ဆောင်းနှင်းတွေနဲ့အတူတူ မကြာမီကျရောက်တော့မည့် မွန်အမျိုးသားနေ့
ဖင်လန်နိုင်ငံရောက် မွန်အမျိုးသားများသည် သက္ကရာဇ်(2012) ဖေဖေါ်ဝါရီလ (8) ရက်နေ့၊ မွန်ပြက္ခဒိန်အားဖြင့် တပို့တွဲလပြည့်ကျော် (၁)ရက်နေ့တွင်ကျရောက်မည့်( ၆၅)ကြိမ်မြောက် မွန်အမျိုးသားနေ့အား အခြေအနေ၊ အချိန်အခါ၊ အကြောင်းအမျိုးမျိုးကြောင့် နှစ်ရက်နောက်ကျပြီးမှ သက္ကရာဇ်(2012) ဖေဖေါ်ဝါရီလ(11) ရက်စနေနေ့ တွင် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိစည်စည်ကားကား အဆင်ပြေချောမွေ့စွာကျင်းပနိုင်ရန်
ဥက္ကဋ္ဌ နိုင်ယုမွန်
အတွင်းရေးမှူး Helsinki မှရွေးချယ်ရန်
အခမ်းနားမှူး မင်းမျိုးမင်း ၊
အခမ်းအနားပြင်ဆင်ရေး နိုင်ယုမွန်၊ နိုင်တလနွန်၊ သာထွန်းမွန်
အခမ်းအနားဖြစ်မြောက်ရေးအစီအစဉ် နိုင်တလပွန်၊ နိုင်ထောဦးလ၀ီမာန်
ဘဏ္ဍာ မင်းဝင်းမောင်(စာရင်းကိုင်)၊နိုင်နိယမမွန်(ငွေထိန်း)
ယဉ်ကျေးမှု နိုင်ထောဦးလ၀ီမာန်(စက်ပိုင်းဆိုင်ရာ)၊မိချို(အက)
ကြိုဆိုဧည့်ခံရေး ကိုနိုင်
အစားအသောက်နှင့်အချက်အပြုတ် နိုင်ဗီထော၊ နိုင်နိယမမွန်
ဆက်ဆံရေးနှင့်မီဒီယာ
Ø ဖိတ်စာ မင်းမဟာမွန်
Ø သတင်း သာထွန်းမွန်
Ø ကမ်မရာ၊ဗီဒီယို နိုင်တလပွန်၊ နိုင်တလနွန်
အစရှိသည့် အထက်ပါဖင်လန်နိုင်ငံရောက် မွန်အမျိုးသားများဖြင့်(၆၅)ကြိမ်မြောက်မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီကိုဖွဲ့စည်းနိုင်ခဲ့ပါသည်။
(၆၅) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းနားအား ဖင်လန်နိုင်ငံအလယ်ပိုင်းမြို့တော်ရူပါစကူးလား(Jyväskylä) မြို့၌ကျင်းပမည်ဖြစ်ရာ အခမ်းနားသို့ ဖင်လန်နိုင်ငံဒေသအသီးသီးက မွန်မျိုးချစ်လူငယ်၊ လူရွယ်၊ လူကြီးများ၊ မွန်ကလေးငယ်များ၊ ဖိတ်ကြားထားသော ဖင်လန်နိုင်ငံရောက်မြန်မာတိုင်းရင်းသားများအပါအ၀င် မွန်အမျိုးသားနေ့ အားစိတ်ပါဝင်စားမည့် ဒေသခံဖင်လန်လူမျိုးများတက်ရောက်ကြမည်ဖြစ်ပါသည်။
တပို့တွဲလပြည့်ကျော်(၁)ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ်သတ်မှတ်ခဲ့ရသည့် အကြောင်းရင်းကား သာသနာသက္က ရာဇ် ၁၁၁၆ခုနှစ်၊ တပို့တွဲလပြည့်ကျော်(၁)ရက်နေ့တွင် သမလ၊ ၀ိမလ မွန်မင်းညီနောင်နှစ်ပါးတို့သည် ဟံသာနေပြည်တော်ခေါ် ပဲခူးမြို့ကို စတင်တည်ထောင်၍ ထီးနန်းကိုအုပ်ချုပ်ခဲ့သောနေ့ ပင်ဖြစ်သည်။
ယင်းသမိုင်းအကြောင်းကို အထောက်အထားပြု၍ တပို့တွဲလပြည့်ကျော်(၁)ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် စတင်သတ်မှတ်ကျင်းပလာခဲ့ကြရာ ယခုတိုင်(၆၅)ကြိမ်မြောက်ရောက်ခဲ့လေပြီ။ ဖင်လန်နိုင်ငံ၌မူမွန်အမျိုးသားနေ့အားနှစ်စဉ်ကျင်းပလာခဲ့ရာ ယခုဆိုရင်(၁၂)ကြိမ်မြောက်ပြည့်တော့မည်။