Monday, April 9, 2012

လှရုံသာ


အစတုန်းကတော့…
တာဝတိံသာနတ်ပြည်က
နတ်သမီးလေးတွေ
အလှဆုံးလို့ ငါထင်ထားခဲ့မိတယ်....၊

ဒီလိုနဲ့
ချစ်သမီးလေးရဲ့…အပါး..ခေါ်သံနဲ့အတူ
သူ့ရဲ့အပြုံးကိုတွေ့လိုက်ရမှ
သူတို့လေးတွေတဆင့်ကျလို့
လှရုံသာ….။

အစတုန်းကတော့…
ကြည်လင်ပြာပြာ ကန်ရေပြင်နဲ့
မြက်ခင်းစိမ်းစိမ်းပေါ်က
ရောင်စုံနှင်းဆီလေးတွေ
အလှဆုံးလို့ ငါထင်ထားခဲ့မိတယ်...၊

ဒီလိုနဲ့
ချစ်သမီးလေးရဲ့…အပြုံးနဲ့အတူထပ်တူပါလာတဲ့
နှစ်ဖက်ပါးပြင်ထက်ပေါ်က
ခရေပွင့်ပါးချိုင့်လေးကိုတွေ့လိုက်ရမှ
သူတို့လေးတွေတဆင့်ကျလို့
လှရုံသာ….။

(ရှင်းလင်းချက် အပါး=အဖေ)
သာထွန်းမွန်