Showing posts with label Published on June 16. Show all posts
Showing posts with label Published on June 16. Show all posts

Friday, June 17, 2011

ပြည်တွင်းစစ်၏ အကျိုးဆက်သည် အစိုးရတွင်သာ တာဝန်ရှိ

အစိုး​ရသစ် သမ္မတ ဦး​သိန်း​စိန် ကျမ်း​ကျိန်တဲ့​နေ့​မှာ နိုင်ငံကို ​ပေါ်လစီမိန့်​ခွန်း​ပြောသွား​စဉ်က အမျိုး​သား​ပြန်လည်​ပေါင်း​စည်း​ရေး​ကို ထည့်​သွင်း​ပြောဆိုခဲ့​ပေမယ့်​ ရှမ်း​ပြည်တပ်မ​တော်ကို ဒီနှစ် မတ်လ ၁၃ ရက်မှာ ထိုး​စစ်ဆင်တိုက်ခိုက်သလို ကချင်လွတ်လပ်​ရေး​တပ်မ​တော်ကို အခုလ ၉ ရက်​နေ့​မှာ ထိုး​စစ်ဆင်တိုက်ခိုက်လာတယ်လို့​ ဆိုပါတယ်။
ဒီလုပ်​ဆောင်ချက်ဟာ အစိုး​ရသစ်က ​ပေါ်လစီကို နှုတ်က ချိုချိုသာသာ ​ပြော​နေ​ပေမယ့်​ လက်​တွေ့​မှာ နိုင်ငံ​ရေး​ပြဿနာကို နိုင်ငံ​ရေး​နည်း​အရ မ​ဖြေရှင်း​ဘဲ စစ်​ရေး​နည်း​နဲ့​ပဲ အကြမ်း​ဖက်​ဖြေရှင်း​မယ်ဆိုတာကို လက်​တွေ့​ပြသ​နေတာပဲလို့​ ​ကြေညာချက်မှာ ​ဖော်ပြပါတယ်။

နိုင်ဟံသာ(မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှုး)ရဲ့စကား