ပါရှိလာသည်။

ဤဖြစ်စဉ်အားလုံးသည် ၀ါရှင်တန်နှင့် နေပြည်တော်အကြား ဆက်ဆံရေး သိသိသာသာ နွေးထွေးလာချိန်တွင် ဖြစ်ပေါ်လာသည်။ ပြီးခဲ့သည့်နှစ်အနည်းငယ်က မြန်မာနိုင်ငံသည် နိုင်ငံတကာ၏ အပယ်ခံဖြစ်ခဲ့သည်။ ၄င်း၏ ဆိုးရွားလှသော လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အမေရိကန်နှင့် ဥရောပနိုင်ငံများက စီးပွားရေးနှင့် သံတမန်ရေး ပိတ်ဆို့မှုများဖြင့် အနောက်နိုင်ငံများ၏ အကြဉ်ခံခဲ့ရသည်။ ထိုစဉ်က မြန်မာ၏ တစ်ဦးတည်းသော နီးနီးကပ်ကပ် မဟာမိတ်မှာ တရုတ်သာရှိခဲ့သည်။ ဘေဂျင်းအပေါ် မှီခိုမှုများလွန်းသဖြင့် မြန်မာကို ဘေဂျင်း၏လက်ဝေခံ ပြည်နယ်တစ်ခုအဖြစ် ဖော်ပြတတ်ကြသည်။

ထိုအရာအားလုံးသည် ၂၀၁၁ ခုနှစ်တွင် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ မြန်မာနိုင်ငံ သမ္မတသစ် ဦးသိန်းစိန် တက်လာပြီးနောက် နိုင်ငံရေးအကျဉ်းသားများကို လွှတ်သည့်လုပ်ရပ်များဖြင့် အပြောင်းအလဲများလုပ်ပြီး အနောက်နိုင်ငံကို လက်ကမ်းခဲ့သည်။ သတင်းဆင်ဆာကို လျှော့ပါးပေးခဲ့သည်။ နိုင်ငံရေးအတိုက်အခံများကို စည်းဝေးခွင့်များပေးခဲ့သည်။ နိုင်ငံခြားသတင်းထောက်များကို ယခင်ကကဲ့သို့ လျှို့ဝှက်ရဲများစောင့်ကြည့်မှု (သို့မဟုတ်) ပိတ်ပင်တားဆီးမှုများမရှိဘဲ ပြည်တွင်းမှ သတင်းပေးပို့ခွင့်ပြုခဲ့သည်။

အနောက်ကလည်း အလားတူတုံ့ပြန်ခဲ့သည်။ ၂၀၁၁ ဒီဇင်ဘာလတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည်။ ဆယ်စုနှစ်ပေါင်းများစွာအတွင်း ၀ါရှင်တန်မှ ဤအဆင့်ရှိ အစိုးရအရာရှိတစ်ဦး လာရောက်ခြင်းဖြစ်သည်။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာတွင် အိုဘားမားသည် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်လည်ပတ်သည့် အမေရိကန်သမ္မတအဖြစ် မြန်မာနိုင်ငံသို့ ရောက်လာခဲ့သည်။ ယခုနှစ် ဧပြီလ ၂၂ ရက်တွင် ဥရောပယူနီယံက လက်နက်မှလွဲ၍ ကျန်စီးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားခဲ့သည်။ ဥရောပ၀န်ကြီးချုပ်များနှင့် အခြားဥရောပမှ အကျော်အမော်များ မြန်မာပြည်ကို စုပြုံရောက်ရှိလာခဲ့ကြသည်။

ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန်ကလည်း အလားတူလုပ်ရပ်များ လုပ်ရန်ရှိသော်လည်း ဥရောပနှင့်မတူသည့်အချက်မှာ အမေရိကန်၏ ချဉ်းကပ်မှုတွင် စစ်ရေးအကြောင်းအချက်များ ပါဝင်နေခြင်းဖြစ်သည်။ ပထမခြေလှမ်းတစ်ရပ်အဖြစ် ယခုနှစ် ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံ၌ပြုလုပ်သော Cobra Gold စစ်ရေးလေ့ကျင့်မှု၌ မြန်မာစစ်တပ်ကို အမေရိကန်က ပထမဆုံးအကြိမ် ဖိတ်ခေါ်ခဲ့သည်။

အိုဘားမား၏ အာရှဆုံလည်ဟုခေါ်သော ဗျူဟာအရ ၀ါရှင်တန်သည် ဂျပန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံ စသည့် မဟာမိတ်များကို ထပ်မံအတည်ပြုခဲ့သည်။ ရန်သူဟောင်း ဗီယက်နမ်ကိုလည်း ဆက်ဆံရေးတိုးမြှင့်ခဲ့သည်။ သို့ရာတွင် အာရှတွင်း အမေရိကန်၏ သြဇာဖြန့်ကြက်မှုတွင် မြန်မာနိုင်ငံတစ်ခုတည်းကသာ တရုတ်အပေါ် ရိုက်ခတ်မှုရှိခဲ့သည်။

လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး ပံ့ပိုးကူညီရန် အမေရိကန်က အကြိမ်ကြိမ်ပြောဆိုနေပြီး မြန်မာနိုင်ငံကလည်း ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ လုပ်နေသည် ဆိုသော်လည်း မည်သူမှ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်မပြောသည့်အချက်မှာ တရုတ်၏ အင်အားကြီးထွားလာမှုနှင့် လွှမ်းမိုးမှုအကြောင်း ဖြစ်သည်။ ဤနေရာတွင် အမေရိကန်နိုင်ငံရေးသမားများနှင့် မြန်မာစစ်ဗိုလ်ချုပ်ကြီးများ စိတ်သဘောချင်း တိုက်ဆိုင်ကြပုံရသည်။

၂၀၁၁ ခုနှစ်ခန့်က စာရေးသူထံ မြန်မာစစ်တပ်တွင်းက ပေါက်ကြားလာသော မှတ်တမ်းများအရ အမျိုးသားရေးပြဿနာများနှင့် အရေးပေါ်ဆွေးနွေးချက်များပါရှိရာ တရုတ်က မြန်မာနိုင်ငံကို စီးပွားရေးအရ လွှမ်းမိုးရယူနေပြီး နိုင်ငံရေးအရလည်း စတင်၍ ချုပ်ကိုင်လာနေသည့်အကြောင်း၊ မြန်မာနိုင်ငံသည် လွတ်လပ်ရေးဆုံးရှုံးသွားနိုင်သည့် အန္တရာယ်နှင့် ကြုံတွေ့နေကြောင်း၊ ထို့ကြောင့် မြန်မာအနေနှင့် အနောက်ကို ကမ်းလှမ်းဖို့ လိုလာကြောင်း မှတ်တမ်းများ၌ပါရှိသည်။

တရုတ်နှင့် နီးကပ်လှသော မြန်မာ့ဆက်ဆံရေးကို မနှစ်သက်လှသဖြင့် ၀ါရှင်တန်အတွက်ကတော့ ဤသတင်းက နားဝင်ချိုလှသော်လည်း တစ်ချိန်တည်းမှာပင် မြောက်ကိုရီးယားနှင့် နေပြည်တော်က ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ဆက်ဆံရေး တည်ဆောက်နေသည့်အဖြစ်ကြောင့် မြန်မာကို လက်မခံနိုင်ခဲ့ပေ။

ဝါရှင်တန်သတင်းအရ ၂၀၁၀ ပြည့်နှစ်ကုန်ပိုင်းတွင် အိုဘားမားအစိုးရအဖွဲ့က အခြေခံမူဝါဒပြောင်းလဲရန် လိုအပ်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။ သံတမန်များက မြန်မာနိုင်ငံနှင့် စိတ်ဝင်တစား ဆက်သွယ်လာကြပြီး တရုတ်စက်ကွင်းက ဆွဲထုတ်နိုင်ရေး ပါဝင်လုပ်ဆောင်လာခဲ့သည်။ မြောက်ကိုရီးယားကိုလည်း အနောက်အာရှနှင့် အရှေ့တောင်အာရှတွင် စစ်ရေးမဟာမိတ်မရှိအောင် စီမံခဲ့သည်။ မြောက်ကိုရီးယားနှင့် မဟာမိတ် ပြတ်တောက်သွားစေခြင်းက ရေတိုတွင် အဓိကအကြောင်းတစ်ရပ် ဖြစ်သော်လည်း ရေရှည်တွင်မူ တရုတ်နိုင်ငံ၏ သြဇာတက်လာမှုက အဓိကအကြောင်းရပ်ဖြစ်နိုင်သည်။

မြန်မာနိုင်ငံက အပြောင်းအလဲတစ်ခုခုရှိမှသာ ၀ါရှင်တန်က မူဝါဒပြောင်းလဲနိုင်မည်ဖြစ်သောကြောင့် ပေါ်ပေါ်ထင်ထင် မရိုးသားသော ၂၀၁၀ ပြည့် ရွေးကောက်ပွဲအပြီး အရပ်သားတစ်ဝက် အစိုးရတက်လာချိန်တွင် အကြောင်းပြစရာတစ်ခုရခဲ့သည်။

သို့သော် အဓိကအတားအဆီးကြီးတစ်ခုက ကျန်ရှိနေပါသေးသည်။ ဒီမိုကရေစီပြယုဂ်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲအပြီး ရက်ပိုင်းအတွင်း သူ့ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။ လွှတ်ပြီးသည်နှင့် မြန်မာတိုင်းရင်းသားအရေး ဖြေရှင်းရန် စတင်လှုပ်ရှားခဲ့သည်။ ဖခင်ဖြစ်သူ လုပ်ကြံမခံရမီနှင့် လွတ်လပ်ရေးမရမီ တစ်နှစ်တွင် တိုင်းရင်းသားခေါင်းဆောင်များနှင့် သဘောတူညီချက်များရခဲ့သည့် ပင်လုံကိုရည်ညွှန်းပြီး သူက ဒုတိယပင်လုံဟုခေါ်ဆိုသည်။ ဤလုပ်ရပ်အတွက် အစိုးရနှင့် နီးစပ်သည့် ဘလော့ကာများက သစ္စာဖောက်ဟု ခေါ်ဆိုတိုက်ခိုက်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၂ ခုနှစ်တွင် ပြည်လုံးကျွတ်အောင်နိုင်ခဲ့ပြီး ယှဉ်ပြိုင်သည့်နေရာ ၄၄ နေရာအနက် ၄၃ နေရာကို ရရှိခဲ့သည်။သူ့မိန့်ခွန်းကို နားထောင်ရန် သောင်းနှင့်ချီသော ပြည်သူများက စုဝေးခဲ့ကြသည်။ သူ့မိန့်ခွန်းကို သောင်းသောင်းဖြဖြအားပေးခဲ့ကြသည်။ သို့သော် ထို့နောက်တွင်မူ သူ့ကိုနှစ်ရှည်လများ နေအိမ်အကျယ်ချုပ်ချထားခဲ့သော ဆိုးရွားလှသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိသည်ဟု သူကိုယ်တိုင် ကြိမ်ဖန်များစွာ ပြောဆိုခဲ့သောစစ်တပ်ကို ဒေါ်အောင်ဆန်းစုကြည်က စတင်ချီးကျူးလာသည်ကို တွေ့ရပြန်သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ဘီဘီစီနှင့် မေးမြန်းခန်းတွင် စစ်တပ်ကို သူ့ဖခင်တပ်ဟု အမြဲမှတ်ယူပြီး နှစ်သက်သဘောကျကြောင်း၊ ယခုကဲ့သို့ ပြောဆိုမှုအတွက် လူအများက မနှစ်သက်ကြကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

ယခုနှစ် မတ်လ ၂၇ ရက် တပ်မတော်နေ့တွင် ယူနီဖောင်းဝတ် စစ်ဗိုလ်ချုပ်ကြီးများကြား၌ တစ်ဦးတည်းသောအမျိုးသမီးအဖြစ် ရှေ့ဆုံးတန်းမှနေပြီး တပ်မတော်၏
နောက်ဆုံးပေါ် စစ်ရေးပြအခမ်းအနားကို တက်ရောက်ကြည့်ရှုခဲ့ပြန်သည်။

ယခုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်နှင့် သဘောတူညီချက် ရယူပြီးဖြစ်သည်မှာ ထင်ရှားလာနေသည်။ အမေရိကန်ကဲ့သို့သော ပြင်ပစစ်ခေါင်းဆောင်များနှင့် အလွမ်းသင့်အောင်ပေါင်းရန် ဖိအားရှိလာဟန်တူသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်အကြား နိုင်ငံရေးအရ နှစ်ခြမ်းကွဲနေသော မြန်မာနိုင်ငံကို အမေရိကန် မလိုလားပါ။ ဤကိစ္စကို အင်န်အယ်လ်ဒီအဖွဲ့ဝင်များကလည်း တိုးတိုးတိတ်တိတ် ၀န်ခံခဲ့ကြသည်။

၂၀၁၁ခု၊ သြဂုတ်လ ၁၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့ နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့ကြသည်။ ထိုအချိန်မှစ၍ ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်နှင့်အစိုးရကို ဝေဖန်မှုများမပြုလုပ်တော့ပါ။ ထိုနည်းတူ တိုင်းရင်းသားတိုက်ပွဲများနှင့် ပတ်သက်၍လည်း မည်မည်ရရပြောဆိုခြင်း မရှိတော့ပါ။ နိုင်ငံတော်လုံခြုံရေးကိစ္စဟု ယူဆပြီး စစ်တပ်၏တာဝန်ဟုသာ သတ်မှတ်ထားလိုက်သည်။

၂၀၁၁ စက်တင်ဘာလတွင် ကချင်ပြည်နယ်တွင် တရုတ်အထောက်အပံ့နှင့် ဆောက်လုပ်မည့် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံတန် မြစ်ဆုံဆည်ကို ရပ်တန့်ရန် အစိုးရ၏ဆုံးဖြတ်ချက် ထွက်ပေါ်လာသည်။ အောက်ခြေလူထုအထိ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာကြသော ဤလှုပ်ရှားမှုတွင် ရန်ကုန် အမေရိကန်သံရုံးက အကူအညီပေးထားသောသူများလည်း ပါဝင်ခဲ့သည်ဟု ၀ီကီလိခ်ကဖော်ပြသည်။

တရုတ်နိုင်ငံအတွက်မှာ မြန်မာနိုင်ငံသည် စီးပွားရေးနှင့် မဟာဗျူဟာအရ အရေးပါလှသည်။ မြစ်ဆုံအပြင် တရုတ်၏မြန်မာနိုင်ငံတွင်း
ရင်းနှီးမြှုပ်နှံမှုများမှာ ရေအားလျှပ်စစ်၊ ကြေးနီနှင့် အခြားရှားပါးသော သတ္တုများတူးဖော်ရေးတို့ဖြစ်သည်။ ပင်လယ်ရေကြောင်း ကုန်သွယ်ရာ လမ်းကြောင်းပေါက်သည့် ကြားခံပြည်လည်းဖြစ်သည်။ ထို့အပြင် ဘင်္ဂလားပင်လယ်အော်နှင့် အရှေ့အလယ်ပိုင်းမှ မလက္ကာရေလက်ကြားကို ရှောင်လွှဲပြီး စွမ်းအင်တင်သွင်းနိုင်မည့် ရေနံနှင့်သဘာဝဓာတ်ငွေ့လိုင်းကိုလည်း ဖောက်လုပ်ရန် စီစဉ်နေသည်။ ပြောရမည်ဆိုလျှင် တရုတ်သည် မြန်မာကို အမေရိကန်လက်ထဲ ထည့်မပေးနိုင်ပါ။ အကျိုးရလဒ်အနေနှင့် တရုတ်က နေပြည်တော်နှင့် သံတမန်ရေးရာ ကစားတော့သည်။ UWSA ကို ပံ့ပိုးနေသည့် တစ်ချိန်တည်းမှာပင် ကချင်လွတ်မြောက်ရေးအဖွဲ့ကေအိုင်အေနှင့် ငြိမ်းချမ်းရေးတွင် ကြားဝင်ဆောင်ရွက်ပေးသည်။ ဇန်န၀ါရီလ ၁၉ ရက်နေ့က တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီးဖုယင် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ပြီး ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် တွေ့ဆုံသည်။ တရုတ်ကစီစဉ်ပေးသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တရုတ်နယ်စပ်မြို့ ရွှေလီတွင် ကျင်းပပေးခဲ့သည်။ ကချင်နှင့် မြန်မာနှစ်ဖက်စလုံးကို ကြားဝင်စေ့စပ်ပေးမည့်အကြောင်း စကားပါးသည်။

မြန်မာအစိုးရကို ဆောက်လုပ်ရေးနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေါ်လာ ၅၂၇ သန်း ချေးငှားမည့်အကြောင်းနှင့် ကချင်နှင့်ဖြစ်ပွားသည့် စစ်ပွဲများကို ဖြေရှင်းပေးမည်ဟု ရေမှုတ်ကမ်းပေးနေချိန်တွင် UWSAကို ထောက်ပံ့ပေးမည့် အစီအစဉ်က တရုတ်၏ကြီးမားသော မီးစတစ်ခုဖြစ်နေသည်။

UWSA က အမှန်တကယ် အစိုးရကို စစ်ဆင်နွှဲရန် တရုတ်တို့က လိုလားလိမ့်မည်မဟုတ်ဟု လေ့လာသူအချို့က ယူဆခဲ့ကြသည်။ MAN-PADS လက်နက်တပ်ဆင်ထားသော စစ်သုံးယာဉ်နှင့် ဒုံးကျည်တပ်ဆင်ထားသော ရဟတ်ယာဉ်ထောက်ပံ့မှုတို့ကလည်း မြန်မာအစိုးရက “၀”တပ်ကို တိုက်ခိုက်မှုမရှိစေရန်
ရည်ရွယ်သည်ဟူ၍ ယူဆကြသည်။ ဤလုပ်ရပ်က တရုတ်သည် အမေရိကန်ကဲ့သို့မဟုတ်ဘဲ မြန်မာနှင့် ကပ်လျက်ရှိနေကြောင်း၊ ပြည်တွင်းတိုက်ပွဲများတွင် ပါဝင်ပတ်သက်၍နေကြောင်း၊ နေပြည်တော်က အမေရိကန်ဆီကို ပို၍နီးကပ်သွားမည်ဆိုလျှင် ဤသို့ပါဝင်ရန်ရှိကြောင်း တရုတ်တို့က သတိပေးလိုက်ခြင်းလည်းဖြစ်သည်။

တရုတ်-မြန်မာနယ်စပ် သတင်းရပ်ကွက်က အိုဘားမား၏ မြန်မာနိုင်ငံတစ်ရက်တာ ခရီးစဉ်ဖြစ်သော နိုဝင်ဘာလ ၁၉ ရက်ခရီးစဉ်တွင် တရုတ်တို့က နယ်စပ်တစ်လျှောက်လုံး လုံခြုံရေးအင်အား တိုးမြှင့်ချထားသည်ဟုဆိုသည်။ ဤလုပ်ရပ်သည် လုံခြုံရေးအရ လိုအပ်ခြင်းမရှိပါ။ သို့သော် သတင်းရပ်ကွက်တစ်ခုက ပြောသကဲ့သို့ဆိုရလျှင် အမေရိကန်က အဝေးမှာရှိနေချိန်တွင် တရုတ်က အနားတွင်ကပ်လျက်ရှိနေကြောင်း လှမ်းသတိပေးလိုက်ခြင်း ဖြစ်နိုင်သည်။ မြန်မာနိုင်ငံ အနေအထားသည် ၄င်း၏အနောက်နှင့် ဆက်ဆံရေးနှင့် အနီးရှိအင်အားကြီးနိုင်ငံ အကျိုးစီးပွားနှစ်ခုအကြား မြေစာပင်လိုဖြစ်လာခဲ့သည်။

Jane's လေ့လာဖော်ပြချက်အရ ရဟတ်ယာဉ်ရရှိခဲ့ပြီး တပ်တွင်းနောက်ဆုံးအဆင့် သိသိသာသာ တိုးမြှင့်ဖြည့်တင်းထားသော UWSA သည် အာရှမဆိုထားနှင့် ကမ္ဘာတစ်ဝန်းမှာပင်လျှင် အင်အားအကြီးဆုံးနှင့် အကောင်းဆုံးလက်နက် တပ်ဆင်ထားသည့် သူပုန်တပ်ဖြစ်လာသည်ဟု ဆိုသည်။

တရုတ်က နောက်ခြေလှမ်းတစ်ရပ်ကို မည်သို့လှမ်းမည်နည်း။ အမေရိကန်ကလည်း ထိုအချက်ကို တုံ့ပြန်ရန် ပြင်ဆင်သောအားဖြင့် မြန်မာအစိုးရကို စစ်တပ်အကြား ဆက်သွယ်ဆောင်ရွက်မှု အပါအ၀င် ၄င်း၏အကူအညီကို တိုးမြှင့်မလား၊ စောင့်ကြည့်ရန်သာ လိုပါတော့သည်။ သို့သော် မည်ကဲ့သို့သော ခြေလှမ်းပင်ဖြစ်စေကာမူ မြန်မာနိုင်ငံသည် အင်အားကြီးနှစ်နိုင်ငံ အားပြိုင်မှုအကြား ဆွဲသွင်းခံလိုက်ရပြီး နှစ်ဖက်စလုံးက အားပြိုင်လွှမ်းမိုးနေသောကြောင့် အခြေအနေကို ကိုင်တွယ်နိုင်ရန် မလွယ်ကူသည်ကတော့ အသေအချာပင်ဖြစ်တော့သည်။

(ဤဆောင်းပါးရှင် မြန်မာအရေးကျွမ်းကျင်သူ ဘာတေးလင့်တနာသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ စာအုပ်များစွာ ရေးသားထုတ်ဝေခဲ့ရာ Burma in Revolt: Opium and Insurgency, Land of Jade: A Journey from India through northern Burma to China, The Kachin: Lords of Burma's Northern Frontier, စသည့် စာအုပ်များကို ရေးသားထုတ်ဝေခဲ့သူဖြစ်သည်။ ဘာတေးသည် Asia Pacific Media ၏ ပင်တိုင်ဆောင်းပါးရှင်တစ်ဦးလည်းဖြစ်သည်။ Asia Time တွင် ပုံနှိပ်ဖော်ပြပြီးဖြစ်သော ယခုဆောင်းပါးမူရင်းအား ဆောင်းပါးရှင်ထံမှ 7Day Daily က ခွင့်ပြုချက်ရယူကာ ခင်မေဇော်က ဘာသာပြန်ဖော်ပြခြင်းဖြစ်သည်။)

Photo- AFP
7Day News Journal

Monday, March 18, 2013

“ကောင်းတဲ့ ပယောဂ”သမား (သို့မဟုတ်) ဟန်ဝင်းအောင်


 
ကိုဟန်ဝင်းအောင် (ယာအစွန်) ကို လက်ပံတောင်းဒေသတွင် တွေ့ရစဉ် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဆန္ဒပြ လှုပ်ရှားမှုများတွင် နောက်ကွယ်မှ ကြိုးကိုင်နေပြီး ဒေါ်အောင်ဆန်းစုကြည်အား ဆန့်ကျင်နေသော ခေတ်သစ်ဦးစောဟု ဆိုရှယ်မီဒီယာ ဖေ့ဘွတ်စာမျက်နှာများတွင် စွပ်စွဲပြောဆိုနေကြသည့် နိုင်ငံရေး အကျဉ်းသား မိသားစုများ ကူညီစောင့်ရှောက်ရေး ကော်မတီမှ တာဝန်ခံ ကိုဟန်ဝင်းအောင်ကို  အစီရင်ခံစာအပေါ် သဘောထား၊ စွပ်စွဲမှုများအပေါ် ထင်မြင်ချက်၊ ရှေ့ဆက်လုပ်မည့် အနေအထားတို့အား ရန်ကုန်အခြေစိုက် ဧရာဝတီသတင်းဌာန သတင်းထောက် မေစစ်ပိုင်မှ မေးမြန်းထားပါသည်။
မေး။    ။ ဖေ့ဘွတ်ခ် စာမျက်နှာတွေထက်မှာ တချို့ ဘလော့တွေမှာ ကိုဟန်ဝင်းအောင်ကို ခေတ်သစ် ဦးစော လို့ ပြောနေကြတယ်၊ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ဒါဟာ စစ်အာဏာရှင်စနစ် ထောက်ခံပြီး စစ်အကျိုးစီးပွားကို လိုလားတဲ့ ထောက်လှမ်းရေးသမားတွေနဲ့ ဦးပိုင် ကုမ္ပဏီဘက်ကို လိုက်ပြောတဲ့ သူတွေက ပြောတဲ့ အပြောတွေလို့ ပဲ သတ်မှတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အကြောင်းအရင်း အားလုံး မှားယွင်းနေတဲ့အတွက်ကြောင့်ပါ။ ပထမ တချက်က ဒေါ်အောင်ဆန်းစုကြည် က တုံရွာ၊ ဆည်တည်းရွာ၊ မိုးကြိုး ပြင်ရွာတွေမှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေက  ကျနော် နောက်ကနေ ရှိနေတယ်လို့ ပြောတာ စွပ်စွဲပြောဆိုချက်တွေပါ။  အဲဒါဟာ ထောက်လှမ်းရေးနဲ့ ဦးပိုင် အလိုတော်ရိတွေက ပြောတယ်လို့ ယူဆပါတယ်။
မေး။     ။ ဖြစ်ခဲ့တဲ့ပြဿနာတွေက ကိုဟန်ဝင်ေးအာင် ကြိုးကိုင်နေတာ ဆိုပြီး ပြောနေကြတယ်။
ဖြေ။    ။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ အရေးဆောင်ရွက်နေတဲ့ အင်အားစုတွေကို ထိခိုက်အောင် လုပ်ဆောင်ချင်တဲ့ စစ်ဘက် ထောက်လှမ်းရေးတွေရဲ့ ပြောဆိုချက်တွေပါ။  အသိပညာနိမ့်ပါးတဲ့ သူတချို့ရဲ့ ဝေဖန်ချက်တွေပါ။  အဲ့အချိန်မှာ ကျနော် နိုင်ကျဉ်းက ကိုသက်ဦးနဲ့ ရွာတရွာမှာရှိနေခဲ့တာပါ။ ဒေါ်စုကို လမ်းဆင်းလျှောက်ပါ၊ ဓားမြှောင်နဲ့ ထိုးမယ်လို့ ကျနော်က ပြောတယ် ဆိုပြီး ပြောဆိုနေခဲ့ကြပါတယ် ။ တော်တော်အခြေအနေ ရှုပ်ထွေးပါတယ်။ ဒါဟာ  ဝါဒဖြန့်တာ၊ ဒေါ်စုကိုလည်း သိက္ခာကျစေ၊ ကျနော့်ကိုလည်း သိက္ခာကျစေဆိုပြီး ကောလဟလ လွှင့်ခဲ့ကြတာပါ။  ဖြစ်နေနိုင်တာတခုက စနစ်ကျသော အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအဖွဲ့ တချို့ ပါလာနေပြီ။ ဒီမိုကရေစီအရေးဆောင်ရွက်နေတဲ့ အင်အားစုတွေကို သွေးခွဲဖို့အရေး လှုံ့ဆော်နေတဲ့ ကိစ္စတခုလို့ပဲ မြင်ပါတယ်။
မေး။    ။ ဆည်တည်းရွာမှာ ကိုဟန်ဝင်းအောင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တယ်ဆိုတာကော ဟုတ်လား။။
ဖြေ။     ။ တကယ်တန်း ပြဿနာတွေ ဖြစ်တဲ့အချိန်မှာ ကျနော် နိုင်ငံရေးအကျဉ်းသားကော်မတီက ကိုသက်ဦး၊ ABSDF က ကိုရဲမြင့် အပါအဝင် တခြား နိုင်ငံရေးသမားအချို့နဲ့ ရွာလေးတရွာမှာ စကားပြောနေတာပါ။ ဒီလူတွေကို အချိန်မရွေး ဆက်သွယ်ပြီး မေးလို့လည်းရတယ်။ ဆည်တည်းရွာမှာ ဖြစ်ပွားတဲ့ကိစ္စက အဆိုတော်ကိုလင်းလင်းရဲ့ ဖေ့ဘုတ် စာမျက်နှာပေါ် တင်လိုက်တဲ့ အချက်အလက်ပေါ့ဗျာ။ ကျနော်အပါအဝင် ငါးယောက်က ဓားမြှောင်နဲ့ထိုးဖို့ ဆိုပဲ။  အဲဒီအချိန်မှာ တခြားရွာတရွာမှာ ရန်ကုန်က လာတဲ့ဧည့်သည်တွေနဲ့ တွေ့နေတာပါ။   ဒေါ်အောင်ဆန်းစုကြည်က အင်မတန် ချစ်ခင်လေးစားစရာ ရေကာင်းပါတယ်။ တလှေတည်းစီး တခရီးတည်း သွားနေတဲ့သူတွေပါ။ သဘောထားကွဲလွဲစရာ ကန့်ကွက်စရာမရှိဘူး။ ဒေသခံတွေကတော့ စိတ်ဒဏ်ရာတွေဖြစ်နေတော့ ထိထိရောက်ရောက် မဖြေရှင်းနိုင်တော့ စိတ်ကွက်မှုလေးတွေရှိတယ်။ ဒေါ်စုကို ကန့်ကွက်ခိုင်းတာမဟုတ်ဘူး၊ ဦးပိုင် စီမံကိန်းဖျက်သိမ်းရေးကိုပဲ တောင်းဆိုကြတာပါ။ ဒေသခံတွေထဲက ဘယ်သူ့ကိုမဆို မေးနိုင်တယ်။ သူတို့ကို ကျနော်က ဓားနဲ့ထိုးမယ်ပြောတာ တကယ်သက်သေရှိသလား။
မေး။     ။ လက်ပန်းတောင်းတောင် ဆန္ဒပြမှု အစကတည်းက ဝင်ပါခဲ့တယ် မဟုတ်လား။
ဖြေ။     ။ ဟုတ်ပါတယ်၊ ဒီလို ပြောဆိုနေကြတဲ့အပေါ် ဝမ်းသာစွာ ကြိုဆိုပါတယ်။ နှစ် နှစ်ကျော်ကာလကြာ ပြည်သူတွေက ဘယ်သူမှ မသိဘဲ ဖိနှိပ်ခံခဲ့ရတာပါ။ မိုးကြိုးဆာလဖျူလစ်အက်ဆစ် စက်ရုံဆိုတာလည်း နိုင်ငံတော်အဆင့်တွေက ဘယ်သူမှ ခွင့်ပြုချက်မရှိဘဲ ခိုးပြီး လုပ်နေကြတာတွေ ဖြစ်တယ်။ ပြည်သူတွေရဲ့နစ်နာချက်ကို  ကျနော် သိသိချင်း လက်ပံတောင်းကို သွားတယ်။ ဆန္ဒတွေ ထုတ်ဖော်မှုတွေ လုပ်ခဲ့တယ်။ ဟုတ်တယ်၊ အဲ့ဒါကို ကျနော်ဝန်ခံတယ်။ အပြစ်မဲ့ပြည်သူတွေဘက်က ဆန္ဒထုတ်ဖော်ရင်း ရပ်တည်မှာပါ။ ဖိနှိပ်ခံရတဲ့ပြည်သူဘက်က ရပ်တည်ခဲ့တာ ကျွန်တော်ဝန်ခံတယ်။
မေး။     ။ လက်ပံတောင်းတောင် အစီရင်ခံစာကို ဘယ်လိုမြင်ပါသလဲ။
ဖြေ။     ။ အစီရင်ခံစာက ဦးပိုင်ကို အပြီးအပိုင် ဖျက်သိမ်းအောင်တော့ မလုပ်နိုင်ပါဘူး။ ရက်ပေါင်းများစွာ ပြည်သူတွေရဲ့ လှုပ်ရှားမှုတွေကြောင့် နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရတာတွေကို ဖော်ထုတ်နိုင်ခဲ့တာကို ကြိုက်တယ်။ အနိုင်ကျင့်ခံနေရတဲ့အပေါ် သေချာ မဖြေရှင်းနိုင်သေးတာကိုတော့ ကျနော် အားမရသလို ဒီက ပြည်သူတွေလည်း အားမရဘူး။
မေး။    ။ ဆန္ဒပြမှုတွေက အရပ်ဘက်အဖွဲ့အစည်းတွေ ရောက်လာပြီးမှ စတင်ခဲ့ကြတယ်လို့ အစီရင်ခံစာမှာ ရေးသားထားတဲ့ အပေါ်ကိုရော ဘယ်လိုမြင်လဲ။
ဖြေ။    ။ အပြစ်တော့ သိပ်မပြောချင်ဘူး။ ဒေသကို သေချာမရောက်ဘူးတဲ့သူတွေကြောင့်လို့ပဲ ထင်ပါတယ်။ ဒေသခံတွေက သူတို့မြေတွေစသိမ်းတယ်ဆိုကတည်းက ၁၂ ရက် ၁၂ လ  ၂၀၁၀ ခုနှစ်ကတည်းက ဆန္ဒပြမှုတွေဖြစ်ခဲ့တာပါ။ ဘယ်နိုင်ငံရေးသမားမှ မရှိခင်ကတည်းကပါ။  ဘယ်သတင်းဌာန၊ ဘယ်နိုင်ငံရေးသမားမှ မပါဘူး။ ဦးပိုင်က ဖိနှိပ်တယ်၊ ဆားလင်းကြီး ရဲစခန်းက ဘာမှမလုပ်ပေးဘူး။ ဒါကြောင့် ၈၈ ကျောင်းသား ကိုမျိုးသန့်က ဝက်မှေးရွာ က မသွဲ့သွဲ့ဝင်းတို့ နဲ့အတူ ကျနော့်ကို လာရောက်ကူညီပါဦးလို့ ဖိတ်ခေါ်တဲ့အတွက်ကြောင့် လက်ပန်းတောင်း ကိုရောက်သွားခဲ့တာပါ။ ကျနော်ရောက်ခဲ့တဲ့အချိန်မှာ ကိုမင်းကိုနိုင်တို့ ကိုဒီငြိမ်းလင်းတို့တွေ ရောက်ခဲ့ပြီးပြီ။ ဖိနှိပ်မှုတွေရှိခဲ့တဲ့အတွက် သူ့သဘာဝအလျောက် ဆန္ဒထုတ်ဖော်မှုတွေဖြစ်တယ်။ ဒီမိုကရေစီအင်အားစုတွေက ပြည်သူတွေဘက်က ရပ်တည်ခဲ့ကြတာဟာ ပယောဂ မဟုတ်ဘူး၊ ပယောဂဆိုရင်တောင် ကောင်းတဲ့ပယောဂတခုပဲ ဖြစ်ခဲ့လိမ့်မယ်။ ကျနော်တို့ လှုပ်ရှားခဲ့ကြတယ်ဆိုတာ သံဃာတော်တွေကို  မီးလောင်တိုက်သွင်းဖို့ မဟုတ်ဘူး။ ပြည်သူကိုဖိနှိပ်တဲ့ ဦးပိုင်စစ်ကုမ္ပဏီဘက်က မရပ်တည်ဘူး။ ဒီနေ့အချိန်ထိ တောက်လျှောက် ဒေသခံတွေနဲ့အတူ တိုက်ပွဲဝင်နေကြတာပါ။ ဒါကို မကူညီသင့်ဘူးလား၊ မဆောင်ရွက်သင့်ဘူးလား။ ဒေသခံတွေက သိပ်နာကျင်လွန်းတာကြောင့် ဆန္ဒပြမှုတွေဖြစ်လာတာပါ။

မေး။     ။ ဆန္ဒပြမှုတွေကို ပြည်ပက နောက်ကွယ်က ထောက်ပံ့ပေးမှုတွေရှိနေတယ်လို့ သုံးသပ်ကြတဲ့အပေါ်ကော။
ဖြေ။    ။ မိုးသီးဇွန်၊ ဒေါက်တာနိုင်အောင်၊ မခင်ဥမ္မာ၊ ဒေါက်တာကျော်သူ၊ ကိုဘိုကြည်တို့က ထောက်ပံ့တယ်လို့ ပြောနေကြတယ်။ ကျနော်ပြောမယ်၊ သူတို့နဲ့ ငါးပြားမှ မပတ်သက်ခဲ့ဘူး။ သူတို့ လုပ်ခိုင်းလို့ ဒီကိစ္စ ဖြစ်ရောလား။ မေးလို့ရတယ် ဖြေလို့ရတယ်။ စွပ်စွဲမှုတွေ ကြည့်လုပ်ကြဦး။
မေး။    ။ နောက်ထပ် လှုပ်ရှားမှုတွေရော ဆက်လုပ်သွားဖို့ ရှိလား။
ဖြေ။    ။ တိုက်ပွဲတွေမှာ တတ်နိုင်တဲ့ ဘက်က ကူညီဦးမှာပါ။ ဘယ်သူတွေ ကန့်ကွက် ဆန့်ကျင်ပါစေ၊ ဘယ်လိုပြောပြောပါ။ ကျနော် အဖိနှိပ်ခံ ပြည်သူဘက်က ဆက်ပြီး ရပ်တည်နေမှာပါ။     ။

Friday, January 4, 2013

ကချင်စစ်ပွဲအပေါ် သူတို့အမြင်

တကျော့ပြန် ဖြစ်ပွားနေတဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ အစိုးရတပ်မတော်တို့ အကြား တိုက်ပွဲတွေဟာ တနှစ်ခွဲကျော် ကြာလာခဲ့ပြီး ပိုမိုအရှိန်မြင့် လာနေပါတယ်။ နှစ်ဘက်အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အလားအလာတွေလည်း မှေးမှိန်လာနေပါတယ်။ ဒီစစ်ပွဲကို ဘယ်လိုရပ်နိုင်မလဲ ဆိုတာ ငြိမ်းချမ်းရေး ဆွေးနွေးဝိုင်းများနဲ့ တိုက်ရိုက် သက်ဆိုင်သူများရော၊ တိုက်ရိုက် မသက်ဆိုင်ပေမယ့် နိုင်ငံရေးအရ အရေးပါသူများကိုပါ ဧရာဝတီ အယ်ဒီတာအဖွဲ့ဝင် သာလွန်ဇောင်းထက်က ဆက်သွယ် မေးမြန်းထားတာကို စုစည်းတင်ပြအပ်ပါတယ်။
ဦးလနန်
KIA ပြောခွင့်ရပုဂ္ဂိုလ်
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အလားအလာတော့ မသိဘူး။ နိုင်ငံရေး ဆွေးနွေးပွဲကတော့ မျှော်လင့်ချက် မရှိဘူး။ ကျနော်တို့ ပြောနေတာက နိုင်ငံရေး ဆွေးနွေးမှုပါ။ ငြိမ်းချမ်းရေး ဆွေးနွေးမှု မဟုတ်ဘူး။ နိုင်ငံရေး ဆွေးနွေးမှု ပြုလုပ်ပြီး အဖြေရှာမှသာ လျှင် ငြိမ်းချမ်းရေး ရရှိမယ် ဆိုတဲ့ကိစ္စ ပြောတာပါ။ ငြိမ်းချမ်းရေး ဆွေးနွေးပြီး မှသာ အဆင်ပြေမယ် ဆိုတာထက် နိုင်ငံရေး ဆွေးနွေးပြီးမှ ငြိမ်းချမ်းရေးဆိုတဲ့ အဆင့်ကို ရောက်မှာပါ။
အာဏာရ ရယူထားတဲ့ အစိုးရအဖွဲ့နဲ့ တိုင်းရင်းသား အဖွဲ့တွေကြားမှာ နိုင်ငံရေး ဆွေးနွေးမှုကတော့ လုပ်ကိုလုပ်ရ မှာပါ။ နိုင်ငံရေး ဆွေးနွေးမှုကတော့ မဖြစ် ဖြစ်အောင်ကို လုပ်ရမှာပါ။ ဒါပေမယ့် အစိုးရကတော့ တောင်းဆိုမှုတွေ အပေါ် စိတ်သဘောထား မှန်မှန်ကန်ကန်နဲ့ ဖြေရှင်းတာမျိုး၊ နိုင်ငံရေး နည်းလမ်းနဲ့ ပြေလည်အောင် ဖြေရှင်းတာမျိုး သူတို့ သဘောဆန္ဒ မရှိဘူး။ အဲဒါကြောင့်ပဲ ပြည်တွင်းစစ်က ယနေ့ ကာလအထိ ကြာရှည်ရတာပါ။
စစ်ရေးနည်းနဲ့ ဖြေရှင်းမှုက ပြသနာကို ပိုပြီးတော့ များပြားစေမယ့် ရှည်လျားစေမယ့် ကိစ္စ ပါ။ KIAက အမြဲတမ်း ပြောနေတယ်။ စားပွဲပေါ်မှာ နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းရမယ့် ကိစ္စပဲ။ အခုလည်း အဲဒီလိုပဲ လက်ခံထား တယ်။ ဒီ ကိစ္စပြေလည်ဖို့ ဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေး ဆွေးနွေးမှုကတော့ လုပ်ကိုလုပ်ရမယ်။ တဖက်က ပိတ်ထားတယ် ဆိုရင်လည်း နိုင်ငံရေး ဆွေးနွေးမှုတံခါးကို ပွင့်အောင်လုပ်ရမယ်။ တိုင်းရင်းသား အနေနဲ့ကတော့ ကြိုးစားရမယ်။ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်မင်းတို့ဘက်က ဆွေးနွေးပွဲ အတွက် ကမ်းလှမ်းတာမျိုး တိုက်ပွဲ ကာလ အတွင်းမှာ မရှိဘူး။
ဦးလှမောင်ရွှေ
ပြည်ထောင်စုငြိမ်းချမ်းရေး အကျိုးဆောင်
ဆွေးနွေးပွဲကနေ အဖြေရှာဖို့ အစိုးရဘက်ကနေ တောက်လျှောက် ကမ်းလှမ်းနေတာပဲ။ ကျနော်တို့က စက်တင်ဘာ ၃၀ ရက်နေ့ အစည်းအဝေးမှာလည်း ကမ်းလှမ်းတယ်။ နိုဝင်ဘာလ လုပ်ဖို့ ကမ်းလှမ်းတယ်။ တလလုံး စောင့်တယ်။ မရတဲ့အတွက် ဒီဇင်ဘာလမှ တရားဝင်စာနဲ့ ကမ်းလှမ်းတယ်။ ကျနော်တို့ PCG (Peace Creation Group) ငြိမ်းချမ်းရေး အကျိုးဆောင်တွေကလည်း ကမ်းလှမ်းတယ်။
အခုလည်းပဲ UNFC (United Nationality Federation Council) (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ကောင်စီ) ကတဆင့် ဆွေးနွေးဖို့ ထပ်ကမ်းလှမ်းတယ်။ လွန်ခဲ့တဲ့ ၃ ရက်က လည်း ကမ်းလှမ်းထားတယ်။ နှစ်သစ်ကူးပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်လိုပါတယ်။ ရက်ကို လူကြီးမင်းတို့ အားမယ့် ရက်ကို အကြောင်းပြန် ပေးပါ ဆိုတာကို ပို့ထားတယ်။ PCG ကို တောက်လျှောက်ပြောနေတယ်။ မီဒီယာမှာ ဟိုဘက် ဒီဘက်ပြောလို့ရတဲ့ ငြိမ်းချမ်းရေး ကျနော်ကမ္ဘာပေါ်မှာ မဖတ်ဖူးသေးဘူး။ Blame Game နဲ့ ငြိမ်းချမ်းရေး ရတာလည်း မတွေ့ဖူး သေးဘူး။ တွေ့ဆုံဆွေးနွေးရေးကသာ ငြိမ်းချမ်းရေးရမယ့် လမ်းစဉ်ပဲ။ တွေ့ဆုံ ဆွေးနွေးရေး ကို တွန်းနေတာ။
ဒေါက်တာအေးမောင်
ဥက္ကဌ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ
မီးစတဖက်၊ ရေမှုတ်တဖက်ကတော့ မကောင်းဘူး။ ငြိမ်းချမ်းမှု တကယ်လိုချင်ရင် မငြိမ်းချမ်းတာတွေကို ဆွေးနွေး နိုင်အောင် လုပ်ရမယ်။ ပြည်တွင်း စစ်ရပ်ဖို့ လိုတယ်။ အခု စစ်တပ်က တောင်ကုန်း တခုကို လေကြောင်းပစ်ကူပြီး သိမ်းလိုက်တယ် ဆိုတာ ထာဝရ အောင်မြင်မှု မဟုတ်ပါဘူး။
အမြဲတမ်း ငြိမ်းချမ်းရေး လိုချင်တယ်၊ နှစ်ပေါင်း ၆၀ ကျော် ပဋိပက္ခငြိမ်းချမ်းချင်တယ် ဆိုရင် တိုက်ပွဲနည်းနဲ့ မရဘူးဆိုတာ နားလည်ကြဖို့လိုပါတယ်။ တွေ့ဆုံ ဆွေးနွေး ကြဖို့ လိုပါတယ်။ တနေရာကို သိမ်းလိုက်လို့ အဲဒီနေရာက ထာဝရ ပိုင်ဆိုင်သွားတာမဟုတ်ဘူး။ ငြိမ်းချမ်းသွားတာ မဟုတ်ဘူး။ ဒီနေ့သိမ်း၊ မနက်ဖြန် ထိန်းနိုင်ပါ့မလား။ တဒင်္ဂတွေပါ။ အာဏာဆိုတာကလည်း ခဏလေးပါ။ အောင်မြင်မှု ဆိုတာလည်း ခဏလေးပဲ။ ထာဝရငြိမ်းချမ်းဖို့ ဆိုရင် ဆွေးနွေးကြဖို့ အရေးကြီးပါတယ်။
ဦးဇိုဇမ်
ဥက္ကဌ၊ ချင်းအမျိုးသားပါတီ
အခုလက်ရှိအချိန်က KIA နဲ့ အစိုးရ အတွက် အင်မတန် အရေးကြီးပြီး အထိအခိုက် လွယ်တဲ့အခြေအနေ ရောက်နေပြီ။ ပွင့်ပွင်းလင်းလင်း ပြောရမယ် ဆိုရင် ကချင်နဲ့ အစိုးရနဲ့ ကြားမှာက တော်တော့်ကို ကွာဟချက် ကြီးမား နေတယ်။ မနည်းကို အလုပ်လုပ် ရဦးမယ်။ နားလည်မှု လုံးဝ လွဲနေကြတယ်။ သမ္မတရဲ့ ထိုးစစ်မဆင်နဲ့ ဆိုတဲ့ အမိန့်ကိုလည်း တပ်ဘက်က မနာခံကြဘူး။ မနာခံတဲ့ အပေါ်မှာ စိုးရိမ်စရာတော့ ဖြစ်နေပြီ။ ကချင်တွေက မြစ်ကြီးနားကို လာတိုက်တာ မဟုတ်ဘူး။ KIA စခန်းတွေကို တပ်မတော်က သွားတိုက်နေတာ။ ကိုယ့်တပ် ကိုယ့်စခန်းမှာနေရင် ဘာမှမဖြစ်ဘူး။ တပ်မတော်ဘက်က မှားမယ်လို့ ထင်တယ်။ ကိုယ့်ဟာကိုယ်နေရင် ဘာမှဖြစ်မှာမဟုတ်ဘူး။
ဒေါက်တာ တူးဂျာ
ဥက္ကဌ၊ ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP)
အခုထိုးစစ်တွေ ရပ်တန်းက မရပ်ရင်၊ ချေမှုန်းတဲ့ ပုံစံမျိုး ဆိုရင်တော့ အများကြီးထိခိုက်သွားမယ်။ အခု စစ်တပ်က သိမ်းတဲ့ တောင်ကုန်း ဆိုတာကလည်း စစ်ရေးအရ မဟာဗျူဟာအရ ပွိုင့်ကျနေတော့ သူသိမ်း၊ ကိုယ်သိမ်း ဖြစ်နေတာပေါ့။ ဒါပေမယ့် အခု အခြေအနေမှာ အခုအဆင့်မှာ အပစ်အခတ် ရပ်စဲမယ်။ ရှေ့ဆက်မတိုးဘဲ ညှိနှိုင်းကြမယ် ဆိုရင် ငြိမ်းချမ်းရေး ဖြစ်နိုင် သေးတယ်။ တုတ်ပြပြီး စည်းရုံးတာက အဖြေမထွက် နိုင်ဘူး။ အခြေအနေ ပိုဆိုးသွားလိမ့်မယ်။ မုန့်ပြ စည်းရုံးတာက အဆင်ပြေစေ လိမ့်မယ်။ ဒီအတိုင်း ဆက်တိုးသွားရင်တော့ယုံကြည်မှု တည်ဆောက်ဖို့ တော်တော်ခက်သွားလိမ့်မယ်။
ဦးနိုင်ငွေသိန်း
ဥက္ကဌ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ
အရင်ကတည်းက စစ်ပွဲတွေရပ်ဖို့ ကြေညာချက် ထုတ်ထားပြီးသား ပဲ။ ကျနော်တို့ ပြောပေမယ့် ဘယ်သူမှ စစ်ပွဲ မရပ်ကြ ဘူး။ မွန်ပါတီ အနေနဲ့ရော၊ တိုင်းရင်းသား တယောက် အနေနဲ့ရော ပြောရမယ်ဆိုရင် ကချင်ပြည်နယ်က တော်တော် ဆင်းရဲ ကြတယ်။ သနားဖို့ ကောင်းတယ်။ ဒုက္ခသည်တွေ အတွက် စဉ်းစားမိရင် စိတ်မကောင်းဘူး။ ဒါ လုံးဝ မဖြစ်သင့်ဘူး။ အခုလို တိုက်နေတယ် ဆိုတာ ကြီးသူက ငယ်သူကို ညှင်းဆဲတဲ့သဘော အများကြီးပါတယ်။ ငြိမ်းချမ်းရေး အလားအလာကိုတော့ သံသယ ရှိတယ်။ ငြိမ်းချမ်းရေး လုပ်ပေမယ့် နိုင်ငံရေး ဆွေးနွေးပွဲ မရှိတဲ့အခါ အပစ်အခတ် ရပ်စဲရေး ပျက်သွားတယ်။ ပျက်သွား ပြန်တော့ တခါပြန်စ။ တိုင်းရင်းသားတွေ အနေနဲ့ အစိုးရ အပေါ်မှာ သံသယဖြစ်လာပြီ။ ဦးသိန်းစိန် အစိုးရကို တောင်မှ သံသယ ဖြစ်နေတယ်။ နောက်ပြန်လှည့်မှာလား။ သဘောထားမှန်ရဲ့လား သံသယရှိတယ်။
ဦးအုန်းကြိုင်
ပြန်ကြားရေးတာဝန်ခံ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကျနော် ပြောချင်တာက တော့ စစ်ရှိန်မြှင့်လာတဲ့ အပေါ်မှာ အဖွဲ့ချုပ် အနေနဲ့ ဆိုရင်တော့ အဖွဲ့ချုပ်က တစုံတရာပြောဖို့ ကျနော့်မှာ ဘာမှသိထားတာ မရှိသေးပါဘူး။ တဦးတည်း ပုဂ္ဂိုလ်အမြင်အရ ဆိုရင်တော့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ဒုတိယမြောက် ဖော်ပြထားတာက ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ကြိုးပမ်းနေတဲ့ အထဲကပဲ နှစ်ကုန်ခါနီးမှာ အခုလို စစ်ရှိန်မြှင့်လာ တာကနေ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့ အတွက် အရမ်းစိုးရိမ်ပါ တယ်။ ခက်တာက အခြေအနေ သတင်း အတိအကျဆိုတာ ကလည်း မီဒီယာတွေကပဲ သိနေရတာဆိုတော့ ဘယ်လိုအခြေအနေ လဲဆိုတာ မသိပါဘူး။ သေချာတာတခုကတော့ မြန်မာနိုင်ငံမှာ ပြည်တွင်း ငြိမ်းချမ်းရေး ဆိုတာ မရဘဲနဲ့ နိုင်ငံ့ဖွံ့ဖြိုးဖို့ဆိုတာ စိတ်ကူးယဉ် တာပဲ ဖြစ်ပါလိမ့် မယ်။ အဲဒါ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ တကယ် နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့ ဆိုရင်တော့ စစ်ပွဲရပ် ဖို့ ကြိုးစားရပါ လိမ့်မယ်။
ဦးဇော်ဌေး
နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး
အလားအလာ ကောင်းမှာပါ။ နည်းနည်းလေးတော့ ခက်သွားမှာပေါ့။ လတ်တလော ဖြစ်ပွားနေတဲ့ ဟာတွေ အမြန်ဆုံး လျော့ပါး သွားမယ်လို့ မျှော်လင့်တယ်။ နည်းနည်းလေး စစ်ရှိန်လျော့သွားရင် ပြည်သူတွေရဲ့ အပြောင်းအရွှေ့ အနေအထိုင်တွေ အရေးတကြီး လိုအပ်လာ မယ်။ နှစ်ဦး နှစ်ဖက်တွေ့ဆုံဆွေးနွေးတာ မပြီးပြတ်ရင် နောင်လည်း ဆက်ဖြစ်နေမှာပဲ။ နှစ်ဖက်စလုံး တွေ့ဆုံဆွေးနွေး ကြမယ်၊ Dialogue လုပ်မယ်။ အစိုးရဘက်က တောက်လျှောက် လမ်းဖွင့်ထားတယ်။
ဒေါ်မိဆူးပွင့်
ဗဟိုကော်မတီဝင်၊ ABSDF
မြောက်ပိုင်း ကချင်ဒေသမှာ ကျောင်းသားတပ်မတော်က ရှိနေပါတယ်။ တချိန်တည်းမှာပဲ အဲဒီလို ထိုးစစ်တွေရှိနေတဲ့ နေရာတိုင်းမှာ မကဒတ ကျောင်းသားတပ်မတော်ဟာ ရှိနေတဲ့အတွက် တိုက်ပွဲတွေထဲမှာ ပါဝင်နေရတာ ဘာကြောင့်လဲ ဆိုရင် မကဒတ အပစ်အခတ်ရပ်ဆဲရေးကို သဘောတူညီချက် ယူထားတဲ့ အဖွဲ့မဟုတ်လို့ပဲ ဖြစ်ပါတယ်။ ခုလက်ရှိ ခုခံစစ်၊ ထိုးစစ်တွေ လုပ်နေတဲ့ ဒေသမှာ ABSDF ရှိနေတဲ့အတွက် ပါဝင်တိုက်ပွဲ ဆင်နေရမှာပဲဖြစ်တယ်။ တဘက်မှာ ABSDF ဗဟို ကော်မတီအဖွဲ့အနေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ဖို့ ကြိုးစား လုပ်ဆောင်နေခြင်းဟာလည်း လက်နက်ကိုင်ပြီး တိုက်ပွဲဝင်တဲ့ အဖွဲ့အစည်းဖြစ်ပေမဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေး စကားပြောခြင်းနဲ့ဟာ ဖြေရှင်းလိုတဲ့အတွက် ဖြစ်ပါတယ်။
ဦးကြည်မြင့်
လသာမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
နှစ်ဦး နှစ်ဖက်စလုံးက လိမ်လိမ်မာမာ ပါးပါးနပ်နပ်နဲ့ ဆွေးနွေးရမယ့် အချိန်ရောက်ပြီ လို့ထင်ပါတယ်။ စစ်ဆိုတာဖြစ်လာရင် လက်နက် ရောင်းမယ့် နိုင်ငံတွေနဲ့ အကျိုးအမြတ်ဖြစ်အောင် ထုတ်မယ့် နိုင်ငံတွေရှိနေတယ်ဆိုတာ သတိထား ကြစေချင်ပါတယ်။

Monday, December 17, 2012

ဆရာကြီးကိုလေး(အင်းဝဂုဏ်ရည်)၏ ကဗျာ
========================

ငလျင်လှုပ်ပြီး
ဘုန်းကြီး မီးလောင်....
ဒါသတချောင်းချောင်း
လက်ပတောင်း ဒီတောင်
တရုတ်ကျေးဇူး.???
ရှိဖူးသတဲ့ မောင်
--အမလေး
စစ်ခွေးတစ်ကောင်ဟောင်...။ ။