Friday, March 14, 2014

Federalsim

   ဖက်ဒရယ်ဝါဒ
                     ဖက်ဒရယ်ဝါဒကို အစိုးရဖွဲ့စည်းမှုပုံစံတရပ်အဖြစ်အသုံးပြုကြသည်။   ဖက်ဒရယ်ဝါဒ၌ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သီးခြားစီရှိကြသော နိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းများအကြား    အာဏာများနှင့်တာဝန်များခွဲဝေယူခြင်းကို သတ်မှတ်သည်။ဖက်ဒရယ်စနစ်အောက်၌ အာဏာပိုင်အဖွဲ့အစည်းအသီးသီးတွင် အချုပ်အခြာအာဏာနှင့် တာဝန်ခွဲဝေခြင်းများ ရှိပြီး၊ အခြားသောအခြားသောအာဏာပိုင်အဖွဲ့အစည်းများမှ ၀င်ရောက်စွက်ဖက်ပိုင်ခွင့်မရှိပေ။

                     နိုင်ငံတခုတွင်အမျိုးသားလူမျိုးများ စုပေါင်းနေထိုင်ခြင်းကြောင့် ၄င်းတို့၏မွေးရာပါအခွင့်အရေးများနှင့်  ရသင့်ရထိုက်သော    အခွင့်ရေးများကို      ဖော်ဆောင်ခွင့်ပေးရန်အတွက်ဖြစ်စေ၊     အဖွဲ့ဝင်များ၏အကျိုးစီးပွားကို အမှန်တကယ်   ဖော်ဆောင်နိုင်ရန်စနစ်တကျ      အာဏာခွဲဝေအုပ်ချုပ်သော အဖွဲ့ဝင်များဖြင့်  စုပေါင်းဖွဲ့စည်းထားသည့် နိုင်ငံတော်တည်ဆောက်
ရေးအတွက်ဖြစ်စေ၊ ရည်ရွယ်ချက်နှစ်မျိုးစလုံးအတွက်ဖြစ်စေ ဖက်ဒရယ် နိုင်ငံတော်ကို ဖွဲ့စည်းကြသည်။

                      ထိုကြောင့် ဖက်ဒရယ်နိုင်ငံဆိုသည်မှာ ကွဲပြားခြားနားစွာတည်ရှိနေသော ပထ၀ီအနေအထား၊ ယဉ်ကျေးမှုဓလေ့ထုံး
စံ၊ ဘာသာစကား၊ စာပေ၊ သမိုင်းကြောင်းစသည့် အမျိုးသားရေးလက္ခဏာများအရ ကွဲပြားခြားနားစွာတည်ရှိနေသော လူမျိုးများ၏
နယ်မြေဒေသများကို ပစ္စုပ္ပန်အခြေအနေပေါ်မူတည်၍ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအဖြစ် သတ်မှတ်၍ ၄င်းတို့အားလုံးတူညီသည့်
အကျိုးစီးပွားအတွက်စုစည်းကာ စနစ်တကျဖွဲ့စည်းထားသည့် နိုင်ငံတော်၏ ဖွဲ့စည်းမှုပုံစံတရပ်ဖြစ်သည်။

                    ဖက်ဒရယ်နိုင်ငံတော်တွင် နိုင်ငံတော်၏ အာဏာကြီး(၃)ရပ်ဖြစ်သော ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့်
တရားစီရင်ရေးအာဏာများကို ပြည်ထောင်စုအဖွဲ့ဝင်များ၏ အကျိုးစီးပွားအတွက်လည်းကောင်း၊ ပြည်ထောင်စုကြီး၏ အကျိုးစီးပွား
အတွက်လည်းကောင်း၊ ဖက်ဒရယ်အစိုးရနှင့် အဖွဲ့ဝင်ပြည်နယ်အစိုးရအကြား ကြိုတင်သဘောတူသတ်မှတ်ချက်ဖြင့် ခွဲဝေကျင့်သုံး
အုပ်ချုပ်သောစနစ်ဖြစ်သည်။ ။


                          Dictionary of politics စာအုပ်မှကောက်နှုတ်တင်ပြသည်။