Wednesday, October 31, 2012

ကောင်းကင်ကို တံတွေးထွေးနေကြသူများ


အမေ

အတွေးလေးရ ကဗျာရေးမယ်ကြံကာမှ

အမေ့မြေးလေးရဲ့ ဖြူစင်မှုနှလုံးသားကို

အစိမ်းရောင်ဆေး ရင့်ရင့်  ခြယ်သလိုသူအရိုင်းအစိုင်းများတွေကြောင့်

သားရဲ့နှလုံးသားတွေ ကာရန်မဲ့ခဲ့ရတာ

ကြာခဲ့ပြီပေါ့။

ဒါပေမဲ့…အမေရယ်

မြစ်မှန်ရင် မြင့်ရာမှ နိမ့်ရာသို့

စီးဆင်းကြရစမြဲပဲမို့

ကာရန်တွေနဲ့ ပြီးပြည့်စုံတဲ့

ကဗျာလေးတပုဒ်အတွက်တော့

အမေ့သားလေးကျနော်အရိုင်းအစိုင်းဟာ

မိသားစုအဖိုးတန်ချိန်တွေကို ဥပေဏ္ခာပြုပြီး

 ဆက်၍ကြိုးစားနေအုံးမည်။ ။