သြော်…
အရိုးပေါ်အရေတင် သေသပ်ဆံဖြူ
ရိုးရှင်းတဲ့ နှလုံးသားတွေနဲ့
အဝေးရောက်သားနဲ့ကျမ ပြန်လည်ကာ
ဆုံဆည်းချင်လှပါပြီးလို့….ဘုရားစင်ရဲ့ရှေ့
အမေ နေ့စဉ်ဆုတောင်းနေတာ
သားသိပါတယ်အမေ။
အမေ…ကျနော်ဟာ
အိမ်ပြန်ချိန်ကိုတောင် မသိသေးတဲ့
အဝေးရောက်သားမှမဖြစ်သေးတာ
အမေ့ရဲ့နှလုံးသားနဲ့ အနီးကပ်ဆုံးတနေရာမှာရှိနေခဲ့တဲ့
ခုလဲရှိနေဆဲ နောင်လဲရှိနေမယ့်
အမေ့ရဲ့ အဝေးရောက်သားဟာ
လိုအင်ဆန္ဒတွေပြည့်ဝတဲ့တနေ့ကျရင်
အမေ့ရင်ခွင်ဆီ သားအဦးဆုံးတိုးဝင်မှာပါ။
ဒီအချိန်မှာ အဝေးရောက်သားရဲ့မွေးမေမေ
နေကောင်းပါစေလို့သာ ….
ဘုရားစင်ရဲ့ရှေ့မှာသား
ဆုတောင်းလိုက်ပါတယ် အမေ။ ။
သာထွန်းမွန်
အားကစားဝက်ဆိုက်များ
Saturday, December 10, 2011
Wednesday, November 2, 2011
အိမ်ပြန်ချိန်(၂)
သူငယ်ချင်း ….
ရွက်ဝါတို့ကြွေကျပြီးတဲ့နောက်
ဆောင်းနှင်းပွင့်တို့ဝေလာပြီဆိုရင်
ငါ့ရင်ဘတ်ထဲကနှလုံးသားနှစ်မွှာကတော့
လွတ်မြောက်ရေး…လွတ်မြောက်ရေးလို့
ခုန်ခုန်လာတယ်။
သူငယ်ချင်း….
တချိန်က (၃၁) ဒီဇင်ဘာဆောင်းရက်တစ်ရက်ကို
မင်းမှတ်မိမှာပါ။
အထူးသဖြင့်…..နာဂ၀ံသချောင်းကလေးသိတယ်
မင်းရယ်ငါရယ် တို့တတွေဆုံဆည်းနေကျ
လိုင်ဘရီလေးသိတယ်
သုံးပင်လိမ်အောင်သပြေအ၀ိုင်းရှေ့က
ဟင်္သာမောင်နှံ အသိဆုံးပါပဲ။
ငါတို့တတွေအားလုံးရဲ့ ရင်ခုန်သံက
လွတ်မြောက်ရေး လွတ်မြောက်ရေးပဲ မဟုတ်ပါလား။
သူငယ်ချင်း….နှလုံးရဲ့တောင်းဆိုမှုကြောင့်
ငါ့ရင်ခုန်သံတွေ ကျယ်လောင်လာပြီ
လွတ်မြောက်ရေး လွတ်မြောက်ရေးတဲ့။
ဆောင်းရဲရင် နှင်းရဲရမယ်ဆိုပေမယ့်
ဆောင်းမှာဝေတဲ့ ဆောင်းနှင်းပန်းလေးတွေလို
အပူနဲ့တွေ့စဉ်ခဏအလွယ်တကူ
အရည်မပျော်ပါစေနဲ့ သူငယ်ချင်း။ ။
ရွက်ဝါတို့ကြွေကျပြီးတဲ့နောက်
ဆောင်းနှင်းပွင့်တို့ဝေလာပြီဆိုရင်
ငါ့ရင်ဘတ်ထဲကနှလုံးသားနှစ်မွှာကတော့
လွတ်မြောက်ရေး…လွတ်မြောက်ရေးလို့
ခုန်ခုန်လာတယ်။
သူငယ်ချင်း….
တချိန်က (၃၁) ဒီဇင်ဘာဆောင်းရက်တစ်ရက်ကို
မင်းမှတ်မိမှာပါ။
အထူးသဖြင့်…..နာဂ၀ံသချောင်းကလေးသိတယ်
မင်းရယ်ငါရယ် တို့တတွေဆုံဆည်းနေကျ
လိုင်ဘရီလေးသိတယ်
သုံးပင်လိမ်အောင်သပြေအ၀ိုင်းရှေ့က
ဟင်္သာမောင်နှံ အသိဆုံးပါပဲ။
ငါတို့တတွေအားလုံးရဲ့ ရင်ခုန်သံက
လွတ်မြောက်ရေး လွတ်မြောက်ရေးပဲ မဟုတ်ပါလား။
သူငယ်ချင်း….နှလုံးရဲ့တောင်းဆိုမှုကြောင့်
ငါ့ရင်ခုန်သံတွေ ကျယ်လောင်လာပြီ
လွတ်မြောက်ရေး လွတ်မြောက်ရေးတဲ့။
ဆောင်းရဲရင် နှင်းရဲရမယ်ဆိုပေမယ့်
ဆောင်းမှာဝေတဲ့ ဆောင်းနှင်းပန်းလေးတွေလို
အပူနဲ့တွေ့စဉ်ခဏအလွယ်တကူ
အရည်မပျော်ပါစေနဲ့ သူငယ်ချင်း။ ။
Saturday, September 3, 2011
အိမ်ပြန်ချိန်
ငါ့လှေ ငါထိုးပဲခူးရောက်ရောက်
ငယ်စဉ်တုန်းက မူလတန်းမှာ
ကြားခဲ့ဖူးပါတယ်။
သမိုင်းစာအုပ်ထဲကပေါ့
သက်ဦးဆံပိုင် မင်းညစ်တွေကြောင့်
မှန်နန်းထင်းဖြစ်သွားတဲ့အကြောင်း
ငယ်စဉ်တုန်းအခါ အလယ်တန်းကတည်းက
လေ့လာခဲ့ဖူးပါတယ်။
ငါသည် မွန်ဂိုးလီးယားအနွယ်
ငါသည် စစ်တကောင်းအနွယ်တဲ့
ဝါဒအစွဲအမျိုးသားရေးတွေနဲ့
ဆိုရှယ်လစ်တဖြစ်လဲ...စစ်အာဏာရှင်တို့ရဲ့အကြောင်း
ငယ်စဉ်အရွယ် အထက်တန်းဘ၀မှာ
လေ့လာမှတ်သားခဲ့ပါတယ်။
ဒီမိုကရေစီသည် ငါတို့၏ဘဝ
ဒီမိုကရေစီသည် ငါတို့လူမျိုး၏
လွတ်မြောက်ရာလမ်းအဖြစ်....
၉၆ရဲ့ ဒီဇင်ဘာ(၁၂)မှာ သူတို့လေးတွေနဲ့အတူ
ကျနော် လက်တွေ့ပြသခဲ့ပါတယ်။
ပန်းသတင်း လေညှင်းဆောင်ပေမဲ့
ပေါက်ပန်းတို့ရဲ့ ၀တ်ရည်ကိုတပ်မက်မိတဲ့
လိပ်ပြာလေးတကောင်လို ကျနော်ဟာ
သင်းပျံ့လှပတဲ့ပန်းတို့ရဲ့ ၀တ်ရည်ကို
ရှာဖွေနေဆဲပါပဲ။
သြော်…အိမ်ပြန်ချိန်တဲ့လား
တံခါးလေးက ဟတ၀က်
လှေကားလေးက မခိုင်လို့ယိုင်ကာ
ဧည့်ခန်းရဲ့မှန်လေးတချပ်က ကွဲနေမှတော့။ ။
သာထွန်းမွန်
Saturday, August 13, 2011
Written by နေထွန်းနိုင် | |
Wednesday, 10 August 2011 05:48 | |
ရာဇ၀င်ဟောင်းရဲ့ သင်္ချိုင်းရာ ရာဇ၀င်သစ်တို့ မွေးဖွားရာ ရွှေရောင် နေ့သစ်များ အတွက် ရင်ခုန်သူတို့ရဲ့ သီချင်းတွေ ပျိုမြစ် စိမ်းလန်းရေး အတွက် ယုံကြည်သူတွေ အသက်နဲ့ ထုဆစ်ခဲ့တဲ့ အိပ်မက်များ ဧရာဝတီ . . . . ရာဇ၀င်များရဲ့ သတို့သမီး ငါတို့ရဲ့မိခင် ဧရာဝတီ . . . . ရာဇင်ဝင်များရဲ့ သတို့သမီး ငါတို့ရဲ့ ၀ိညာဉ် ဧရာဝတီ . . . . ဧရာဝတီနှင့် ပတ်သက်၍ စာများစွာ ရှိခဲ့ဖူးသည်။ ထိုစာများထဲ၌ ဆရာတိုက်စိုး၏ 'ဧရာဝတီ'ကို ပထမဆုံး ဖတ်ရှုခဲ့ရဖူးသည်။ 'ယဉ်ဧရာ ဖြူဖြူဖွေးရယ်က၊ တောင်ဘေးမှာ ခွေကာလည်တော့၊ ခရီးသည် ဟိုအကွေ့ကိုဖြင့်၊ ကျော်၍သာ မမြင်သော်လဲ့ မျှော်၍သာ အထင်ဖြင့်လှခဲ့ပေါ့။' ဆရာဇော်ဂျီ၏ ကဗျာဖြင့် ဧရာဝတီ စာမျက်နှာများကို ဆရာတိုက်စိုးက စတင် ရေးသားခဲ့ပါသည်။ နောက်ထပ် ဖတ်ခဲ့ရသည်က ဆရာဗန်းမော်တင်အောင်၏ 'မြစ်ဧရာပေါ်ဝယ်' ဖြစ်ပါသည်။ ဧရာဝတီအကြောင်း ဖွဲ့သီသော သီချင်းများ၌ ခင်ဝမ်း၏ ဧရာဝတီက ကာလအတန်ကြာ ဖြတ်သန်း စီးဆင်းခဲ့ဖူးသည်။ ယနေ့ထိတိုင် စီးဆင်းနေဆဲ။ 'အေးမြတဲ့ မြောက်လေကြောင်းကိုဆန်ပြီး ပျံသန်းခဲ့တဲ့၊ ငှက်ကလေးတွေ၊ အလင်းရောင် မရှိမဲ့ ရှိမဲ့၊ ခရီး ဝေးကို ပျံသန်းခဲ့ရလို့ ပင်ပန်းခဲ့ပြီလား၊ ခရီးဖော် အပေါင်းအသင်းတွေနဲ့ မိုးမချုပ်မီ အိမ်ကိုပြန်ခဲ့ပြီ၊ ဧရာဝတီ၊ ဧရာဝတီ၊ ဧရာဝတီ'။ ၁၉၉၁ ခုနှစ် အချိန်။ ထူးအိမ်သင်၏ 'အတ္တပုံဆောင်ခဲများ' အယ်လ်ဘမ် ထွက်ရှိလာခဲ့သည်။ 'အတ္တပုံဆောင်ခဲများ' မှာ ထူးအိမ်သင် ကိုယ်တိုင် အကြိုက်ဆုံးဟု ပြောဆိုခဲ့သည့် အယ်လ်ဘမ် ဖြစ်သည်။ ထိုအယ်လ်ဘမ်၌ 'ရာဇ၀င်များ၏ သတို့သမီး' ပါလာခဲ့ပြီ။ ခင်ဝမ်း၏ ဧရာဝတီကဲ့သို့ ချိုမြမှုနှင့် အဆွေးဓာတ်ခံ နိုးထအောင် သယ်ဆောင်မသွားခဲ့ပေ။ ထူးအိမ်သင် နောက်ပိုင်း၌ ဇော်ဝင်းထွဋ်ကလည်း ဧရာဝတီ အကြောင်း သီချင်းသီဆိုခဲ့သည်။ 'ဧရာဝတီရယ် စီးဆင်းပါ... မျှော်လင့်ချက်ကမ်းခြေထဲ ငါလေ အရောက်သွားမလို့၊ လမ်းပြလှည့်ပါ'။ 'သက်ရှိမြစ်' အမည်ဖြင့် လေးဖြူကလည်း ဧရာဝတီကို ဖွဲ့ဆိုခဲ့ပြန်သည်။
လူတစ်ဦး၏ ယုံကြည်ချက်နှင့် ခံယူချက်က ထိုသူ လုပ်ဆောင်သမျှ အရာအားလုံး၌ ထင်ဟပ်မှု ဖြစ်စေပါသည်။ 'ရာဇ၀င်များရဲ့ သတို့သမီး' ကို ရေးသားချိန်၌ ထူးအိမ်သင်၏ အသက်မှာ ၂၇ နှစ် အရွယ်ခန့်သာ ရှိသေးသည်။ ဧရာဝတီ၏ သာမန်ဇာစ်မြစ်ကို ဖော်ကျူးခဲ့ခြင်း မဟုတ်။ အမျိုးသားရေး စိတ်ဓာတ်နှင့် နိုင်ငံအတွက် ဂုဏ်ယူလိုစိတ် ပြည့်နှက်နေသော လူငယ်တစ်ဦး၏ နှလုံးသား စည်းချက်များကို တွေ့ရှိခဲ့ပါရသည်။ ပုဂံသို့ ရောက်ရှိခဲ့စဉ် အချိန်၊ ကန်တော့ပလ္လင် ဘုရားထက်မှ ဧရာဝတီမြစ်ကို ကြည့်ရင်း ထိုသီချင်းကို ထူးအိမ်သင်က ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ ''မြန်မာတွေ အဲဒီအချိန်က တိုးတက်ခဲ့တယ် ဆိုတာ လက်ရုံးရည်ရော၊ နှလုံးရည်ရော ရှေးမြန်မာကြီးတွေ ဘယ်လိုဘယ်လို ခက်ထန်ကြံ့ခိုင်တဲ့၊ အားကောင်းတဲ့ နှလုံးသားတွေနဲ့ ဘယ်လိုပျော့ပျောင်းတဲ့ နှလုံးသား၊ ဘယ်လိုသိမ်မွေ့တဲ့ ခံစားချက်တွေနဲ့ ဧရာဝတီမြစ်ဝှမ်းနယ်မှာ ကျွန်တော်တို့ ခုခေါ်နေတဲ့ မြန်မာနိုင်ငံကြီးကို ဘယ်လို တည်ဆောက်ခဲ့ကြတယ် ဆိုတာ ကျွန်တော်တို့ ရင်ထဲမှာ အရမ်းကို အံ့သြပြီး လေးလည်းလေးစားမိတယ်။ ရှေးမြန်မာကြီးတွေအပေါ် အရမ်းကို ကြည်ညိုတဲ့စိတ်၊ ကျွန်တော့် ရင်ထဲမှာ ပြင်းပြင်းထန်ထန် ပေါ်လာခဲ့တယ်။ နောက် ရှေ့ဆက်သွားမယ့် ဧရာဝတီရဲ့သမိုင်းမှာ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေ၊ ကျွန်တော်တို့ရဲ့ အိပ်မက်တွေ ရှေ့ဘယ်လို ဖြစ်လာမလဲ ဆိုတာကို စိတ်ထဲမှာ ခင်းကျင်းကြည့်တာပေါ့။ ကျွန်တော်တို့ရဲ့ အိပ်မက်လေးတွေကို ပြပွဲခင်းကြည့်တဲ့သဘော၊ အကြောင်းအရာ ကတော့ အဲဒါပါပဲ'' ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း၏ အင်တာဗျူးမေးခွန်းကို ထိုကဲ့သို့ပင် ထူးအိမ်သင်က ဖြေကြားခဲ့ဖူးသည်။ ပုဂံမှ ပြန်ရောက်ခဲ့ပြီးချိန်မှာပဲ 'ရာဇ၀င်များရဲ့ သတို့သမီး' ကို ထူးအိမ်သင်က ရေးသားခဲ့သည်။ သံစဉ် ပြီးသွားချိန်၌ သီချင်းစာသားက တစ်ကြောင်းတည်းသာ ရရှိသေးသည်။ 'ကွယ်လွန်ပြီးသော အိပ်မက်များ'။ ထိုတစ်ကြောင်းတည်းကိုပင် ညလုံး ပေါက် ထိုင်ရေးခဲ့ခြင်း ဖြစ်သည်။ အိုအေစစ် စတူဒီယို၌ မပြီးမချင်း ရေးသားခဲ့သည်။ သီချင်းတစ်ပုဒ်လုံး ပြီးသွားချိန်တွင် အချိန်က တစ်လ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ကွယ်လွန်ပြီးသော အိပ်မက်များ ထာဝစဉ် လဲလျောင်း အိပ်စက်ရာ ဣနြေ္ဒကြီးမားလွန်းတဲ့ ဒီမြေမှာ တို့ရဲ့ သွေးတွေ ဖြတ်သန်းရင်းနဲ့ စီးဆင်း သူဟာ ရာဇ၀င်များရဲ့ လျှို့ဝှက်ချက်တို့ သိမ်းဆည်းထား ဧရာဝတီ . . . . ရွှေအတိပြီးသော မြို့ပြများ အစဉ်အလာ ကြီးမားခဲ့ကြရာ ရာဇ၀င်ဟောင်းရဲ့ အမှတ်တရ ဒီမြေဟာ တို့ရဲ့အမိမြေ ယဉ်ကျေးမှုရဲ့ နှလုံးသား ရှင်သန်စေသူ တန်ခိုးရှင် အခမ်းနားဆုံးသော သက်ရှိကဗျာ ဧရာဝတီ . . . ထူးအိမ်သင် အကြောင်း ပြောမည် ဆိုပါက ထူးအိမ်သင် ဖြတ်သန်းခဲ့သော ခေတ်ကို ပြောရပါမည်။ မည်သည့် အခြေအနေသို့ ရောက်ရှိနေသည်ဖြစ်စေ နိုင်ငံနှင့် လူမျိုး၊ လူ့အဖွဲ့အစည်းအပေါ် တန်ဖိုးထားသည့် စိတ်။ ထိုစိတ်ဓာတ်များ ထုထည်ကြီးမားနေဆဲ ဖြစ်သည့် မျိုးဆက်၌ ထူးအိမ်သင် ဖြတ်သန်းခဲ့ပါသည်။ ကိုယ်ကျိုးစီးပွားကို ရှေ့တန်း မတင်သော မျိုးဆက်။ လုပ်သင့်တာ လုပ်ဆောင်ခဲ့သည့် မျိုးဆက်။ လုပ်ရပ်တိုင်း၌ အကျိုးအမြတ် မည်မျှရမည်ကို မစဉ်းစားခဲ့ဘဲ လုပ်စရာ ရှိသည်များကို ယုံကြည်ရာ အတိုင်း လုပ်ဆောင်ခဲ့ကြသည့် မျိုးဆက်။ ထိုလုပ်ဆောင်မှုများက နောင်တစ်ချိန်တွင် တန်ဖိုးရှိသော လုပ်ရပ်များ ဖြစ်လာစေခဲ့ပါသည်။ ကိုယ်ကျိုးစီးပွား ဖြစ်ထွန်းမှုကို မစဉ်းစား၊ ယုံကြည်ရာနှင့် ယုံကြည်ချက်ကို အခိုင်အမာထားပြီး ဘ၀ကို လျှောက်လှမ်းခဲ့ကြသူများတွင် ထူးအိမ်သင်လည်း တစ်ဦး အပါအ၀င် ဖြစ်ခဲ့ပါသည်။ ထူးအိမ်သင်၏ ဘ၀ ဖြတ်သန်းမှုနှင့် သီချင်းများအကြောင်း ပြောမည်ဆိုပါက များစွာ ရှိနေမည် ဖြစ်ပါသည်။ 'နာရီပေါ်က မျက်ရည်စက်များ'၊ 'ဝေးသွားတဲ့အခါ'၊ 'ညီလေးရေ'၊ 'နာရီရဲ့သီချင်း'၊'သူငယ်ချင်းအတွက်'၊'သက်ငြိမ်'၊ 'ဂျပ်ဆင်ထိပ်ကလရိပ်ပြာ'၊ 'ရင်ခုန်အချစ်'၊ 'ရာဇ၀င်များရဲ့သတို့သမီး'၊ 'အမေ့ရဲ့ ဒုက္ခအိုးလေး'၊ 'အမေ့အိမ်'၊ 'ဗင်းဆင့်ဗင်ဂိုးတမ်းချင်း'၊ 'မြို့ပြညများနှင့် မဟာဝီရအိုဗုဒ္ဓ'။ ထိုသီချင်းများ အပြင် အခြားသော သီချင်းများစွာက မှတ်တိုင်များ အဖြစ် ရှိနေခဲ့ပါသည်။ ၁၉၈၇ ခုနှစ်တွင် ထွက်ရှိခဲ့သော ထူးအိမ်သင်၏ ပထမဆုံး အယ်လ်ဘမ်။ 'နာရီပေါ်မှမျက်ရည်စက်များ'။ ထို အယ်လ်ဘမ်၌ အသက် ၁၇ ကျော်၊ ၁၈ နှစ်အရွယ် အချိန်များက ရေးသားခဲ့သော သီချင်းများ ပါဝင်ခဲ့သည်။ အယ်လ်ဘမ် မထွက်မီက ပရိသတ်များ အကြား ပျံ့နှံ့ရောက်ရှိနေသည့် ထိုသီချင်းများက ထူးအိမ်သင်၏ သမိုင်း အစကို လှစေခဲ့သည်။ သီချင်းစာသားများ၏ အဓိပ္ပာယ် လေးနက်မှုနှင့် ကိုယ်ကျိုးမဖက်သော လူငယ်တစ်ဦး၏ ယုံကြည်ချက်နှင့် စိတ်ဓာတ်ကို တွေ့ရှိလိုက်ရခြင်းကြောင့် ဖြစ်ပါသည်။ ''နာရီပေါ်မှ မျက်ရည်စက်များ'' သီချင်းခွေသည် စတီရီယို ဂီတသမိုင်းတွင် အရေးကြီးသော မှတ်တိုင်တစ်ခု ဖြစ်ပါသည်။ အရေးကြီးသော ပထမ မှတ်တိုင်တစ်ခုမှ ၁၉၇၅ ခုနှစ်က ပေါ်ပေါက်ခဲ့သော စိုင်းခမ်းလိတ် ရေးသားပြီး စိုင်းထီးဆိုင် သီဆိုခဲ့သည့် ကိုယ်ပိုင်သံစဉ် သီချင်းများ ဖြစ်ပါသည်။ The Wild Ones တေးဂီတ အဖွဲ့၏ ကိုယ်ပိုင်သံစဉ် ခေတ်တစ်ခေတ်လို သက်ဝင် လှုပ်ရှားစေခဲ့သော အားထုတ်မှုကြီး အပြီး ဒုတိယမြောက် ပြောင်းလဲမှုကြီး တစ်ခုကို ထူးအိမ်သင်က စတင်လိုက်ပြန်သည်။ ကိုယ်ပိုင်သံစဉ် တေးသီချင်းတို့၏ ကိုယ်ရည်ကိုယ်သွေးကို နောက်တစ်ဆင့် မြင့်တက်စေခဲ့သည်။ ပုံသဏ္ဌာန် အပိုင်း၊ တင်ဆက်မှုအပိုင်း၊ ဒဿန အပိုင်း၊ ခံစားမှုရသပေးနိုင်ပုံ အထိ အစစ အရာရာ သိသိသာသာ ပြောင်းလဲသွားသည်။ နာရီပေါ်မှ မျက်ရည်စက်များ နောက်ပိုင်း ဆက်ထွက်လာသော မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အကြင်နာအိပ်မက် စသည့် သီချင်းခွေများဖြင့် ကိုယ်ပိုင်သံစဉ် လူငယ်ထု အပေါ် သြဇာ သက်ရောက်ခဲ့သည်မှာ အထင်အရှားပင် ဖြစ်သည်''ဟု တေးရေး မောင်သစ်မင်းက ထိုသို့ မှတ်ချက်ချခဲ့ဖူးသည်။ မွန်စစ်သူကြီး လဂွန်းအိမ်၏ အမည်မှ 'အိမ်' ကိုယူပြီး ထူးအိမ်သင် ဖြစ်လာသူ၊ ကျွန်တော်က ပ၀တ္တိသား၊ ဇာတိက ပုသိမ်လို့ ပြောတတ်သူ၊ မြို့မငြိမ်းလို ဖြစ်ချင်သူ၊ ရွှေဥဒေါင်းကို စွဲလန်းသူ၊ ကဗျာများကို ချစ်တတ်သူ၊ 'ထင်းရှုးပင်ရိပ်'ကို စွဲလန်းသူ၊ ထိုးမြဲလက်မှတ်တိုင်း၌ 'ချစ်ခြင်းအားဖြင့်'ဟု ရေးသားတတ်သူ၊ ဧရာဝတီကို ချစ်တတ်သူ။ ၂၀၀၄ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ အသက် ၄၂နှစ် အရွယ်မှာ ထူးအိမ်သင် ကွယ်လွန်ခဲ့သည်။ ယခုနှစ် သြဂုတ်လ ၁၄ ရက်။ ထူးအိမ်သင် ကွယ်လွန်ခဲ့သည်မှာ ခုနှစ်နှစ်ရှိခဲ့ပြီ ဖြစ်ပါသည်။ ထူးအိမ်သင်၏ စိတ်ဓာတ်၊ ခံယူချက်၊ ယုံကြည်ရာနှင့် သီချင်းများက ရှင်သန်နေဆဲ ဖြစ်ပါသည်။ |
Thursday, June 30, 2011
တစ်ခါက နိုင်ငံတော် အကြီးအကဲ ခေါင်းဆောင်သုံးဦးဟာ ရဟတ်ယာဉ်စီးပြီး နိုင်ငံအခြေအနေကို လှည့်လည်ခဲ့တယ်။
ပထမ အကြီးအကဲ " တကယ်လို့ အခုချိန်မှာ ငါသာ ငွေတစ်ထောင်တန်တစ်ရွက် ပစ်ချလိုက်ရင် ကောက်ရတဲ့လူက အရမ်းပျော်မှာပဲ"
ဒုတိယ အကြီးအကဲ " တကယ်လို့ ငါသာ ၅၀၀တန်နှစ်ရွက် ပစ်ချလိုက်ရင် လူနှစ်ယောက်ပျော်ရမယ်"
တတိယ အကြီးအကဲ "တကယ်လို့ ငါသာ ၁၀တန်ဆယ်ရွက် ပစ်ချလိုက်ရင် လူဆယ်ယောက် ပျော်ရမယ်"
သူတို့အချင်းချင်း ပြောနေတဲ့ စကားကိုကြားတော့ လေယာဉ်မှုးက အခုလို ပြောလိုက်သတဲ့...
"အကြီးအကဲတို့ သုံးဦးလုံးသာ ခုန်ချလိုက်ရင် နိုင်ငံမှာရှိတဲ့ လူတွေအားလုံး ပျော်ကြမှာပဲ" ဟူတည်း။
Friday, June 17, 2011
ပြည်တွင်းစစ်၏ အကျိုးဆက်သည် အစိုးရတွင်သာ တာဝန်ရှိ
အစိုးရသစ် သမ္မတ ဦးသိန်းစိန် ကျမ်းကျိန်တဲ့နေ့မှာ နိုင်ငံကို ပေါ်လစီမိန့်ခွန်းပြောသွားစဉ်က အမျိုးသားပြန်လည်ပေါင်းစည်းရေးကို ထည့်သွင်းပြောဆိုခဲ့ပေမယ့် ရှမ်းပြည်တပ်မတော်ကို ဒီနှစ် မတ်လ ၁၃ ရက်မှာ ထိုးစစ်ဆင်တိုက်ခိုက်သလို ကချင်လွတ်လပ်ရေးတပ်မတော်ကို အခုလ ၉ ရက်နေ့မှာ ထိုးစစ်ဆင်တိုက်ခိုက်လာတယ်လို့ ဆိုပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ အစိုးရသစ်က ပေါ်လစီကို နှုတ်က ချိုချိုသာသာ ပြောနေပေမယ့် လက်တွေ့မှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ မဖြေရှင်းဘဲ စစ်ရေးနည်းနဲ့ပဲ အကြမ်းဖက်ဖြေရှင်းမယ်ဆိုတာကို လက်တွေ့ပြသနေတာပဲလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
နိုင်ဟံသာ(မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှုး)ရဲ့စကား
နိုင်ဟံသာ(မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှုး)ရဲ့စကား
Wednesday, June 1, 2011
မင်းဇေယျာ (သို့မဟုတ်) ခွပ်ဒေါင်း လဂွန်းအိမ်
စာရေးဆရာ ချစ်ဦးညို၏ “နှင်းကေသရာ ချစ်တဲ့ သူရဲကောင်း” စာအုပ်ကို ဖတ်လိုက်ရ၏။ ဤတွင် နဂိုရှိရင်းစွဲ စိတ်နှင့် (စာရေးဆရာ၏ ဇာတ်လိုက်ကြီး) လဂွန်းအိမ် ကို ခိုက်သွားခဲ့သည်။ သို့သော် သေချာသည်မှာ ဇာတ်လိုက်ကျော် လဂွန်းအိမ် ကို “ရာဇဓိရာဇ် အရေးတော်ပုံကျမ်း” မှာကတည်းက ကျနော် သိနေကြိုက်နေခဲ့ပါပြီ။
မွန်သူရဲကောင်း “လဂွန်းအိမ်” ။
ကျနော် ထပ်တူပြုလျင် ရိုင်းနေမည်လား မသိ။ သို့သော် ခေတ်သစ် မွန်သူရဲကောင်း “လဂွန်အိမ်” တယောက်ကို ကျနော် သိခဲ့၊ ရင်းနှီးချစ်ခင် ခဲ့ရသည်။ စိတ်မကောင်းစရာမှာ ဥပဒေဟု (စစ်အစိုးရများမှ) ခေါ်ဆိုသတ်မှတ်သော နရ သိမ်အကျဉ်းထောင်ထဲတွင် ဖြစ်နေသည်။ ပြင်ပတွင်လည်း ကြုံဆုံခဲ့ဖူးပေးမယ့် အရမ်းရင်းရင်းနှီးနှီးကြီး မဖြစ်ခဲ့။ ပြိုင် ဖက်များဟုတောင် ပြော၍ ရသည်။ ထောင်ထဲကျမှ … သရက်အကျဉ်းထောင်ထဲကျမှ ..၊ ညီအကို ရဲဘော်ရဲဘက်၊ ရင် ဘတ်တူ၊ ကျောချင်ကပ် ဖြစ်ခဲ့ကြသည်။
ဇာတ်အစကိုလှန်ရလျင် ဗမာပြည်၏ ကမ္ဘာကျော် ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် ဖြစ်သည်။ အကြောင်းကြောင်း တွေကြောင့် “ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်” နှစ်ဖွဲ့ကွဲ၍ ဖွဲ့စည်းဖြစ်ခဲ့ကြသည်။ တခုက ဗကသများ အဖွဲ့ချုပ်၊ တခု က “မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ” ဖြစ်သည်။ ဗကသ တွင် ယနေ့ကာလ နာမည်ကြီး “ကိုမင်းကိုနိုင်” “ကိုမိုးသီးဇွန်” တို့ ဦးဆောင်ဖွဲ့စည်း လှုပ်ရှားခဲ့သလို၊ မကသ တွင် ကိုမင်းဇေယျာ၊ ကိုဌေးအောင် တို့ ခေါင်းဆောင်ဖွဲ့ စည်း လှုပ်ရှားခဲ့ကြသည်။ ထိုကာလ “စောမောင် စစ်အစိုးရ” ခေါင်းစားခဲ့ရသည့် ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းခေါင်း ဆောင်များ ဖြစ်သည်။
ပြောရလျင် ထိုခေတ် ထိုစဉ်က ကျနော်တို့ အခေါ် (ဗ နှင့် မ) လုံးဝမတည့်။ ရိုက်မောင်းပုတ်မောင်းတွေတောင် ဖြစ်ခဲ့ သည်။ ထားတော့ …
ဗကသ ဥက္ကဋ္ဌ မင်းကိုနိုင်၊ မကသ ဥက္ကဋ္ဌ မင်းဇေယျ၊ ဒီလို နာမည်ချင်းပါ ခပ်ဆင်ဆင် ပြိုင်ဖက်များ၊ အားပြိုင်မှုများ။ ၁၉၈၈ ကာလ စစ်အစိုးရ၏ ပြည်တွင်း “အထွေထွေ ဖိနှိပ်မှု” ဝင်ချိန်၊ ဗ ရော မ တွေပါ အဖမ်းဆီးခံရ၊ ထောင်တွေ (နှစ်ကြီး) ကျကုန်တယ်။ ဗိုလ်နေဝင်း စစ်အစိုးရခေတ်မှစ၍ ယနေ့ (သန်းရွှေ၊ မောင်အေး) စစ်အစိုးရများခေတ်တိုင် ဗမာပြည် နရသိမ်အကျဉ်းထောင်များသည်။ ပိုကောင်းဖို့မရှိ၊ ပိုဆိုးဖို့သာ ရှိသည်။ တထပ်တည်း တပုံစံတည်း။
သူတို့ကို ဆန့်ကျင် အံတု ပုန်ကန်သော လူငယ်ကျောင်းသား၊ နိုင်ငံရေးသမားများကို အစဉ်အဆက် ပက်ပက်စက်စက် ဖိနှိပ် ရက်စက် လည်မျိုနင်းခဲ့သည်ချည်း ဖြစ်သည်။ ဒါ ကျနော့် ကိုယ်တွေ့။ နရသိမ်တွေထဲမှာ ကြွေခဲ့ရသည့် ကြယ် ပေါင်းမနည်း။ ဤတွင် အပြင်၌ ကွဲခဲ့ကြသော ဗ များ၊ မ များ (လူငယ်ကျောင်းသားတွေချည်းပဲမို့) ရင်ချင်းအပ်၊ ကျော ချင်းကပ် ကြရပြီ။ ထောင်တွင်း စစ်ခွေးများဒဏ်ကို သွေးချင်းဆက်၍ ရင်ဆိုင်ရပ်ခံကြရသည်။ ဤတွင် ခေတ်သစ် မွန်သူရဲကောင်း “လဂွန်းအိမ်” ကိုဇေယျ (ကျနော့်အခေါ်) မင်းဇေယျ ကို သွေးသံအလိမ်းလိမ်းကြားထဲ ကျွမ်းဝင်ခဲ့ပါ သည်။
တကယ့် သွေးသံ ရဲရဲ။
၁၉၉၀ စက်တင်ဘာ ၁၈၊ (ကျနော်တို့ အခေါ် ဘလတ်ဒ် စက်တင်ဘာ) အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဉ်းသား လူငယ်ကျောင်းသားများ၏ ပုန်ကန်မှု၊ အစာငတ်ခံ ဆန္ဒပြပွဲတွင် ဖြစ်သည်။ ကျနော်အပါအဝင်၊ ကိုမင်းဇေယျ အပါအ ဝင် လူ ၂၀ ဦး သရက်ထောင်သို့ အပြောင်းခံရသည်။ သူသည် မွန်လူမျိုးတဦး ဖြစ်သလို၊ ကျနော် တင်စားထားသလို သူရဲကောင်း လဂွန်းအိမ် တယောက်ဖြစ်သည်။
ပြီးခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးတွင် စစ်အစိုးရ၏ ၆၅ နှစ် ထောင်ချမှုကို (ဒုတိယအကြိမ်) ခံစားနေရဆဲ ဖြစ် သည်။ ကိုယ်ပိုင်မိသားစုလေး ရှိနေပြီ ဖြစ်သည်။ သူ့ဇနီး (ကျောင်းဆရာမ) အတွက် ကျနော်တွေး၍ စိတ်မကောင်းဆဲ။ သို့သော် သေချာသည်မှာ သူသည် ကျောင်းသားခေါင်းဆောင် ခွပ်ဒေါင်းတကောင် ဖြစ်သလို မွန်တို့၏ ရာဇဝင် သူရဲ ကောင်း “လဂွန်းအိမ်သစ်” ဖြစ်သဖြင့် ဘယ်တော့မှ ဒူးထောက်ခေါင်းငုံ့ သွေးကြောင်နေမယ့်သူ မဖြစ်နိုင်။ ကျနော် (တဦးချင်းအရ) လုံးဝ ယုံကြည်လေးစားနေမည် ဖြစ်ပေသည်။
ကိုဆက်(နေ့သစ်ဆောင်းပါး၀၁၀၆၁၁)
ရာတနာ(သို့မဟုတ်)မင်းဇေယျာ
ပြည်သူတို့ရဲ့
အဖိုးတန်ရာတနာ
ရွှေသိုက်ကြားက..။
တပွင့်သောပတ္တမြား
ထည်ဝါတောက်ပ
နီရဲနေဆဲ။ ။
သာထွန်းမွန်(ကောင်းဝါကဗျာ၂၅၀၅၀၈)
Subscribe to:
Posts (Atom)
