Friday, June 17, 2011

ပြည်တွင်းစစ်၏ အကျိုးဆက်သည် အစိုးရတွင်သာ တာဝန်ရှိ

အစိုး​ရသစ် သမ္မတ ဦး​သိန်း​စိန် ကျမ်း​ကျိန်တဲ့​နေ့​မှာ နိုင်ငံကို ​ပေါ်လစီမိန့်​ခွန်း​ပြောသွား​စဉ်က အမျိုး​သား​ပြန်လည်​ပေါင်း​စည်း​ရေး​ကို ထည့်​သွင်း​ပြောဆိုခဲ့​ပေမယ့်​ ရှမ်း​ပြည်တပ်မ​တော်ကို ဒီနှစ် မတ်လ ၁၃ ရက်မှာ ထိုး​စစ်ဆင်တိုက်ခိုက်သလို ကချင်လွတ်လပ်​ရေး​တပ်မ​တော်ကို အခုလ ၉ ရက်​နေ့​မှာ ထိုး​စစ်ဆင်တိုက်ခိုက်လာတယ်လို့​ ဆိုပါတယ်။
ဒီလုပ်​ဆောင်ချက်ဟာ အစိုး​ရသစ်က ​ပေါ်လစီကို နှုတ်က ချိုချိုသာသာ ​ပြော​နေ​ပေမယ့်​ လက်​တွေ့​မှာ နိုင်ငံ​ရေး​ပြဿနာကို နိုင်ငံ​ရေး​နည်း​အရ မ​ဖြေရှင်း​ဘဲ စစ်​ရေး​နည်း​နဲ့​ပဲ အကြမ်း​ဖက်​ဖြေရှင်း​မယ်ဆိုတာကို လက်​တွေ့​ပြသ​နေတာပဲလို့​ ​ကြေညာချက်မှာ ​ဖော်ပြပါတယ်။

နိုင်ဟံသာ(မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှုး)ရဲ့စကား